China
“ကိုယ်တိုင် မိုးရေစိုခဲ့ဖူးတော့ သူများအတွက် ထီးမိုးပေးချင်တယ်” ဟု ဆိုလာသည့် မသန်စွမ်း စွန့်ဦးတီထွင်သူ လျိုလျင်လျင်

ဟဲဖေး၊ မေ ၁၉ ရက် (ဆင်ဟွာ)
ယခုနှစ်တွင် အသက် ၅၆ နှစ်ရှိပြီဖြစ်သည့် လျိုလျင်လျင်သည် တရုတ်နိုင်ငံ အန်းဟွေးပြည်နယ် ဖုယန်မြို့သူဖြစ်သည်။ အသက် ၁၉ နှစ်အရွယ်တွင် ယာဉ်မတော်တဆဖြစ်မှုကြောင့် ၎င်း၏ညာဘက်ဒူးခေါင်းရိုး ကျိုးကြေခဲ့ရာ အဆင့်၄ မသန်စွမ်းမှုဟု သတ်မှတ်ခံရကာ ပြေးလွှားနိုင်သော စွမ်းရည်ကို ရာသက်ပန် ဆုံးရှုံးသွားခဲ့ရသည်။
အကြိမ်များစွာ ခွဲစိတ်ကုသမှုများ လုပ်ဆောင်ခဲ့သော်ငြားလည်း နောက်ဆက်တွဲရောဂါများ ကျန်နေဆဲဖြစ်သဖြင့် ယနေ့တိုင် လျိုလျင်လျင် လမ်းလျှောက်ရာတွင် သက်ရောက်မှုရှိနေဆဲဖြစ်သည်။
၂၀၀၂ ခုနှစ်တွင် လျိုလျင်လျင်နှင့် ၎င်း၏အမျိုးသားတို့သည် အမြန်ချောပို့ ပို့ဆောင်ရေးလုပ်ငန်းတွင် စတင်လုပ်ကိုင်ခဲ့သည်။ အမြန်ချောပို့ ဝက်ဘက်ဆိုက်တစ်ခု ထူထောင်ခြင်းမှ ခြေလှမ်းစ၍ မိမိ၏ အပတ်တကုတ် ကြိုးပမ်းမှုဖြင့် လုပ်ငန်းကို တဖြည်းဖြည်းချင်း အင်အားတောင့်တင်းလာအောင် လုပ်ဆောင်နိုင်ခဲ့သည်။
ယနေ့တွင် လျိုလျင်လျင်သည် ယွမ်ထုံးအမြန်ချောပို့လုပ်ငန်း၏ ပထမအဆင့် ကိုယ်စားလှယ်ကုမ္ပဏီ၊ ဖုယန်မြို့ ယွမ်စွန့်ထုံး ကုန်စည်ပို့ဆောင်ရေး ကုမ္ပဏီလီမိတက်၏ တရားဝင်ကိုယ်စားလှယ်၊ အထွေထွေမန်နေဂျာ ဖြစ်လာပြီဖြစ်သည်။
လုပ်ငန်းစတင်လုပ်ကိုင်ခါစက အကျယ် စတုရန်းမီတာ ၂၀ ပင်မရှိသည့် ဂိုဒေါင်လေးသည် ယခုအခါ စတုရန်းမီတာ ၃၀,၀၀၀ ရှိသည့် ခေတ်မီကုန်စည်ပို့ဆောင်ရေးစခန်းအဖြစ် တိုးတက်လာပြီဖြစ်ကာ နေ့စဉ် အမြန်ချောပို့ ပါဆယ်ထုပ် ပို့ဆောင်ရေး အမှာစာပမာဏသည် ၂၀၀,၀၀၀ ဝန်းကျင်ရှိသည်။
လျိုလျင်လျင်သည် နှစ်ပေါင်းများစွာကာလအတွင်း မသန်စွမ်းသူများအား ကူညီပေးရေး လုပ်ငန်းတွင်လည်း ပါဝင်လုပ်ကိုင်လျက်ရှိသည်။ ကိုယ်တိုင်စတင် လုပ်ငန်းထူထောင်သည့်အချိန်မှစ၍ ၎င်းသည် မသန်စွမ်းသူများ ၎င်း၏ကုမ္ပဏီ၌ ဧည့်သည်ဝန်ဆောင်မှု၊ အမြန်ချောပို့ပါဆယ်ပို့ဆောင်သူ စသည့် လုပ်ငန်းနေရာများတွင် လုပ်ငန်းခွင်ဝင်ရန် ကူညီပေးခဲ့သည်။ လက်ရှိတွင် ၎င်း၏ကုမ္ပဏီ၌ လုပ်ငန်းခွင်ဝင်နေသူ မသန်စွမ်းသူပေါင်း ၉ ဦးရှိသည်။
တစ်ချိန်တည်းတွင် ကုမ္ပဏီက “အိပ်မက်အကောင်အထည်ဖော်ရေးဌာနေ” မသန်စွမ်းသူကူညီရေး ပါဆယ်ထုပ်များ တစ်ဆင့်ခွဲဝေရေးစခန်းများစွာလည်း ဖွင့်ထားကာ လုပ်ငန်းတွင်ပါဝင်ခြင်း (Franchising) နည်းလမ်းဖြင့် ဒေသတွင်းမသန်စွမ်းသူများအတွက် အလုပ်အကိုင်အခွင့်အလမ်းများ ပံ့ပိုးပေးလျက်ရှိသည်။
“ကိုယ်တိုင် မိုးရေစိုခဲ့ဖူးတော့ သူများအတွက် ထီးမိုးပေးချင်တယ်။ ကျွန်မ တတ်နိုင်သမျှ ပိုများတဲ့ မသန်စွမ်းသူတွေကို ကူညီပေးသွားချင်ပါတယ်” ဟု လျိုလျင်လျင်က ပြောကြားခဲ့သည်။ (Xinhua)

တရုတ်နိုင်ငံ အန်းဟွေးပြည်နယ် ဖုယန်မြို့ ယွမ်စွန့်ထုံး ကုန်စည်ပို့ဆောင်ရေး ကုမ္ပဏီလီမိတက်တွင် အသက် ၄၃ နှစ်အရွယ် ဒုတိယအဆင့် စိတ်ပိုင်းဆိုင်ရာ မသန်စွမ်းသူ စွန်းစွတ်ကျွင်းက အမြန်ချောပို့ ပါဆယ်ထုပ်များအား စီမံနေသည်ကို မေ ၁၆ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

တရုတ်နိုင်ငံ အန်းဟွေးပြည်နယ် ဖုယန်မြို့ ယွမ်စွန့်ထုံး ကုန်စည်ပို့ဆောင်ရေး ကုမ္ပဏီလီမိတက်တွင် အသက် ၂၉ နှစ်အရွယ် ဒုတိယအဆင့် ခြေထောက်မသန်စွမ်းသူ ကျိချန်ကျန့်က ဖုန်းလက်ခံဖြေဆိုနေသည်ကို မေ ၁၆ ရက်က တွေ့ရစဉ် (ဆင်ဟွာ)
—————————–
(Chinese Version)
图片故事|残疾创业者刘苓苓:“因为自己淋过雨,所以也想为别人撑伞”
新华社照片,合肥,2025年5月18日
今年56岁的刘苓苓是安徽省阜阳市人。19岁时,一场车祸导致她右膝以下粉碎性骨折,被定为四级伤残,永远失去了奔跑能力。经多次手术,依然留下后遗症,刘苓苓至今走路仍受影响。
2002年,刘苓苓和丈夫投身快递行业,从创办一家快递网点起步,用自己的勤劳让事业逐步发展壮大。如今,刘苓苓已是圆通速递的一级代理公司——阜阳市圆顺通物流有限公司的法人、总经理。创业时不到20平方米的小仓库,已发展为3万平方米的现代化物流基地,每天快递量达到20万单左右。
刘苓苓多年来一直投身助残工作。创业以来,她帮助多名残疾人在公司客服、快递员等岗位实现就业,目前公司共有9名残疾人在岗就业。同时,公司还开设多家“圆梦家园”助残驿站,通过加盟的方式,为当地残疾人提供就业机会。刘苓苓说:“因为自己淋过雨,所以也想为别人撑伞,希望尽我所能,帮助到更多的残疾人。”
图说1:5月16日,在阜阳市圆顺通物流有限公司,刘苓苓(右)在物流基地和工作人员交流。新华社记者 周牧 摄1
图说3:5月16日,在阜阳市圆顺通物流有限公司,孙世军在物流基地处理快递件。今年43岁的孙世军患有二级精神残疾。新华社记者 周牧 摄
图说4:5月16日,在阜阳市圆顺通物流有限公司,纪长振(前)在接听电话。今年29岁的纪长振患有二级腿部残疾。新华社记者 周牧 摄