China
ရှီးပဒီးတူးဖော်ချိန် – နှင်းတောင်ရှေ့တွင် တွားသွားရှာဖွေကြ

လားဆ၊ မေ ၂၁ ရက် (ဆင်ဟွာ)
ဆောင်းပိုးနွေမြက် (ရှီးပဒီး)များသည် အဓိကအားဖြင့် ပင်လယ်ရေမျက်နှာပြင်အထက် အမြင့် မီတာ ၃၅၀၀ မှ ၅၀၀၀ ရှိသည့် အလွန်အေးခဲသည့် တောင်တန်းဒေသတွင် ပေါက်ဖွားရှိသည်။ ၎င်း၏အလွန်နည်းပါးသည့် အထွက်နှုန်းပမာဏနှင့် အလွန်ဆေးဖက်ဝင်မှုကြောင့် “ရွှေအပျော့” ဟု အမည်တွင်သည်။
ရှီးဇန့်ဒေသတွင် ရှီးပဒီး အဓိကထွက်သည့်ဒေသအနေဖြင့် နာ့ချွီမြို့ ဆိုခရိုင်မှ ရှီးပဒီး အရည်အသွေးသည် ဈေးကွက်တွင် နာမည်ကျော်ကြားသည်။ လတ်တလောရက်ပိုင်းတွင် ဒေသတွင်း၌ “နာ့ချွီမြို့ ရှီးပဒီး ကာကွယ်ရေး စီမံခန့်ခွဲမှု စည်းမျဉ်းစည်းကမ်း” အား တရားဝင်ကျင့်သုံးပြီးနောက် ပထမဆုံး ရှီးပဒီး တူးဖော်သည့် ရာသီသို့ ရောက်ရှိလာခဲ့သည်။
မေလတွင် နွေရာသီ စဝင်လာပြီဖြစ်သော်လည်း ဆိုခရိုင် ရှီးချန်းရွာ တောင်တန်းများကြား၌ ဆီးနှင်းများ အရည်ပျော်သွားခြင်း မရှိသေးပေ။ နံနက်ခင်းတွင် ဒေသခံများက ပိတ်အိတ်ကို ခါးတွင်ချည်၍ လက်တွင် ပေါက်တူးလေးကိုင်ကာ တောင်ပေါ်တက်၍ ရှီးပဒီးတူးကြသည်။ မြေပြင်အထက်တွင် ပေါ်ထွက်နေသည့် ရှီးပဒီး၏ အညိုရင့်ရောင် အဖူးထိပ်လေးသည် အလွန်သေးငယ်သဖြင့် လူများက တောင်မြင့်ထက် မြက်ခင်းပြင်တွင် တွားသွားဝပ်ကာ ရှီးပဒီး၏ အရိပ်အယောင်ကို တစ်နေရာချင်း ရှာဖွေကြရသည်။
“နာ့ချွီမြို့ ရှီးပဒီး ကာကွယ်ရေး စီမံခန့်ခွဲမှု စည်းမျဉ်းစည်းကမ်း” တွင် ရှီးပဒီရှာဖွေတူးဖော်သည့် နည်းလမ်း၊ တူးဖော်သည့် နေရာအတိုင်းအတာ၊ တူးဖော်သည့် အချိန်ကာလအကန့်အသတ်နှင့် သက်ဆိုင်ရာ စီမံခန့်ခွဲမှု အစီအမံများကို အတည်ပြုထားသည်။ ဒေသတွင်းကလည်း စီမံခန့်ခွဲမှု စည်းမျဉ်းစည်းကမ်းအရ ဒေသခံများအတွက် “ရှီးပဒီးတူးဖော်ခွင့်လက်မှတ်” ထုတ်ဝေပေးထားကာ ဒေသခံများက ရှီးပဒီးတူးဖော်ရာတွင် အဆိုပါလက်မှတ်ဖြင့် တောင်ပေါ်တက်ရမည်ဖြစ်သည်။
အခြေစိုက်ကေဒါများက ဒေသခံများကို “ကြီးသည်ကိုတူး၍ ငယ်သေးသည်ကို ချန်ထားရန်၊ မြေတွင်းကို ပြန်ဖို့ရန်” လမ်းညွှန်ပေးသောကြောင့် ဂေဟပတ်ဝန်းကျင်ကို ကာကွယ်ထိန်းသိမ်းပေးသည့် တစ်ချိန်တည်းတွင် အရင်းအမြစ်များ စဉ်ဆက်မပြတ် အသုံးချနိုင်ရန် အာမခံဖြစ်စေသည်။ ဒေသတွင်းရဲတပ်ဖွဲ့ဝင်များက နေ့စဉ် ကင်းလှည့်စစ်ဆေးခြင်းဖြင့် ဒေသခံများ ရှီးပဒီးတူးဖော်စဉ်အတွင်း အသက်နှင့် စည်းစိမ်ဥစ္စာ ဘေးကင်းလုံခြုံမှုကို အာမခံပေးကြသည်။
ရှီးပဒီးတူးခြင်းသည် ဒေသခံပြည်သူများ ဝင်ငွေတိုးသည့် အဓိကအရင်းအမြစ်များအနက် တစ်ခုဖြစ်သည်။ ရှီးချန်းရွာ၌ ရှီးပဒီးတူးသည့် ဒေသခံပြည်သူ ပိုင်ခါက “အခု ရှီးပဒီးတူးတာ ပိုပြီး စနစ်တကျဖြစ်လာတယ်။ နေ့တိုင်း ကျွန်မတို့က ပျော်ပျော်ပါးပါး တောင်ပေါ်တက်တယ်။ ညနေဆို ဘေးကင်းကင်းနဲ့ အိတ်ထဲမှာအပြည့်နဲ့ ပြန်လာတယ်” ဟု ဆိုခဲ့သည်။ နှင်းတောင်က သမားရိုးကျအသက်မွေးဝမ်းကျောင်းမှုနှင့် ယနေ့ခေတ် ဂေဟပတ်ဝန်းကျင် ကာကွယ်ထိန်းသိမ်းမှု အယူအဆတို့ ပေါင်းစပ်မှုနှင့် ရောယှက်မှုတို့ကို သက်သေထူလျက်ရှိပေသည်။ (Xinhua)

တရုတ်နိုင်ငံ ရှီးဇန့်ဒေသ နာ့ချွီမြို့ ဆိုခရိုင် ရှီးချန်းရွာတွင် ဒေသခံများက မြက်ခင်းပြင်ပေါ်တွင် ရှီးပဒီးများ ရှာဖွေနေသည်ကို မေ ၁၈ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

တရုတ်နိုင်ငံ ရှီးဇန့်ဒေသ နာ့ချွီမြို့ ဆိုခရိုင် ရှီးချန်းရွာတွင် ဒေသပြည်သူ့ရဲက ဒေသခံများကို ရှီးပဒီးရှာဖွေတူးဖော်ရန် လုံခြုံသည့်နေရာအား ပြသပေးနေသည်ကို မေ ၁၈ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

တရုတ်နိုင်ငံ ရှီးဇန့်ဒေသ နာ့ချွီမြို့ ဆိုခရိုင် ရှီးချန်းရွာတွင် တူးဖော်ပြီးခါစ ရှီးပဒီးကို မေ ၁၈ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

တရုတ်နိုင်ငံ ရှီးဇန့်ဒေသ နာ့ချွီမြို့ ဆိုခရိုင် ရှီးချန်းရွာတွင် ဒေသခံ ပိုင်ခါက ရှီးပဒီးအား သန့်စင်နေပုံကို မေ ၁၈ ရက်က တွေ့ရစဉ် (ဆင်ဟွာ)
————————–
(Chinese Version)
虫草采挖季:雪山前的匍匐寻觅
新华社照片,拉萨,2025年5月20日
冬虫夏草(简称“虫草”),主要生长于海拔3500米至5000米的高寒山区,因其极少的产量和较高的药用价值,素有“软黄金”之称。
作为西藏重要的虫草产地,那曲市索县虫草品质享誉市场。近日,当地迎来《那曲市冬虫夏草保护管理条例》正式施行后的首个虫草采挖季。
五月虽已入夏,但索县西昌乡山间的白雪尚未消融。清晨,牧民们腰系布袋、手持小锄上山采挖虫草。虫草露出地面的暗棕色芽尖很小,人们便匍匐在高山草甸间,一寸一寸寻觅虫草的踪迹。
《那曲市冬虫夏草保护管理条例》确定了虫草采集方式、采集范围、采集期限以及相关管理措施,当地按照管理条例为广大牧民审核发放“虫草采集证”,牧民们在采挖虫草期间需持证上山。
驻点干部指导牧民“采大留小、填平土坑”,保护生态环境的同时,确保资源可持续利用;当地警察每日巡查,保障牧民在虫草采挖过程中的生命及财产安全。
采挖虫草是当地牧民主要的增收来源之一,在西昌乡采挖虫草的牧民白嘎说:“现在采挖虫草更加规范了,每天早上我们高高兴兴上山,傍晚安安全全地满载而归。”雪山正见证着传统生计与现代生态保护理念的融合与交汇。
图说1、2:在那曲市索县西昌乡,牧民在草地上寻觅虫草(5月18日摄)。 新华社记者 丁增尼达 摄
图说3:在那曲市索县西昌乡,当地民警向牧民普及虫草采挖的安全区域(5月18日摄)。新华社记者 丁增尼达 摄
图说4:这是在那曲市索县西昌乡拍摄的刚采挖出的虫草(5月18日摄)。新华社记者 丁增尼达 摄
图说5:在那曲市索县西昌乡,牧民白嘎在清理虫草(5月18日摄)。新华社记者 丁增尼达 摄