Connect with us

China

တရုတ်ပုံစံခေတ်မီအသွင်ပြောင်းမှုကို တွန်းအားပေးရာတွင် ထုတ်လုပ်မှုလုပ်ငန်းကို ဆက်လက်ကောင်းမွန်အောင် ဆောင်ရွက်ရမည် ဖြစ်ကြောင်း ရှီကျင့်ဖိန် ပြောကြား

ကျိန့်ကျိုး၊ မေ ၂၀ ရက် (ဆင်ဟွာ)

တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ အထွေထွေအတွင်းရေးမှူးချုပ် ရှီကျင့်ဖိန်သည် မေ ၁၉ ရက် ညနေပိုင်းက ဟဲနန်ပြည်နယ် လော့ယန်မြို့ရှိ Luoyang Bearing Group Co., Ltd. သို့ သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ရာ ကုမ္ပဏီ၏ စမတ်စက်ရုံသို့ ဝင်ရောက်၍ Bearing ထုတ်ကုန်ပစ္စည်း အမျိုးမျိုး၏ စွမ်းရည်နှင့် အသုံးပြုပုံများကို လေ့လာခဲ့သလို စမတ်ထုတ်လုပ်ရေးလိုင်းကို စစ်ဆေးကြည့်ရှုခဲ့ပြီး ကုမ္ပဏီဝန်ထမ်းများနှင့် ရင်းနှီးစွာ စကားပြောဆိုဖလှယ်ခဲ့ကြသည်။

ရှီကျင့်ဖိန်က မိမိတို့အနေဖြင့် လက်တွေ့လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးကို အခိုင်အမာ ဆောင်ရွက်ခဲ့ရာ အတိတ်ကာလက အနောက်တိုင်းမီးခြစ်၊ အနောက်တိုင်းဆပ်ပြာ၊ အနောက်တိုင်းသံ စသည်တို့ကို အားထားဝယ်ယူ တင်သွင်းသည်မှ ယခုအခါတွင် စက်မှုလုပ်ငန်းအမျိုးစား အစုံလင်ဆုံးဖြစ်သည့် ကမ္ဘာ့အကြီးဆုံး ကုန်ထုတ်လုပ်ငန်းနိုင်ငံဖြစ်ခဲ့ရာ ဤလမ်းစဉ်ကို လျှောက်လှမ်းခဲ့သည်မှာ မှန်ကန်ကြောင်း ပြောကြားခဲ့သည်။

မိမိတို့အနေဖြင့် ကုန်ထုတ်လုပ်ငန်းကို ဆက်လက် ကောင်းမွန်စွာ ဆောင်ရွက်သွားရမည် ဖြစ်ကြောင်း၊ ကိုယ်ပိုင်ရပ်တည်မှု ကိုယ်ပိုင်အင်အားတောင့်တင်းမှုကို အခိုင်အမာလက်ကိုင်ထားရမည် ဖြစ်သလို အဓိက သော့ချက်နည်းပညာများကို ပိုင်နိုင်ရမည် ဖြစ်ကြောင်း၊ ထုတ်လုပ်မှု-လေ့လာမှု-သုတေသပြုမှု တစ်သားတည်း အသွင်ဖြစ်ရေးအား တွန်းအားပေးရမည် ဖြစ်သလို အရည်အချင်းနှင့် အရည်အသွေးမြင့်မားသည့် လူရည်ချွန်များစွာကို ပြုစုပျိုးထောင်ပေးရမည် ဖြစ်ကြောင်း၊ ထိုမှသာ တရုတ်ပုံစံ ခေတ်မီအသွင်ပြောင်းရေးသည် အမှန်တကယ် ဖော်ဆောင်နိုင်မည် ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။ (Xinhua)


———————-
(Chinese Version)
习近平:推进中国式现代化要继续把制造业搞好
19日下午,习近平总书记来到河南洛阳轴承集团股份有限公司考察,走进企业智能工厂,了解各种类型轴承产品的性能和用途,察看智能生产线,并同企业职工亲切交谈。习近平说,我们坚持发展实业,从过去洋火、洋皂、洋铁等靠买进来,到现在成为工业门类最齐全的世界制造业第一大国,这条路走对了。我们要继续把制造业搞好,坚持自立自强,掌握关键核心技术,推进产学研一体化,培养大批高素质人才,这样中国式现代化才能够真正实现。(文字记者:张晓松、朱基钗;摄影记者:谢环驰、燕雁、丁海涛、岳月伟)