Connect with us

International Organizations

ပဋိပက္ခကြောင့် ထိခိုက်ခံရသော မိသားစုတိုင်းအတွက် အဖြေနှင့် နှစ်သိမ့်မှု ရှာဖွေပေးနိုင်ရန် ကြိုးပမ်းရမည်ဟု တရုတ်နိုင်ငံကိုယ်စားလှယ် ပြောကြား

နယူးယောက်မြို့ရှိ ကုလသမဂ္ဂရုံးချုပ်တွင် ပါလက်စတိုင်း-အစ္စရေးအရေးနှင့် စပ်လျဉ်း၍ လုံခြုံရေးကောင်စီ အရေးပေါ်တံခါးဖွင့် အစည်းအဝေး၌ မိန့်ခွန်းပြောကြားနေသော ကုလသမဂ္ဂဆိုင်ရာ တရုတ်နိုင်ငံ ဒုတိယ အမြဲတမ်း ကိုယ်စားလှယ် ကိန်းစွမ်အား ၂၀၂၄ ခုနှစ် စက်တင်ဘာ ၄ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ကုလသမဂ္ဂ၊ မေ ၁၆ ရက် (ဆင်ဟွာ)
ပျောက်ဆုံးနေသူများ ကိစ္စရပ်သည် လက်နက်ကိုင်ပဋိပက္ခများအတွင်း အရပ်သားပြည်သူများ ကာကွယ်ရေး၏ အရေးပါသော အစိတ်အပိုင်းတစ်ခုဖြစ်ကြောင်း၊ နိုင်ငံတကာအသိုင်းအဝိုင်းအနေဖြင့် ပျောက်ဆုံးနေသူများ အရေးကိစ္စကို ဖြေရှင်းရာတွင် သက်ဆိုင်ရာနိုင်ငံများအား ကူညီပေးသင့်ကြောင်း၊ ပဋိပက္ခကြောင့် ထိခိုက်ခံရသော မိသားစုတိုင်းအတွက် အဖြေနှင့် နှစ်သိမ့်မှု ရှာဖွေပေးနိုင်ရန် ကြိုးပမ်းသင့်ကြောင်း ကုလသမဂ္ဂဆိုင်ရာ တရုတ်နိုင်ငံ ဒုတိယ အမြဲတမ်း ကိုယ်စားလှယ် ကိန်းစွမ်က လုံခြုံရေးကောင်စီ လက်နက်ကိုင်ပဋိပက္ခများအတွင်း ပျောက်ဆုံးသွားသူများ ကိစ္စရပ်နှင့် စပ်လျဉ်းသည့် တံခါးဖွင့် အစည်းအဝေးတွင် မေ ၁၅ ရက်က ပြောကြားခဲ့သည်။

လုံခြုံရေးကောင်စီက ၂၀၁၉ ခုနှစ်တွင် ဆုံးဖြတ်ချက်အမှတ် ၂၄၇၄ ကို တစ်ခဲနက်အတည်ပြုခဲ့ပြီး နိုင်ငံတကာ လူသားချင်းစာနာထောက်ထားမှုဥပဒေ၏ ခိုင်မာသော ကတိကဝတ်များကို ထပ်လောင်းပြောကြားခဲ့သလို ပျောက်ဆုံးနေသူများ ကိစ္စရပ်ကို ကြိုတင်ကာကွယ်ရန်နှင့် ဖြေရှင်းရန် တိကျသော တောင်းဆိုချက်များအား အဆိုပြုခဲ့ကြောင်း ကိန်းစွမ်က ပြောကြားခဲ့သည်။

မကြာသေးမီနှစ်များတွင် နိုင်ငံတကာအခြေအနေ မငြိမ်မသက်မှုဆိုးရွားလာရာ ပထဝီနိုင်ငံရေးပဋိပက္ခများ အဆက်မပြတ် တိုးမြင့်လာခဲ့ကြောင်း၊ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ၏ အချက်အလက်များအရ ၂၀၂၄ ခုနှစ် ကမ္ဘာလုံးဆိုင်ရာ ပျောက်ဆုံးနေသူဦးရေ ၅၆,၀၀၀ ကျော် အသစ်တိုးလာကာ နှစ် ၂၀ ကာလအတွင်း အမြင့်ဆုံးတိုးတက်မှုဖြစ်လာကြောင်း ၎င်းက ပြောကြားခဲ့သည်။

တရုတ်နိုင်ငံသည် နိုင်ငံတကာအသိုင်းအဝိုင်းနှင့် အတူ လုံခြုံရေးကောင်စီ၏ ဆုံးဖြတ်ချက်အမှတ် ၂၄၇၄ ကို လက်တွေ့ကျ တွန်းအားပေးကာ လက်နက်ကိုင်ပဋိပက္ခများအတွင်း ပျောက်ဆုံးသွားသူများ ကိစ္စရပ်အား ဖြေရှင်းရေးအတွက် မလျှော့သောဇွဲဖြင့် ဆက်လက် ကြိုးပမ်းလုပ်ဆောင်သွားလိုကြောင်း ကိန်းစွမ်က ပြောကြားခဲ့သည်။

ပျောက်ဆုံးနေသူများ ကိစ္စရပ်ကို ဖြေရှင်းရာတွင် နိုင်ငံတကာ လူသားချင်းစာနာထောက်ထားမှုဥပဒေကို အခြေခံသင့်ကြောင်း၊ ပဋိပက္ခအား ဖယ်ရှားရေးနှင့် ကြိုတင်ကာကွယ်ရေးအပေါ် အာရုံစိုက်သင့်ကြောင်း၊ အချင်းဖြစ်ပွားသည့် နိုင်ငံများအပေါ် ပို၍ကူညီသင့်ကြောင်း၊ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီစသည့် နိုင်ငံတကာအဖွဲ့အစည်းများက ကြားနေမှု၊ သမာသမတ်ကျမှု၊ သီးခြားရပ်တည်မှု မူများနှင့်အညီ လုပ်ငန်းများအား ဆောင်ရွက်ခြင်းအပေါ် တရုတ်နိုင်ငံက ထောက်ခံအားပေးကြောင်း၊ သက်ဆိုင်ရာကိစ္စရပ်အား ဖြေရှင်းရေးတွင် အပြုသဘောဆောင်သော အခန်းကဏ္ဍမှ ပါဝင်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ၎င်းက ထောက်ပြခဲ့သည်။ (Xinhua)
…………………………..
(Chinese Version)
中国代表:努力让每一个因冲突而受伤的家庭找到答案、寻得慰藉
新华社联合国5月15日电 中国常驻联合国副代表耿爽15日在安理会关于武装冲突中失踪人员问题公开会上表示,失踪人员问题是武装冲突中保护平民议题的重要组成部分。国际社会应当帮助有关国家解决失踪人员问题,努力让每一个因冲突而受伤的家庭找到答案、寻得慰藉。
耿爽说,安理会于2019年一致通过第2474号决议,重申对国际人道法的坚定承诺,就预防和解决失踪人员问题提出了明确要求。近年来,国际局势加剧动荡,地缘冲突不断上升。根据红十字国际委员会数据,2024年全球新增失踪人员超过5.6万人,创下20年来最高增幅。
耿爽表示,中方愿继续同国际社会一道,推动落实安理会第2474号决议,为解决武装冲突中失踪人员问题作出不懈努力。
他指出,解决失踪人员问题,应该以国际人道法为依据,应该着眼于预防和消除冲突,应该加大对当事国的协助。中方支持红十字国际委员会等国际组织秉持中立、公正、独立的原则开展工作,为解决有关问题发挥积极作用。(完)
图说:2024年9月4日,在位于纽约的联合国总部,中国常驻联合国副代表耿爽(前中)在安理会巴以问题紧急公开会上发言。新华社记者 谢锷 摄