Connect with us

North America

အမေရိကန်-အီရန်တို့ နျူကလီးယားသဘောတူညီမှု ရရှိရန် “အလွန်နီးစပ်” ကြောင်း ထရမ့် ဆို

အမေရိကန်နိုင်ငံ ဝါရှင်တန်မြို့ရှိ အိမ်ဖြူတော်တွင် ဂရိလွတ်လပ်ရေးနေ့ အခမ်းအနားသို့ တက်ရောက်လာသော အမေရိကန်သမ္မတ ထရမ့်အား မတ် ၂၄ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဒိုဟာ၊ မေ ၁၆ ရက် (ဆင်ဟွာ)
အမေရိကန်နှင့် အီရန်တို့သည် နျူကလီးယားသဘောတူညီမှု ရရှိရန် “အလွန်နီးစပ်” ကြောင်း ကာတာသို့ နိုင်ငံတော်ခရီးစဉ် ရောက်ရှိနေသော အမေရိကန်သမ္မတ ထရမ့်က ဒိုဟာမြို့၌ မေ ၁၅ ရက် စီးပွားရေးကဏ္ဍခေါင်းဆောင်များ အစည်းအဝေး တက်ရောက်စဉ်တွင် ပြောကြားခဲ့သည်ဟု ကာတာနိုင်ငံပိုင်သတင်းဌာနက အဆိုပါနေ့တွင် သတင်းထုတ်ပြန်ခဲ့သည်။

အီရန်သည် နျူကလီးယားလက်နက် လုံးဝပိုင်ဆိုင်၍မရကြောင်း ထရမ့်က အလေးအနက်ပြောခဲ့သည်ဟု ကာတာ Al Jazeera ရုပ်သံလိုင်းကလည်း ထို့နေ့တွင်ပင် သတင်းဖော်ပြခဲ့သည်။

အီရန်နှင့် အမေရိကန်တို့သည် ဧပြီ ၁၂ ရက်တွင် မတ်စ်ကက်တွင် ပထမအကြိမ် ကြားခံ ဆွေးနွေးပွဲ ကျင်းပခဲ့ရာ ယင်းမှာ ၂၀၁၈ ခုနှစ် မေလက အီရန်နျူကလီးယားသဘောတူညီချက်မှ အမေရိကန် တစ်ဖက်သတ် နုတ်ထွက်ပြီးနောက် အမေရိကန်-အီရန် နှစ်ဖက် ပထမဆုံးအကြိမ် ဆွေးနွေးမှု တရားဝင် စတင်ခြင်း ဖြစ်သည်။ ထို့နောက် နှစ်နိုင်ငံသည် ဧပြီ ၁၉ ရက်၊ ဧပြီ ၂၆ ရက်နှင့် မေ ၁၁ ရက်တို့တွင် တွေ့ဆုံဆွေးနွေးမှု သုံးကြိမ်လုပ်ဆောင်ခဲ့သည်။

ထရမ့်၏ အဆိုပါပြောကြားချက်များနှင့် စပ်လျဉ်း၍ အီရန်ဘက်က တရားဝင် တုံ့ပြန်ဖြေကြားခဲ့ခြင်း မရှိသေးပေ။ (Xinhua)
……………………
(Chinese Version)
特朗普说美伊“非常接近”达成核协议
新华社多哈5月15日电(记者汪强)据卡塔尔通讯社15日报道,正在卡塔尔访问的美国总统特朗普当天在多哈出席商界领袖会议时表示,美国与伊朗“非常接近”达成核协议。
另据卡塔尔半岛电视台同日报道,特朗普强调,伊朗绝不能拥有核武器。
伊朗与美国4月12日在马斯喀特举行了首轮间接会谈,这是自2018年5月美国单方面退出伊核协议以来双方首次正式开启谈判。此后,双方分别于4月19日、4月26日、5月11日举行了三轮间接会谈。
伊朗官方暂未就特朗普上述说法作出正式回应。(完)
图说:3月24日,美国总统特朗普在华盛顿白宫出席庆祝希腊独立日活动。新华社记者胡友松摄