Connect with us

Europe

တရုတ်ရင်းနှီးမြှုပ်နှံမှုက ဟန်ဂေရီနိုင်ငံစီးပွားရေး တိုးတက်မှု၏ အရေးကြီးမောင်းနှင်အား ဖြစ်လာဟု ဟန်ဂေရီ ဝန်ကြီးချုပ် Viktor Orban ဆို

ဟန်ဂေရီနိုင်ငံ ဝန်ကြီးချုပ် Viktor Orban (ဝဲ) နှင့် BYD ကုမ္ပဏီ ဥက္ကဋ္ဌနှင့် အမှုဆောင်အရာရှိချုပ် ဝမ်ချွမ်ဖူတို့ ဟန်ဂေရီနိုင်ငံ မြို့တော်ဘူဒါပတ်စ်တွင် မေ ၁၅ ရက်က သတင်းရှင်းလင်းပွဲ တက်ရောက်စဉ် (ဆင်ဟွာ)

ဘူဒါပတ်စ်၊ မေ ၁၆ ရက် (ဆင်ဟွာ)
တရုတ်ရင်းနှီးမြှုပ်နှံမှုသည် ဟန်ဂေရီနိုင်ငံစီးပွားရေး တိုးတက်မှု၏ အရေးကြီးမောင်းနှင်အား ဖြစ်လာပြီ ဖြစ်ကြောင်း ဟန်ဂေရီနိုင်ငံ ဝန်ကြီးချုပ် Viktor Orban မေ ၁၅ ရက်တွင် ဟန်ဂေရီနိုင်ငံ မြို့တော်ဘူဒါပတ်စ်၌ ပြောကြားခဲ့သည်။

ထိုနေ့တွင် ဟန်ဂေရီနိုင်ငံအစိုးရနှင့် တရုတ်လျှပ်စစ်ကားထုတ်လုပ်ရေးကုမ္ပဏီ BYD တို့သည် ဟန်ဂေရီနိုင်ငံ ဝန်ကြီးချုပ်ရုံး၌ မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှု သဘောတူညီချက်အား လက်မှတ်ရေးထိုးခဲ့သည်။ BYD က ဘူဒါပတ်စ်မြို့တွင် ၎င်း၏ဥရောပရုံးချုပ်ဖွင့်လှစ်ထား၍ ဥရောပသုတေသနစင်တာအသစ် တည်ထောင်သွားမည်ဖြစ်ကြောင်း တရားဝင်ကြေညာခဲ့သည်။

ကမ္ဘာကြီးသည် ပြောင်းလဲနေသော ခေတ်တွင်‌ရောက်ရှိနေကြောင်း၊ နည်းပညာအသစ်၊ စားသုံးမှု ဝယ်လိုအားအသစ်နှင့် ထုတ်လုပ်သူအသစ်များ အဆက်မပြတ်ပေါ်ထွက်လာနေကြောင်း၊ တရုတ်နိုင်ငံသည် လျှပ်စစ်ကားနည်းပညာနယ်ပယ်တွင် ဦးဆောင်သည့် အခန်းကဏ္ဍမှ ရပ်တည်လျက်ရှိပြီး တရုတ်နိုင်ငံနှင့် မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှု လုပ်ဆောင်ခြင်းသည် ဟန်ဂေရီနိုင်ငံ၏ လျှပ်စစ်ကား နည်းပညာခေတ်သစ်သို့ ဝင်ရောက်ရေးကို ဦးဆောင်ရန် အထောက်အကူပြုမည်ဖြစ်ကြောင်း Viktor Orban က သဘောတူညီချက် လက်မှတ်ရေးထိုးပြီးနောက် ကျင်းပသည့် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

လတ်တလောနှစ်ပိုင်းတွင် တရုတ်နိုင်ငံသည် ဟန်ဂေရီနိုင်ငံ၏ အကြီးမားဆုံး နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု နိုင်ငံအဖြစ် အကြိမ်များစွာဖြစ်ခဲ့ကြောင်း၊ “ဒါကလည်း တရုတ်ရင်းနှီးမြှုပ်နှံမှုဟာ ဟန်ဂေရီစီးပွားရေး တိုးတက်မှုအတွက် အရေးကြီးတဲ့၊ မရှိမဖြစ်လိုအပ်တဲ့ မောင်းနှင်အားဖြစ်လာပြီလို့ ဆိုလိုပါတယ်” ဟု Viktor Orban က ပြောကြားခဲ့သည်။

BYD အနေဖြင့် ဟန်ဂေရီနိုင်ငံ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်မှုတွင် ပါဝင်ခွင့်ရသည့်အတွက် အလွန်ဝမ်းမြောက်မိကြောင်း၊ နှစ်ဖက်ပူးပေါင်းဆောင်ရွက်မှုများ အဆက်မပြတ် နက်ရှိုင်း၍ စဉ်ဆက်မပြတ် တွန်းအားပေးဖော်ဆောင်ခြင်းကြောင့် တရုတ်-ဟန်ဂေရီ ပူးပေါင်းဆောင်ရွက်မှု၏ အကန့်အသတ်မဲ့ အလားအလာများကို သက်သေထူတွေ့မြင်စေကြောင်း BYD ကုမ္ပဏီ ဥက္ကဋ္ဌနှင့် အမှုဆောင်အရာရှိချုပ် ဝမ်ချွမ်ဖူက သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

BYD ဥရောပရုံးချုပ်သည် အရောင်းလုပ်ငန်းနှင့် ရောင်းပြီးကာလဝန်ဆောင်မှုများ၊ မော်တော်ယာဉ် အသိအမှတ်ပြုမှုနှင့် စမ်းသပ်မှု၊ ကားမော်ဒယ်အား ဒေသတွင်းနှင့် ကိုက်ညီအောင် ဒီဇိုင်းရေးဆွဲခြင်းနှင့် စွမ်းရည်ဖော်ဆောင်ခြင်း ဟူသည့် လုပ်ငန်းတာဝန်သုံးရပ်ကို အဓိကထား လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ဝမ်ချွမ်ဖူက ပြောကြားခဲ့သည်။

သဘောတူညီချက်အရ BYD သည် ဟန်ဂေရီနိုင်ငံ မြို့တော်တွင် တန်ဖိုးမြင့် အလုပ်အကိုင်အခွင့်အလမ်းပေါင်း ထောင်ချီ ဖန်တီးသွားမည်ဖြစ်ကြောင်း၊ ဟန်ဂေရီနိုင်ငံရှိ တက္ကသိုလ် အနည်းဆုံး သုံးခုနှင့် ပူးပေါင်းဆောင်ရွက်ကာ လေ့ကျင့်ရေးနှင့် ဆက်လက်ပညာသင်ကြားရေး အခွင့်အလမ်းများ ပံ့ပိုးပေးသွားမည်ဖြစ်ကြောင်း၊ ထို့ပြင် ဒေသတွင်းထောက်ပံ့ရေးလုပ်ငန်းရှင်များ၊ လုပ်ငန်းကုမ္ပဏီများနှင့် အတူလက်တွဲကာ စွမ်းအင်သစ်မော်တော်ယာဉ် ကုန်ထုတ်လုပ်ငန်းကွင်းဆက် အဆင့်မြှင့်တင်မှုကို တွန်းအားပေးသွားမည်ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။ (Xinhua)

ဟန်ဂေရီနိုင်ငံအစိုးရနှင့် BYD ကုမ္ပဏီတို့သည် ဟန်ဂေရီနိုင်ငံ မြို့တော်ဘူဒါပတ်စ် ဝန်ကြီးချုပ်ရုံး၌ မေ ၁၅ ရက်က မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှု သဘောတူစာချုပ် လက်မှတ်ရေးထိုးစဉ် (ဆင်ဟွာ)

————————-
(Chinese Version)
匈牙利总理欧尔班:中国投资已成为匈经济增长重要引擎
新华社布达佩斯5月15日电(记者陈浩 黄富慧)匈牙利总理欧尔班15日在首都布达佩斯表示,中国投资已成为匈牙利经济增长重要引擎。
当天,匈牙利政府与中国电动汽车制造商比亚迪在匈牙利总理府签署战略合作协议。比亚迪正式宣布在布达佩斯设立其欧洲总部,并设立新的欧洲研发中心。
欧尔班在协议签署后举行的新闻发布会上表示,世界正处于变革时代,新技术、新消费需求和新制造商层出不穷。中国在电动汽车技术领域处于领先地位,与中国开展战略合作将有助于引领匈牙利进入电动汽车新技术时代。
欧尔班表示,近年来,中国多次成为匈牙利最大的外资来源国。“这意味着中国投资已成为匈牙利经济增长重要的,甚至是不可或缺的引擎。”
比亚迪董事长兼总裁王传福在新闻发布会上表示,比亚迪有幸参与到匈牙利经济社会发展中,双方合作不断深入、持续推进,让世界见证了中匈合作的无限潜力。
王传福说,比亚迪欧洲总部将专注于销售与售后、车辆认证及测试、车型本地化设计与功能开发三大职能。根据协议,比亚迪将在匈牙利首都创造数千个高价值就业岗位,通过与匈牙利至少三所大学合作,提供培训和继续教育机会,并携手当地供应商及企业,推动新能源汽车产业链升级。(完)
图说1:5月15日,在匈牙利首都布达佩斯,匈牙利总理欧尔班(左)与比亚迪董事长兼总裁王传福出席新闻发布会。新华社发(弗尔季·奥蒂洛摄)
图说2:5月15日,匈牙利政府与比亚迪在匈牙利首都布达佩斯的总理府签署战略合作协议。新华社发(弗尔季·奥蒂洛摄)