North America
အာရပ်စော်ဘွားများ ပြည်ထောင်စုနှင့် အမေရိကန်တို့ ကန်ဒေါ်လာ ၂၀၀ ဘီလီယံကျော် တန်ဖိုးရှိ သဘောတူညီချက်များ ရရှိ

အဘူဒါဘီ/ဝါရှင်တန်၊ မေ ၁၆ ရက် (ဆင်ဟွာ)
အာရပ်စော်ဘွားများ ပြည်ထောင်စု (ယူအေအီး) သမ္မတ Mohammed bin Zayed Al Nahyan သည် မေ ၁၅ ရက်တွင် အဘူဒါဘီမြို့၌ ခရီးစဉ်လာရောက်သည့် အမေရိကန်သမ္မတ ထရမ့်အား တွေ့ဆုံခဲ့ပြီး နှစ်ဖက်အနေဖြင့် စုစုပေါင်းတန်ဖိုး ကန်ဒေါ်လာ ၂၀၀ ဘီလီယံကျော်သည့် သဘောတူညီချက်များ ရရှိခဲ့ကြောင်း ယူအေအီး သတင်းအေဂျင်စီ (Emirates) က ထိုနေ့ သတင်းဖော်ပြချက်အရ သိရသည်။
အဆိုပါ သဘောတူညီချက်တွင် လေကြောင်းပို့ဆောင်ရေး၊ အလူမီနီယံလုပ်ငန်း၊ ရေနံနှင့် သဘာဝဓာတ်ငွေ့ စသည့် ကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်မှုများ ပါဝင်ကြောင်း၊ နှစ်ဖက်က ဒေသတွင်းနှင့် နိုင်ငံတကာ အခြေအနေတို့နှင့်စပ်လျဉ်း၍လည်း ဆွေးနွေးခဲ့ကြောင်း သတင်းတွင်ဖော်ပြထားသည်။ ထိုနေ့အစောပိုင်းတွင် နှစ်နိုင်ငံခေါင်းဆောင်များက အဘူဒါဘီ ၅ GW ဉာဏ်ရည်တုစီမံကိန်း စတင်ခြင်း အခမ်းအနားကို အတူတကွ တက်ရောက်ခဲ့ကြောင်း သိရသည်။
ထို့ပြင် အမေရိကန်နိုင်ငံ အိမ်ဖြူတော်က မေ ၁၅ ရက်တွင် ထုတ်ပြန်သည့် ကြေညာချက်အရ အမေရိကန်နှင့် ယူအေအီးတို့သည် ထိုနေ့တွင် ကန်ဒေါ်လာ ၂၀၀ ဘီလီယံကျော် တန်ဖိုးရှိသည့် စီးပွားရေး သဘောတူညီချက်များ လက်မှတ်ရေးထိုးခဲ့ပြီး နှစ်ဖက်အနေဖြင့် လေကြောင်းပို့ဆောင်ရေး၊ စွမ်းအင်၊ မြေရှားသတ္တုနှင့် ဉာဏ်ရည်တု စသည့်ကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်သွားမည်ဖြစ်ကြောင်း သိရသည်။
ယူအေအီး Etihad လေကြောင်းလိုင်း ကုမ္ပဏီက ကန်ဒေါ်လာ ၁၄.၅ ဘီလီယံ ရင်းနှီးမြှုပ်နှံ၍ ဘိုးရင်း (Boeing) 787 Dreamliners ခရီးသည်တင်လေယာဉ်နှင့် ဘိုးရင်း 777X ခရီးသည်တင်လေယာဉ် ၂၈ စင်း ဝယ်ယူသွားမည်ဟု ကတိပြုခဲ့ကြောင်း၊ Emirates Global Aluminium (EGA) သည် အမေရိကန်နိုင်ငံ အိုကလာဟိုးမားပြည်နယ်တွင် ကန်ဒေါ်လာ ၄ ဘီလီယံ ရင်းနှီးမြှုပ်နှံ၍ သန့်စင်စက်ရုံတစ်ရုံ တည်ဆောက်ရေး စီမံကိန်း ဖော်ဆောင်သွားမည်ဖြစ်ကြောင်း၊ အမေရိကန် Raytheon ကုမ္ပဏီသည် ယူအေအီးနှင့် ဂဲလီယမ် သတ္တုနှင့်စပ်လျဉ်းသည့် ပူးပေါင်းဆောင်ရွက်မှု စီမံကိန်းများ လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ကြေညာချက်တွင် ဖော်ပြထားသည်။
ထို့ပြင် အမေရိကန်ကုမ္ပဏီ အများအပြားကလည်း ယူအေအီးနှင့်အတူ တစ်ပိုင်းလျှပ်ကူးပစ္စည်း၊ ဆိုက်ဘာလုံခြုံရေး၊ Cloud ဝန်ဆောင်မှုနှင့် ဉာဏ်ရည်တု ဖော်ဆောင်ရေး စသည့်ကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်မှုများ လုပ်ဆောင်သွားမည်ဖြစ်သည်။
ထရမ့်သည် မေ ၁၃ ရက်မှ ၁၆ ရက်အထိ ဆော်ဒီအာရေဗျ၊ ကာတာနှင့် ယူအေအီး သုံးနိုင်ငံသို့ ခရီးစဉ် သွားရောက်ခဲ့သည်။ အမေရိကန်၏ စီးပွားရေး အကျိုးစီးပွားသည် ထရမ့်က အဆိုပါပင်လယ်ကွေ့နိုင်ငံ သုံးနိုင်ငံသို့ ခရီးစဉ်သွားရောက်ရသည့် အဓိကထည့်သွင်းစဉ်းစားချက်ဖြစ်ကြောင်း အကဲခတ်ပုဂ္ဂိုလ်များက ထောက်ပြ ပြောကြားခဲ့သည်။ (Xinhua)
———————–
(Chinese Version)
阿联酋与美国达成超过2000亿美元协议
新华社阿布扎比/华盛顿5月15日电(记者温新年 赵丹亮)据阿联酋通讯社15日报道,阿联酋总统穆罕默德·本·扎耶德·阿勒纳哈扬当天在阿布扎比会见到访的美国总统特朗普,双方达成价值总额超过2000亿美元的协议。
报道说,协议涉及航空、铝业、石油和天然气等方面合作,双方还就地区和国际局势进行了讨论。当天早些时候,两国领导人共同出席了阿布扎比5吉瓦(GW)人工智能项目启动仪式。
另据美国白宫15日发表的声明,美国与阿联酋当天签署了超过2000亿美元的经济协议,加强双方在航空、能源、稀土和人工智能等领域的合作。
声明说,阿联酋阿提哈德航空公司承诺投资145亿美元购买28架波音787“梦想客机”和波音777X客机,阿联酋环球铝业将在美国俄克拉何马州投资40亿美元开发一个冶炼厂项目,美国雷神公司将与阿联酋方面进行涉及镓的合作项目。此外,多家美国公司将与阿联酋方面在半导体、网络安全、云服务和人工智能开发等领域开展合作。
特朗普13日至16日访问沙特阿拉伯、卡塔尔和阿联酋三国。有分析人士指出,美国的经济利益是特朗普访问这三个海湾国家的主要考量。(完)
图说:5月4日,美国总统特朗普(右)返回首都华盛顿白宫。新华社记者 胡友松 摄