Asia
တရုတ်နိုင်ငံနှင့် အာဆီယံ ၁၀ နိုင်ငံတို့ တရုတ်-အာဆီယံ လွတ်လပ်စွာ ကုန်သွယ်ရေးဒေသ ၃.၀ ဗားရှင်း ဆွေးနွေးညှိနှိုင်းမှု ဘက်စုံပြီးစီး

ပေကျင်း၊ မေ ၂၂ ရက် (ဆင်ဟွာ)
တရုတ်-အာဆီယံ စီးပွားရေးနှင့် ကုန်သွယ်ရေးဝန်ကြီးများ အထူးအစည်းအဝေးကို အွန်လိုင်းစနစ်ဖြင့် မေ ၂၀ ရက်က ကျင်းပခဲ့ကြောင်း၊ နှစ်ဖက် စီးပွားရေးနှင့် ကုန်သွယ်ရေး ဝန်ကြီးများက တရုတ်-အာဆီယံ လွတ်လပ်စွာ ကုန်သွယ်ရေးဒေသ ၃.၀ ဗားရှင်း ဆွေးနွေးညှိနှိုင်းမှု ဘက်စုံပြီးစီးပြီဖြစ်သည်ဟု အတူတကွ ကြေညာခဲ့ကြောင်း တရုတ်နိုင်ငံ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနက မေ ၂၁ ရက်တွင် ထုတ်ပြန်ခဲ့သည်။
၃.၀ ဗားရှင်း ဆွေးနွေးညှိနှိုင်းမှုကို ၂၀၂၂ ခုနှစ် နိုဝင်ဘာလတွင် စတင်လုပ်ဆောင်ခဲ့ပြီး အချိန်နှစ်နှစ်နီးပါးအကြာ တရားဝင် ဆွေးနွေးညှိနှိုင်းပြီးနောက် ၂၀၂၄ ခုနှစ် အောက်တိုဘာတွင် လက်တွေ့ပြီးစီးခဲ့သည်။ နိုင်ငံအသီးသီးမှ စီးပွားရေးနှင့် ကုန်သွယ်ရေးဝန်ကြီးများ၏ ဘက်စုံညှိနှိုင်းမှုနှင့် အတူတကွ တွန်းအားပေးမှုကြောင့် နှစ်ဖက်က ဆွေးနွေးညှိနှိုင်းမှု ဘက်စုံပြီးစီးခဲ့ကာ အဆင့်မြှင့်တင်မှု ပရိုတိုကောလ် (Protocol) လက်မှတ်ရေးထိုးရေး ရည်မှန်းချက်ဆီသို့ အရေးကြီးခြေလှမ်းတစ်လှမ်း လျှောက်လှမ်းနိုင်ခဲ့သည်။
၃.၀ ဗားရှင်းတွင် လွတ်လပ်စွာကုန်သွယ်ရေးကို ကာကွယ်ထိန်းသိမ်းရေးနှင့် တံခါးဖွင့်ပြီး ပူးပေါင်းဆောင်ရွက်ရေးဟူသည့် အားကောင်းသော အသံများ ထုတ်ဖော်ပြောကြားသွားမည်ဟု တရုတ်နိုင်ငံ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန တာဝန်ရှိပုဂ္ဂိုလ်က မိတ်ဆက်ပြောကြားခဲ့သည်။ တရုတ်နိုင်ငံနှင့် အာဆီယံသည် အပြန်အလှန်အားဖြင့် အကြီးဆုံး ကုန်သွယ်ရေးမိတ်ဖက်နှင့် အရေးကြီး ရင်းနှီးမြှုပ်နှံမှုမိတ်ဖက် အနေဖြင့် စီးပွားရေးဂလိုဘယ်လိုက်ဇေးရှင်းနှင့် နိုင်ငံစုံ ပူးပေါင်းဆောင်ရွက်ရေးဝါဒအား ခိုင်မာစွာ ထောက်ခံအားပေးသူများဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။
၃.၀ ဗားရှင်းတည်ဆောက်မှုသည် နှစ်ဖက် စီးပွားရေးနှင့် ကုန်သွယ်ရေး ပူးပေါင်းဆောင်ရွက်မှု၏ ဦးစားပေး ကိစ္စရပ်အနေဖြင့် နှစ်ဖက်က လွတ်လပ်စွာကုန်သွယ်ရေးအား အတူတကွ ကာကွယ်ထိန်းသိမ်းခြင်းနှင့် နက်ရှိုင်းအောင်ဆောင်ရွက်ခြင်း၏ အမှတ်သင်္ကေတပြုလောက်သော ရလဒ်ဖြစ်ကြောင်း၊ တစ်ကမ္ဘာလုံး စီးပွားရေးနှင့် ကုန်သွယ်ရေး ကြီးမားသော စိန်ခေါ်မှုနှင့် ရင်ဆိုင်နေရသည့် အခြေအနေအောက်တွင် နှစ်ဖက်က ဆွေးနွေးညှိနှိုင်းမှုများ ဘက်စုံပြီးစီးခဲ့ခြင်းသည် ကမ္ဘာကြီး ဖွံ့ဖြိုးတိုးတက်မှု အလားအလာနှင့် ကိုက်ညီပြီး လွတ်လပ်စွာကုန်သွယ်ရေးနှင့် တံခါးဖွင့် ပူးပေါင်းဆောင်ရွက်မှု၏ အားကောင်းသော ရှင်သန်စွမ်းအားကို ပေါ်လွင်စေကြောင်း၊ ယင်းသည် ဒေသတွင်းနှင့် ကမ္ဘာ့ကုန်သွယ်ရေးအတွက် ပိုမိုကြီးမားသော သေချာရေရာမှုများ ဖြည့်တင်းပေးကာ နိုင်ငံအသီးသီးက တံခါးဖွင့်၍ အားလုံးပါဝင်မှု၊ ပူးပေါင်းဆောင်ရွက်မှုဖြင့် အပြန်အလှန်အကျိုးဖြစ်ထွန်းစေမှုအား လက်ကိုင်ထားရေးအတွက် ဦးဆောင်စံနမူနာပြ အခန်းကဏ္ဍမှ ပါဝင်သွားမည်ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။
၃.၀ ဗားရှင်းတွင် အားလုံးပါဝင်သော၊ ခေတ်မီသော၊ ဘက်စုံဖြစ်သော၊ အပြန်အလှန် အကျိုးဖြစ်ထွန်းသော လွတ်လပ်စွာကုန်သွယ်ရေး သဘောတူညီချက်ကို ဖန်တီးသွားမည်ဖြစ်သည်ဟု မိတ်ဆက်ချက်အရ သိရသည်။
၃.၀ ဗားရှင်းတွင် ဒစ်ဂျစ်တယ်စီးပွားရေး၊ အစိမ်းရောင်စီးပွားရေး၊ ထောက်ပံ့ရေးကွင်းဆက် အပြန်အလှန် ချိတ်ဆက်မှု၊ စံနှုန်းနည်းပညာ ဥပဒေ စည်းမျဉ်းစည်းကမ်းနှင့် အဆင့်ပြည့်မီမှု အကဲဖြတ်ရေးလုပ်ငန်းစဉ်၊ အကောက်ခွန်လုပ်ငန်းစဉ်နှင့် ကုန်သွယ်ရေး အဆင်ပြေလွယ်ကူရေး၊ ကျန်းမာရေးနှင့် အပင်ပိုးမွှားရောဂါကင်းစင်ရေး အစီအမံ၊ ယှဉ်ပြိုင်မှုနှင့် စားသုံးသူအား ကာကွယ်ပေးရေး၊ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ (MSMEs)၊ စီးပွားရေး နည်းပညာ ပူးပေါင်းဆောင်ရွက်မှု စသည့် အသစ်တိုးကဏ္ဍ ၉ ခု ပါဝင်သည်။
ယင်းသည် နှစ်ဖက်က အခြေအနေအသစ်အောက်တွင် ပိုမိုကျယ်ပြန့်သောကဏ္ဍ၊ ပိုမိုနက်ရှိုင်းအလွှာဖြစ်သည့် ဒေသတွင်း စီးပွားရေး တစ်သားတည်းဖြစ်မှုအား တွန်းအားပေးဖော်ဆောင်ရန် အကျိုးပြုကာ နှစ်ဖက်၏ ကုန်ထုတ်လုပ်ရေးကွင်းဆက်နှင့် ထောက်ပံ့ရေးကွင်းဆက် နက်ရှိုင်းစွာပေါင်းစပ်မှုအား အင်တိုက်အားတိုက် တိုးမြှင့်ပေးမည်ဖြစ်သဖြင့် အရေးပါသော စာမျက်နှာသစ်ဖွင့်လှစ်သည့် အနက်အဓိပ္ပာယ်ရှိပေသည်။
၃.၀ ဗားရှင်းသည် တရုတ်-အာဆီယံ အေးအတူပူအမျှ အသိုက်အဝန်း တည်ဆောက်မှုကို အင်တိုက်အားတိုက် မြှင့်တင်ပေးမည်ဖြစ်သည်။ တရုတ်နှင့် အာဆီယံတို့သည် ဖွံ့ဖြိုးဆဲစီးပွားရေးအစုအဖွဲ့ နှစ်ခုအနေဖြင့် လွတ်လပ်စွာကုန်သွယ်ရေးဒေသ ၃.၀ ဗားရှင်း တည်ဆောက်မှုမှတစ်ဆင့် အပြန်အလှန် တံခါးဖွင့်မှုကို အတူတကွ တိုးချဲ့ကာ ထွန်းသစ်စကဏ္ဍနှင့် အရည်အသွေးသစ် ကုန်ထုတ်စွမ်းအား ပူးပေါင်းဆောင်ရွက်မှုကို ဘက်စုံချဲ့ထွင်သွားမည်ဖြစ်သည်။ ယင်းသည် တရုတ်-အာဆီယံ အလွန်ကြီးမားသောဈေးကွက် တည်ဆောက်မှုအတွက် အရေးပါသော စနစ်ပိုင်းဆိုင်ရာ အာမခံချက်ဖြစ်ပြီး တရုတ်-အာဆီယံ အေးအတူပူအမျှ အသိုက်အဝန်း တည်ဆောက်ရေးအား တွန်းအားပေးရန်၊ နှစ်ဖက် အတူတကွ စည်ပင်ဝပြောမှုနှင့် ဖွံ့ဖြိုးတိုးတက်မှု မြှင့်တင်ရန်အတွက် ရေရှည်စွမ်းအား ပံ့ပိုးပေးသွားမည်ဖြစ်သည်။
နောက်တစ်ဆင့်အနေဖြင့် နှစ်ဖက်က မိမိနိုင်ငံများပြည်တွင်း၌ လက်မှတ်ရေးထိုးခွင့်ပြုသည့် လုပ်ငန်းစဉ်ကို တက်ကြွစွာဖော်ဆောင်သွားမည်ဖြစ်ပြီး နှစ်ကုန်မတိုင်မီ တရုတ်-အာဆီယံ လွတ်လပ်စွာ ကုန်သွယ်ရေးဒေသ ၃.၀ ဗားရှင်း အဆင့်မြှင့်တင်မှု ပရိုတိုကောလ် (Protocol) အား တရားဝင် လက်မှတ်ရေးထိုးနိုင်ရန် တွန်းအားပေးသွားမည်ဖြစ်သည်။ (Xinhua)
———————-
(Chinese Version)
中国与东盟十国全面完成中国—东盟自贸区3.0版谈判
新华社北京5月21日电 商务部21日对外发布,5月20日,中国—东盟经贸部长特别会议以线上方式举行,双方经贸部长共同宣布全面完成中国—东盟自贸区3.0版谈判。
3.0版谈判于2022年11月启动,历经近两年时间、9轮正式谈判,于2024年10月实质性结束。在各国经贸部长全力协调和共同推动下,双方全面完成谈判,向签署升级议定书的目标又迈出关键一步。
商务部有关负责人介绍,3.0版将发出维护自由贸易与开放合作的强音。中国与东盟互为最大贸易伙伴和重要投资伙伴,均是经济全球化和多边主义的坚定支持者。3.0版建设作为双方经贸合作的优先事项,是双方共同维护和深化自由贸易的标志性成果。在全球经贸面临重大挑战的形势下,双方全面完成谈判,顺应了世界发展大势,彰显了自由贸易与开放合作的强大生命力,将为区域和全球贸易注入更大确定性,为各国坚持开放包容、合作共赢发挥引领示范作用。
据介绍,3.0版将打造包容、现代、全面、互利的自贸协定。3.0版包含数字经济、绿色经济、供应链互联互通、标准技术法规与合格评定程序、海关程序与贸易便利化、卫生与植物卫生措施、竞争和消费者保护、中小微企业、经济技术合作等9个新增章节,有利于双方在新形势下推进更宽领域、更深层次的区域经济一体化,将有力促进双方产供链深度融合,具有重要开创性意义。
据了解,3.0版将有力促进中国—东盟命运共同体建设。中国与东盟作为两大发展中经济体,通过自贸区3.0版建设共同扩大相互开放,全面扩展新兴领域和新质生产力合作,将为推动构建中国—东盟超大市场提供重要制度性保障,为推动中国—东盟命运共同体建设,促进双方共同繁荣与发展提供持久动力。
下一步,双方将积极推进各自国内签署批准程序,推动年底前正式签署中国—东盟自贸区3.0版升级议定书。(完)