Connect with us

China

တရုတ်နိုင်ငံက ဘရာဇီး၊ အာဂျင်တီးနား၊ ချီလီ၊ ပီရူး၊ ဥရုဂွေးနိုင်ငံမှ သာမန်နိုင်ငံကူးလက်မှတ် ကိုင်ဆောင်သူများအပေါ် ဗီဇာကင်းလွတ်ခွင့်မူဝါဒ စမ်းသပ်ကျင့်သုံးမည်

တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် လျင်ကျန့်အား မေ ၁၄ ရက် ပုံမှန်သတင်းစာရှင်းလင်းပွဲတွင် တွေ့ရစဉ် (ဓာတ်ပုံ - တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန)

ပေကျင်း၊ မေ ၁၅ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ ပြည်တွင်းပြည်ပ လူပုဂ္ဂိုလ်များ သွားလာမှု အဆင်ပြေစေရန်အလို့ငှာ တရုတ်နိုင်ငံအနေဖြင့် ဗီဇာကင်းလွတ်ခွင့်ပေးသည့် နိုင်ငံအတိုင်းအတာကို တိုးချဲ့ရန် ဆုံးဖြတ်လိုက်ကြောင်း၊ ၂၀၂၅ ခုနှစ် ဇွန် ၁ ရက်မှစ၍ ၂၀၂၆ ခုနှစ် မေ ၃၁ ရက်အထိ ဘရာဇီး၊ အာဂျင်တီးနား၊ ချီလီ၊ ပီရူး၊ ဥရုဂွေးနိုင်ငံမှ သာမန်နိုင်ငံကူးလက်မှတ် ကိုင်ဆောင်သူများအပေါ် ဗီဇာကင်းလွတ်ခွင့်မူဝါဒ စမ်းသပ်ကျင့်သုံးမည်ဖြစ်ကြောင်း တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် လျင်ကျန့်က မေ ၁၅ ရက် ပုံမှန်သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

အထက်ပါ ၅ နိုင်ငံမှ သာမန်နိုင်ငံကူးလက်မှတ်ကိုင်ဆောင်သူများ တရုတ်နိုင်ငံသို့လာရောက်၍ စီးပွားရေးလုပ်ငန်း လုပ်ကိုင်ခြင်း၊ ခရီးသွားလည်ပတ်ခြင်း၊ ဆွေမျိုးမိတ်ဆွေများနှင့် လာရောက်တွေ့ဆုံခြင်း၊ ကူးလူးဖလှယ်မှု ခရီးစဉ်လာရောက်ခြင်း၊ ပြည်ဝင်ဖြတ်သန်းမှု ရက် ၃၀ ထက် မကျော်ပါက ဗီဇာကင်းလွတ်ခွင့်ဖြင့် ပြည်ဝင်နိုင်ကြောင်း လျင်ကျန့်က မိတ်ဆက်ပြောကြားခဲ့သည်။
တရုတ်နိုင်ငံအနေဖြင့် ပြည်ပသို့ အဆင့်မြင့်တံခါးဖွင့်မှုကို လက်ကိုင်ထားပြီး ပိုမိုများပြားသော အစီအမံများ မိတ်ဆက်ပေးကာ တရုတ်နိုင်ငံ ပြည်တွင်းပြည်ပ လူပုဂ္ဂိုလ်များ သွားလာမှု ပိုမိုအဆင်ပြေချောမွေ့စေမှု အဆင့်အား အဆက်မပြတ် မြှင့်တင်သွားမည်ဖြစ်ကြောင်း ၎င်းကပြောကြားခဲ့သည်။

“ပိုမိုများပြားတဲ့ နိုင်ငံခြားမိတ်ဆွေတွေက တရုတ်နိုင်ငံကို လာရောက်ရာမှာ ဗီဇာကင်းလွတ်ခွင့်ပေးတာနဲ့ ဗီဇာအဆင်ပြေစေရေး မူဝါဒတွေကို ကောင်းမွန်စွာအသုံးပြုပြီး တရုတ်နိုင်ငံကို ပိုမိုလာရောက်လည်ပတ် ကြည့်ရှုဖို့၊ အရောင်အသွေးစုံလင်တဲ့ အားမာန်အပြည့်တက်ကြွလှတဲ့ တရုတ်နိုင်ငံကို ခံစားကြဖို့ ကျွန်တော်တို့ ကြိုဆိုပါတယ်” ဟု လျန်ကျန့်က ပြောကြားခဲ့သည်။ (Xinhua)

————————————————————————————–
(Chinese Version)
中方将对巴西、阿根廷、智利、秘鲁、乌拉圭持普通护照人员试行免签政策
新华社北京5月15日电(记者许可、董雪)外交部发言人林剑15日在例行记者会上说,为进一步便利中外人员往来,中方决定扩大免签国家范围,自2025年6月1日起至2026年5月31日,对巴西、阿根廷、智利、秘鲁、乌拉圭持普通护照人员试行免签政策。
林剑介绍,上述5国持普通护照人员来华经商、旅游观光、探亲访友、交流访问、过境不超过30天,可免办签证入境。中方将坚持高水平对外开放,出台更多措施,不断提升中外人员往来便利化水平。
“我们也欢迎更多外国朋友用好来华免签和签证便利化政策,多到中国走一走、看一看,体验多彩绚烂、热情活力的中国。”林剑说。(完)