North America
တရုတ်မှ အမေရိကန်သို့ ပင်လယ်ရေကြောင်း ကုန်စည်ပို့ဆောင်မှု အော်ဒါများ အရှိန်အဟုန်မြင့် တိုးတက်လာကြောင်း အမေရိကန် ရေကြောင်းသယ်ယူပို့ဆောင်မှုလုပ်ငန်းမှ ပုဂ္ဂိုလ်တစ်ဦး ပြောကြား

လော့စ်အိန်ဂျလိစ်၊ မေ ၁၆ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံမှ အမေရိကန်နိုင်ငံသို့ ပို့ဆောင်သော ကွန်တိန်နာ ပင်လယ်ရေကြောင်း ကုန်စည်ပို့ဆောင်မှု နေ့စဉ်ပျမ်းမျှ ကြိုတင်မှာယူမှုပမာဏသည် လွန်ခဲ့သော သီတင်းပတ်ကထက် သုံးဆနီးပါး တိုးလာခဲ့ကြောင်း အမေရိကန် ရေကြောင်းသယ်ယူပို့ဆောင်မှုလုပ်ငန်းမှ ပုဂ္ဂိုလ်တစ်ဦးက မေ ၁၄ ရက်တွင် ထုတ်ဖော်ပြသခဲ့သော နောက်ဆုံးရ အချက်အလက်များ၌ ဖော်ပြထားသည်။
တရုတ်နိုင်ငံမှ အမေရိကန်နိုင်ငံသို့ ပို့ဆောင်သော ကွန်တင်နာကြိုတင်မှာယူမှုပမာဏသည် မေ ၅ ရက်အထိ သီတင်းပတ်တစ်ပတ်အတွင်း နေ့စဉ်ပျမ်းမျှ ၅,၇၁၉ TEU ရှိပြီး မေ ၁၄ ရက်အထိ သီတင်းပတ်တစ်ပတ်အတွင်း နေ့စဉ်ပျမ်းမျှ ၂၁,၅၃၀ TEU အထိ တိုးလာရာ မြင့်တက်မှုမှာ ၂၇၇ ရာခိုင်နှုန်းရှိကြောင်း အမေရိကန် ထောက်ပံ့ရေးကွင်းဆက် ဒေတာပံ့ပိုးရေး Vixen ကုမ္ပဏီက လည်ပတ်နေသော ကမ္ဘာလုံးဆိုင်ရာ ပင်လယ်ရေကြောင်း ကုန်စည်ပို့ဆောင်မှု အော်ဒါများ စောင့်ကြည့်ရေးစနစ်၌ ဖော်ပြထားကြောင်း ယင်းကုမ္ပဏီ၏ ဒုတိယ ဥက္ကဋ္ဌ Ben Tracy က လူမှုမီဒီယာပလက်ဖောင်းတွင် သတင်းအချက်အလက်များ ထုတ်ပြန်ပြောကြားခဲ့သည်။
ယင်းမတိုင်မီ အမေရိကန်အစိုးရ၏ စည်းကြပ်ခွန် သက်ရောက်မှုကြောင့် တရုတ်-အမေရိကန် ပင်လယ်ရေကြောင်း ကုန်စည်ပို့ဆောင်မှုလုပ်ငန်းသည် ပြင်းထန်သော ထိုးနှက်မှုများ ခံခဲ့ရသည်။ ဧပြီလမှစ၍ တရုတ်နိုင်ငံမှ အမေရိကန်သို့ ကြိုတင်မှာယူမှုပမာဏမှာ သိသိသာသာကျဆင်းလာပြီး ပို့ဆောင်ရေးလုပ်ငန်းရှင်များက ခရီးစဉ်များကို ဖျက်သိမ်းကာ ပိုမိုသေးငယ်သော သင်္ဘောများကို အသုံးပြုရန် ရွေးချယ်ခဲ့ကြောင်း၊ နှစ်နိုင်ငံအကြား သီတင်းပတ်တိုင်းတွင် အသွားအပြန် ခရီးစဉ် အနည်းဆုံး ၆ ခုကို ရပ်ဆိုင်းခဲ့ကြောင်း လုပ်ငန်းပိုင်းဆိုင်ရာ သုံးသပ်ရေးပညာရှင်က ထောက်ပြခဲ့သည်။
တရုတ်-အမေရိကန် စီးပွားရေးနှင့် ကုန်သွယ်ရေး အဆင့်မြင့် တွေ့ဆုံဆွေးနွေးပွဲကို မေ ၁၀ ရက်မှ ၁၁ ရက်အထိ ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမြို့တွင် ကျင်းပခဲ့သည်။ ယခုအကြိမ် တွေ့ဆုံဆွေးနွေးမှုတွင် အရေးကြီးသော သဘောတူညီမှုများရရှိခဲ့ပြီး လက်တွေ့ကျသော တိုးတက်မှုများလည်းရရှိခဲ့သည်။
အမေရိကန်အိမ်ဖြူတော်က မေ ၁၂ ရက်တွင် ထုတ်ပြန်ခဲ့သည့် အမိန့်ကြေညာချက်အရ အမေရိကန်သည် အမေရိကန်အရှေ့ပိုင်းစံတော်ချိန် မေ ၁၄ ရက် နံနက်အစောပိုင်း ၀၀:၀၁ တွင် ၂၀၂၅ ခုနှစ် ဧပြီ ၈ ရက်၏ အမိန့်ကြေညာစာ အမှတ် ၁၄၂၅၉ နှင့် ၂၀၂၅ ခုနှစ် ဧပြီ ၉ ရက်၏ အမိန့်ကြေညာစာ အမှတ် ၁၄၂၆၆ တို့အရ တရုတ်ကုန်ပစ္စည်းများ (ဟောင်ကောင်အထူးအုပ်ချုပ်ခွင့်ရဒေသနှင့် မကာအိုအထူးအုပ်ချုပ်ခွင့်ရဒေသတို့မှ ကုန်ပစ္စည်းများအပါအဝင်) အပေါ် တိုးမြှင့်ကောက်ခံသည့် စုစုပေါင်း ၉၁ ရာခိုင်နှုန်း အကောက်ခွန်များကို ရုပ်သိမ်းလိုက်ကြောင်း၊ ၂၀၂၅ ခုနှစ် ဧပြီ ၂ ရက် အမိန့်ကြေညာစာ အမှတ် ၁၄၂၅၇ အရ တရုတ်ကုန်ပစ္စည်းများ (ဟောင်ကောင်အထူးအုပ်ချုပ်ခွင့်ရဒေသနှင့် မကာအိုအထူးအုပ်ချုပ်ခွင့်ရဒေသတို့မှ ကုန်ပစ္စည်းများအပါအဝင်) အပေါ် တိုးမြှင့်ကောက်ခံသည့် ၃၄ ရာခိုင်နှုန်း အလားတူစည်းကြပ်ခွန်နှုန်းအစီအမံ ပြင်ဆင်ကြောင်း၊ ယင်းအနက် စည်းကြပ်ခွန် ၂၄ ရာခိုင်နှုန်းကို ရက် ၉၀ ကြာ ယာယီဆိုင်းငံ့ထားပြီး ကျန်စည်းကြပ်ခွန် ၁၀ ရာခိုင်နှုန်းကို ဆက်လက်ထိန်းသိမ်းသွားမည်ဖြစ်ကြောင်းသိရသည်။
တစ်ချိန်တည်းမှာပင် အမေရိကန်ဘက်က တရုတ်နိုင်ငံမှ တန်ဖိုးနည်းပါဆယ်များ (ဟောင်ကောင်အထူးအုပ်ချုပ်ခွင့်ရဒေသမှ တန်ဖိုးနည်းပါဆယ်များ အပါအဝင်) အပေါ် တိုးမြှင့်ကောက်ခံသည့် စည်းကြပ်ခွန်များကိုလည်း လျှော့ချခြင်း သို့မဟုတ် ရုပ်သိမ်းခြင်းများ ပြုလုပ်ခဲ့ကာ အပြည်ပြည်ဆိုင်ရာစာတိုက်ပစ္စည်းများအတွက် တန်ဖိုးအလိုက်ကောက်ခံသည့် အကောက်ခွန်နှုန်းကို ၁၂၀ ရာခိုင်နှုန်း မှ ၅၄ ရာခိုင်နှုန်းသို့ လျှော့ချခဲ့ပြီး ၂၀၂၅ ခုနှစ် ဇွန် ၁ ရက်မှစ၍ အရေအတွက်အလိုက်ကောက်ခံသည့် အကောက်ခွန်ကို ပါဆယ်တစ်ခုလျှင် ကန်ဒေါ်လာ ၁၀၀ မှ ၂၀၀ အထိ တိုးမြှင့်ခဲ့သည့် မူလအစီအမံကိုလည်း ရုပ်သိမ်းလိုက်ကြောင်း သိရှိရသည်။
တရုတ်-အမေရိကန် စီးပွားရေးနှင့် ကုန်သွယ်ရေး အဆင့်မြင့် တွေ့ဆုံဆွေးနွေးမှုတွင် ရရှိခဲ့သော သဘောတူညီမှုများအရ အမေရိကန်ဘက်က တရုတ်နိုင်ငံအပေါ် တိုးမြှင့်ကောက်ခံသည့် သက်ဆိုင်ရာ စည်းကြပ်ခွန်များကို ရုပ်သိမ်းခြင်း၊ ဆိုင်းငံ့ခြင်း သို့မဟုတ် ပြန်လည်ချိန်ညှိခြင်းများ ပြုလုပ်ခဲ့ခြင်းကို ထည့်သွင်းစဉ်းစားသောအားဖြင့် တရုတ်ဘက်ကလည်း အမေရိကန်အပေါ် သက်ဆိုင်ရာ စည်းကြပ်ခွန်များနှင့် အကောက်ခွန်မဟုတ်သည့် တန်ပြန်အစီအမံများကို လျော်ညီစွာ ပြန်လည်ချိန်ညှိခဲ့သည်။
အမေရိကန်နိုင်ငံ၏ တရုတ်နိုင်ငံအပေါ် စည်းကြပ်ခွန်မူဝါဒ ပြန်လည်ချိန်ညှိလာသည်နှင့်အမျှ “ကြိုတင်မှာယူမှုများ ပြန်လည်မြင့်တက်လာတာကို ကျွန်တော်တို့ တကယ်လည်း စပြီးမြင်တွေ့နေရပြီ” ဟု Ben Tracy က မေ ၁၄ ရက်တွင် သယ်ယူပို့ဆောင်ရေးပရော်ဖက်ရှင်နယ် မီဒီယာတစ်ခုဖြစ်သည့် ကုန်စည်ပို့ဆောင်ရေးသတင်းကွန်ရက်၏ မေးမြန်းမှုကို ဖြေကြားရာ၌ ပြောကြားခဲ့သည်။
ယေဘုယျအားဖြင့် ထောက်ပံ့ရေးကွင်းဆက် သက်ဆိုင်ရာလုပ်ငန်းများသည် ထောက်ပံ့ပို့ဆောင်ရေးလုပ်ငန်း ပြန်လည်ကောင်းမွန်လာမှုအရှိန်အဟုန်ကြောင့် မသေချာမရေရာမှုများ ရှိနေဆဲဖြစ်သည်ဟု ယူဆကြကြောင်း ကုန်စည်ပို့ဆောင်ရေးသတင်းကွန်ရက်ကလည်း ထောက်ပြခဲ့သည်။ နှစ်ရက်အတွင်း လုပ်ငန်းဆိုင်ရာ မေးမြန်းဆွေးနွေးမှုပမာဏ ၃၅ ရာခိုင်နှုန်း တိုးလာခဲ့ကြောင်း ကုန်စည်ပို့ဆောင်ရေးအေဂျင်စီကုမ္ပဏီအချို့က အတည်ပြုခဲ့သော်လည်း အမေရိကန်နိုင်ငံရှိ ဒါဇင်နှင့်ချီနေရာများသို့ “အိမ်အရောက်” လက်ကျန်ပစ္စည်း ပို့ဆောင်မှုသည် သိသိသာသာ လျော့နည်းခဲ့သည်ဟု သင်္ဘောပို့ဆောင်ရေး ကုမ္ပဏီကြီးဖြစ်သော Maersk က မေ ၁၄ ရက်တွင် ကြေညာခဲ့သည်။ အဆိုပါ လုပ်ရပ်သည် ကုန်တင်သင်္ဘောပေါ်တွင် လွတ်နေသော နေရာများကို ဖြည့်ဆည်းရန် ကြိုးပမ်းမှုတစ်ခုဟု ယူဆရသည်။ (Xinhua)
……………………………….
(Chinese Version)
美国航运界人士:中国至美国海运货运订单激增
新华社洛杉矶5月15日电(记者黄恒)美国航运界人士14日披露的最新数据显示,从中国运往美国的集装箱海运日均订舱量较一周前激增近三倍。
美国供应链数据提供商维齐恩公司副总裁本·特雷西当天在社交媒体平台发布消息说,该公司运行的全球海运订单追踪系统显示,从中国运往美国的集装箱订舱量在截至5月5日的一周内为日均5709标箱,在截至5月14日的一周内升至日均21530标箱,涨幅达277%以上。
受此前美国政府关税政策影响,中美海运业遭受严重打击。行业分析师指出,4月以来从中国到美国的订舱量大幅下降,承运商取消航次,选择使用更小的船舶,并暂停至少6条每周往返两国的航线。
中美经贸高层会谈5月10日至11日在日内瓦举行。此次会谈达成重要共识,并取得实质性进展。根据美国白宫5月12日发布的行政令,美方已于美东时间5月14日凌晨00:01撤销根据2025年4月8日第14259号行政令和2025年4月9日第14266号行政令对中国商品加征的共计91%的关税,修改2025年4月2日第14257号行政令对中国商品加征的34%的对等关税措施,其中24%的关税暂停加征90天,保留剩余10%的关税。同时,美方还下调或撤销对中国小额包裹加征的关税,将国际邮件从价税率由120%下调至54%,撤销原定于2025年6月1日起将从量税由每件100美元调增为200美元的措施。鉴于美方根据中美经贸高层会谈共识撤销、暂停或调整有关对华加征关税,中方相应调整有关关税和非关税对美反制措施。
特雷西14日在接受物流专业媒体货运消息网采访时表示,随着美国对华关税政策调整,“我们确实开始看到订舱量回升”。
货运消息网报道也指出,整体看,供应链相关行业仍认为物流业务恢复速度存在不确定性。一些货运代理公司14日证实,业务咨询量两天内增长35%。但航运业巨头马士基14日宣布,对往返美国数十个目的地的“门到门”现货运输推出大幅折扣。此举被认为是为了填满货轮上的空舱。(完)
图说:这是4月29日在美国洛杉矶港拍摄的集装箱货轮。新华社发(邱晨摄)