Connect with us

China

ဆီးနှင်းများဖုံးလွှမ်းသည့်ဒေသတွင် ၅၃ နှစ်ကြာ ပန်းချီဆွဲခဲ့သော ကျန်းရင်းနှင့် ၎င်း၏ ပန်းချီကားထဲက ရှီးဇန့်အလှ

ကျန်းရင်း၏ ကိုယ်စားပြုလက်ရာတစ်ခုဖြစ်သည့် “တောင်တန်းပေါ်က ကလေးများ” ပန်းချီကားအား တွေ့ရစဉ် (အပေါ်ပုံ)၊ ၂၀၁၅ ခုနှစ်တွင် လားဆရှိ ပန်းချီစတူဒီယိုတွင် “တောင်တန်းပေါ်က ကလေးများ” ပန်ချီးကို ဖန်တီးနေသော ကျန်းရင်းအား တွေ့ရစဉ် (အောက်ပုံ) ” (ဓာတ်ပုံ-အင်တာဗျူးဖြေဆိုသူပေးပို့)

လားဆ၊ မေ ၁၅ ရက် (ဆင်ဟွာ)
ရှီးဇန့်၌ ပန်းချီဆရာ ကျန်းရင်း နေထိုင်လာသည်မှာ ၅၃ နှစ်ကြာ ရှိခဲ့ပြီဖြစ်သည်။ ၎င်းသည် ဇာတ်စင်ဒီဇိုင်းဖန်တီးခြင်း၊ ရိုးရာဓာတ်ပုံရိုက်ကူးခြင်း၊ ပစ္စည်းစုဆောင်းသုတေသနပြုခြင်း၊ ပန်းချီအနုပညာအယ်ဒီတာ၊ မဂ္ဂဇင်းအယ်ဒီတာချုပ်စသည့် အလုပ်မျိုးစုံလုပ်ဖူးခဲ့သော်လည်း ၎င်းအတွက် ဂုဏ်ယူစရာအကောင်းဆုံးမှာ မိမိ၏ စုတ်တံဖြင့် ဆီးနှင်းများဖုံးလွှမ်းနေသည့် တောင်တန်းများ၏ အလှကို ဖော်ကျူးရေးဆွဲပြီး ခေတ်ကာလ အပြောင်းအလဲများကြားတွင် ရှီးဇန့်လူမျိုးတို့၏ အရိုးသားဆုံး၊ စစ်မှန်သော မူရင်း အလှတရားတွေကို မှတ်တမ်းတင်ခြင်းပင်ဖြစ်သည်။

၁၉၇၂ ခုနှစ်တွင် အသက် ၂၂ နှစ်အရွယ် ဆန်ရှီးပြည်နယ်က ကျန်းရင်းသည် ကဇာတ်အဖွဲ့၏ ဇာတ်စင်အလှဆင်ဆရာအဖြစ် မရောက်ဖူးသော ရှီးဇန့်သို့ လာရောက် အလုပ်လုပ်ကိုင်ခဲ့သည်။ အစပိုင်းတွင် ၎င်းသည် စက်ဘီးစီး၍ ပန်းချီသေတ္တာဆွဲလျက် လားဆမြို့၏ လမ်းမလမ်းသွယ်များကြား၊ မြို့ပြင်ရှိ လယ်ကွင်းများအထိ နေ့တိုင်းလှည့်လည်သွားရောက်ခဲ့သည်။ နောက်ပိုင်းတွင် ၎င်းသည် ကြုံရာကားစီး၍ ကီလိုမီတာရာချီဝေးသော ကျေးလက်၊ မြက်ခင်းများ၊ မြင့်မားသည့်တောင်တန်း၊ သစ်ပင်ထူထပ်သည့်တောများသို့ သွားရောက်ခဲ့သည်။ ထို့နောက်ပိုင်း အချိန်ကာလများတွင် ၎င်းသည် ရှီးဇန့်ကုန်းပြင်မြင့်ရှိ တောတောင်ရေမြေ နေရာအစုံသွားရောက်ခဲ့ပြီး ရှုခင်းများ၊ လူများအား ပန်းချီးရေးဆွဲခဲ့သလို ရှီးဇန့်၏ သဘာဝအလှတရားနှင့် ယဉ်ကျေးမှုအလှအပများကို ကိုယ်တိုင်တွေ့ကြုံခံစားရမှုများအား သရုပ်ဖော် ပန်းချီရေးဆွဲခဲ့သည်။

“အဲ့ဒီအချိန်တုန်းက ရှီးဇန့်ရဲ့ သွားလာရေးက တော်တော် အဆင်မပြေဘူး။ ကျောက်စရစ်လမ်းတွေက ချိုင့်ခွက်တွေနဲ့ ညီညာမှုမရှိဘူး၊ ကီလိုမီတာ နှစ်ရာ သုံးရာလောက်ရှိတဲ့ ခရီးအကွာအဝေးကို ပစ္စည်းတင်တဲ့ ထရပ်ကားနဲ့ သွားရင်တောင် တစ်ရက်နှစ်ရက်လောက် သွားရတယ်။ နေစရာနေရာမရှိရင် ပြည်သူ့လွတ်မြောက်ရေးတပ်မတော် တပ်စခန်း ဒါမှမဟုတ် ရွာသားတွေရဲ့ အိမ်မှာ ခဏတည်းခိုရတယ်” လို့ ကျန်းရင်းက ပြောပြခဲ့သည်။

ဤကဲ့သို့ ပန်းချီဆွဲလာသည်မှာ ရာစုနှစ်တစ်ဝက် ကြာခဲ့ပြီဖြစ်သည်။ ၂၀၁၃ ခုနှစ် ပင်စင်ယူပြီးနောက်တွင်ပင် ကျန်းရင်းက နှစ်စဉ်တွင် နှစ်တစ်ဝက်ခန့်ကို ရှီးဇန့်ဒေသသို့ ပြန်သွား၍ ပန်းချီရေးဆွဲသေးပေသည်။

“ကျွန်တော့်ရဲ့ ပန်းချီတွေက ကျွန်တော့်နှလုံးသားထဲက ရှီးဇန့်ပါ၊ သဘာဝတရားအတွက်ရော၊ လူတွေရဲ့ နေထိုင်မှုဘဝအတွက်ရော ချစ်မြတ်နိုးမှုအပြည့်ရှိတဲ့ လှပတဲ့ နေရာတစ်ခုဖြစ်တယ်။ ရှီးဇန့်မှာနေလာခဲ့တဲ့ နှစ် ၅၀ ကျော်ကာလမှာ ကျွန်တော့်ရဲ့ စွမ်းအင်တွေနဲ့ စိတ်ကူးစိတ်သန်းအားလုံးကို ဒီမြေကြီးထဲမှာ ပေါင်းစည်းခဲ့တယ်” ဟု ၎င်းက ပြောပြခဲ့သည်။

ရှီးဇန့်အလှတရားက ကျန်းရင်း၏ ပန်းချီအဓိကရေးဆွဲမှုဖြစ်သည်။ ၎င်း၏ ပန်းချီများတွင် ဆီးနှင်းများဖုံးလွှမ်းသောတောင်များနှင့် တိမ်ဖြူဖြူကောင်းကင်ပြာကြီးအောက်က ညိုဝါရောင် လျှိုမြောင်ကြီးများ၊ တောင်ခြေရင်းရှိ မြေကြီးများဖြင့် မံ၍တည်ဆောက်ထားသည့် ဖြူစင်သော နေအိမ်များ၊ ကောင်းကင်နှင့်မြေပြင်ကြားတွင် သက်တန့်သဖွယ် ရောင်သွေးစုံလင်သော ရှီးဇန့်အလံတန်းများ ပါဝင်သည်။ သို့သော် အများဆုံးတွေ့ရသည်မှာ ဤမြေကြီးပေါ်က ဖြူစင်ရိုးသားသော လူများဖြစ်သည်။ ၎င်းတို့၏ ပြုံးရယ်သောမျက်နှာနှင့် မျက်နှာ အရေးအကြောင်းများ၊ ပျော်ရွှင်မှုနှင့် ဝမ်းနည်းမှု၊ တည်ငြိမ်မှုနှင့် စိတ်အားထက်သန်မှု၊ အပြစ်ကင်းစင်မှုနှင့် ဘဝ၏ ကြမ်းတမ်းမှု အားလုံးကို ကျန်းရင်းက မြတ်နိုးလှသည့် စုတ်တံနှင့် မှတ်တမ်းတင်ခဲ့ရာ ထိုတဒင်္ဂအခိုက်အတန့်များက ထာဝရအဖြစ် တည်မြဲစေခဲ့သည်။ (Xinhua)

၁၉၈၃ ခုနှစ် နီမုခရိုင်တွင် ပုံတူပန်းချီဆွဲနေသော ကျန်းရင်းအား တွေ့ရစဉ် (အပေါ်ပုံ) (ဓာတ်ပုံ-အင်တာဗျူးဖြေဆိုသူပေးပို့)၊ ရှီးဇန့်ပန်းချီပြခန်းရှိ ကျန်းရင်း ကိုယ်တိုင် ရေးဆွဲထားသော “ခဲပန်းချီနံရံ” အရှေ့တွင် ကျန်းရင်းအား မေ ၁၃ ရက်က တွေ့ရစဉ် (အောက်ပုံ) (ဆင်ဟွာ)

……………….
(Chinese Version)
图片故事|五十三载绘雪域:张鹰和他画笔下的西藏之美
新华社照片,拉萨,2025年5月15日
画家张鹰已经在西藏呆了53个年头。他做过舞台设计、民俗摄影、收藏研究、美术编辑、杂志主编等多种工作,但是最让他感到自豪的,还是自己用画笔描摹出雪域高原的美,记录下时代变迁中西藏最质朴、最本真的神韵。
1972年,时年22岁的陕西人张鹰作为剧团的舞台美工来到陌生的西藏工作。起初,他每天骑着自行车,拖着画箱,在拉萨的大街小巷、市郊田园穿梭。后来,他开始搭乘便车,前往数百公里外的乡村草原、高山密林写生。在之后的岁月里,他走遍高原的山山水水,画风景画人物,画自己对西藏风光和文化之美的感受和体验……
“那时,西藏交通极为不便,砂石路坑洼不平,两三百公里的路程,搭乘运货的卡车,往往得走上一两天。没有地方住,就借宿在解放军驻地或村民家。”张鹰说。
这一画,就是半个多世纪。甚至在2013年退休之后,张鹰仍然坚持每年有半年回到西藏作画。他说:“我的画就是我心中的西藏,是一个对大自然、对生活都充满爱的美丽的地方。在西藏50多年,我用全部的精力和心思融入这块土地。”
西藏之美是张鹰画作的母题。他的画中有雪山白云蓝天下褐黄色的深壑大地,有山脚下洁白的土屋民居,有天地间如道道彩虹般的五彩经幡……但是最多被表现的,还是这片土地上纯真质朴的人们。他们的笑脸和皱纹、欢乐与悲伤、平静和炽烈、纯真与沧桑,都被张鹰用饱含热爱的笔触记录下来,由瞬间凝结为永恒。
图说1:这是一张拼版照片,上图为:张鹰的代表作之一《大山里的孩子》(受访者供图);下图为:2015年,张鹰在拉萨的画室创作《大山里的孩子》(受访者供图)。 新华社发
图说2:这是一张拼版照片,上图为:1983年冬,张鹰在尼木县写生(受访者供图);下图为:张鹰在西藏美术馆自己画展上的“素描墙”前(新华社记者姜帆摄5月13日摄)。