China
ဝမ်ရိနှင့် ဒိန်းမတ်နိုင်ငံခြားရေးဝန်ကြီး Lars Lokke Rasmussen တွေ့ဆုံဆွေးနွေး

ပေကျင်း၊ မေ ၂၀ ရက် (ဆင်ဟွာ)
တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရိုအဖွဲ့ဝင်၊ နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိသည် တရုတ်နိုင်ငံသို့ ခရီးစဉ် ရောက်ရှိလာသော ဒိန်းမတ်နိုင်ငံခြားရေးဝန်ကြီး Lars Lokke Rasmussen နှင့် မေ ၁၉ ရက်က ပေကျင်းမြို့၌ တွေ့ဆုံဆွေးနွေးခဲ့သည်။
ထိုသို့ တွေ့ဆုံရာတွင် ဝမ်ရိက တရုတ်-ဒိန်းမတ် ဆက်ဆံရေးသည် ၇၅ နှစ်ကြာကာလတွင် ကောင်းမွန် တည်ငြိမ်စွာ ဖွံ့ဖြိုးတိုးတက်မှုကို ထိန်းထားခဲ့ရာ အရေးကြီးဆုံး အတွေ့အကြုံမှာ နိုင်ငံ ကြီး၊ ငယ်မရွေး တစ်ပြေးညီ တန်းတူညီမျှရှိမှုကို လက်ကိုင်ထားခြင်း၊ လေးစားခြင်းနှင့် အပြန်အလှန် ဗဟိုအကျိုးစီးပွားအား စောင့်ရှောက်ခြင်း ဖြစ်ကြောင်း ပြောကြားခဲ့သည်။ တရုတ်နိုင်ငံသည် ဂရင်းလန်းအရေးကိစ္စတွင် ဒိန်းမတ်၏အချုပ်အခြာအာဏာနှင့် နယ်မြေပိုင်နက် ပြည့်စုံမှုကို အပြည့်အဝ လေးစားကြောင်း၊ တရုတ်နိုင်ငံအနေဖြင့် ဒိန်းမတ်နိုင်ငံနှင့်အတူ နှစ်ဖက် တံခါးဖွင့်လှစ်မှုကို လက်ကိုင်ထားလျက် အစိမ်းရောင်ကဏ္ဍကို အဓိကထားကာ လက်တွေ့ပူးပေါင်းဆောင်ရွက်မှု စွမ်းအင်သစ်များ ဖြည့်တင်းသွားလိုကြောင်း ၎င်းက ပြောကြားခဲ့သည်။
Lars Lokke Rasmussen က ဒိန်းမတ်အစိုးရနှင့် လွှတ်တော်သည် တရုတ်တစ်နိုင်ငံတည်း မူဝါဒကို မမှိတ်မသုန် အခိုင်အမာစောင့်ထိန်းကြောင်း ပြောကြားခဲ့သည်။ ဒိန်းမတ်နိုင်ငံအနေဖြင့် တရုတ်ကုမ္ပဏီလုပ်ငန်းများ ဒိန်းမတ်သို့ လာရောက်ရင်းနှီးမြှုပ်နှံခြင်းအပေါ် တံခါးဖွင့်ထားကြောင်း၊ ဒိန်းမတ်ကုမ္ပဏီလုပ်ငန်းများအနေဖြင့်လည်း တရုတ်ဈေးကွက်တွင် ရေရှည်ရင်းနှီးမြှုပ်နှံသွားလိုကြောင်း၊ ဥရောပ-တရုတ် ဆက်ဆံရေး ကောင်းမွန်စွာ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဒိန်းမတ်နိုင်ငံအနေဖြင့် တွန်းအားပေးသည့်အခန်းကဏ္ဍမှ ပါဝင်သွားလိုကြောင်း ၎င်းက ပြောကြားခဲ့သည်။ (Xinhua)
—————————
(Chinese Version)
王毅同丹麦外交大臣拉斯穆森会谈
新华社北京5月19日电 中共中央政治局委员、外交部长王毅19日在京同来华访问的丹麦外交大臣拉斯穆森举行会谈。
王毅说,中丹关系75年来保持健康稳定发展,最重要的经验就是坚持大小国家一律平等,尊重并照顾彼此核心利益。中方在格陵兰问题上充分尊重丹麦主权和领土完整。中方愿同丹方坚持双向开放,以绿色为抓手赋予务实合作新动能。
拉斯穆森表示,丹麦政府和议会坚定不移恪守一个中国政策。丹方对中国企业赴丹麦投资持开放态度,丹麦企业也愿长期投资深耕中国市场。丹方愿为欧中关系健康发展发挥促进作用。(完)
1. 5月19日,中共中央政治局委员、外交部长王毅在北京同来华访问的丹麦外交大臣拉斯穆森举行会谈。 新华社记者 李响 摄