Connect with us

China

ကင်မရာမှတစ်ဆင့် တရုတ်ပြည်တွင်း ပြည်ပချိတ်ဆက်ခြင်း – ဘယ်လက်တွင် ကော်ဖီ၊ ညာလက်တွင် လက်ဖက်ရည်ကြမ်းဖြင့် သောက်သုံးဖွယ်ရာနှစ်ခွက်မှ ထင်ဟပ်နေသော ယဉ်ကျေးမှု ကူးလူးဖလှယ်မှု

ပြင်သစ်နိုင်ငံ ပဲရစ်မြို့ရှိ ယဉ်လူလက်ဖက်ရည်ကြမ်းဆိုင်တွင် လက်ဖက်ရည်ကြမ်းသောက်ရင်း အပန်းဖြေနေသော ဧည့်သည်များကို ၂၀၂၄ ခုနှစ် ဇူလိုင် ၃ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ မေ ၂၂ ရက် (ဆင်ဟွာ)
၂၀၁၉ ခုနှစ်တွင် ကုလသမဂ္ဂ အထွေထွေညီလာခံက နှစ်စဉ် မေ ၂၁ ရက်ကို “နိုင်ငံတကာ လက်ဖက်ရည်နေ့ (International Tea Day)” ဟု သတ်မှတ်ခဲ့သည်။ ၂၀၂၂ ခုနှစ်တွင် “တရုတ်ရိုးရာ လက်ဖက်ရည်ပြုလုပ်ခြင်း နည်းပညာနှင့် ၎င်းနှင့်သက်ဆိုင်သော ဓလေ့များ” သည် ကုလသမဂ္ဂ ပညာရေး၊ သိပ္ပံနှင့် ယဉ်ကျေးမှုအဖွဲ့ (UNESCO) ၏ လူသားမျိုးနွယ်ကိုယ်စားပြု ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ် စာရင်းဝင်အဖြစ် ထည့်သွင်း သတ်မှတ်ခံခဲ့ရသည်။ လက်ဖက်သည် တရုတ်နိုင်ငံမှ မြစ်ဖျားခံခဲ့ပြီး စီးပွားရေးလှုပ်ရှားမှုနှင့် ယဉ်ကျေးမှု ကူးလူးဖလှယ်မှုမှတစ်ဆင့် ကမ္ဘာကြီးသို့ အဆက်မပြတ် ရောက်ရှိသွားခြင်းဖြစ်သည်။

ကော်ဖီဆိုင်များ အပြည့်ရှိသည့် ပြင်သစ်နိုင်ငံ ပဲရစ်မြို့တွင် ယနေ့အခါ တရုတ်လက်ဖက်ရည်ကြမ်းဆိုင်များ၏ အရိပ်အယောင်များ တွေ့မြင်လာရသည်။ “စီချွမ်းသူလေး” နှစ်ဦးဖြစ်သူ ယန်ယဉ်နှင့် ဝမ်လိတို့သည် ပဲရစ်မြို့ အမှတ် ၈ ဇုန်၌ ယဉ်လူလက်ဖက်ရည်ကြမ်းဆိုင်ကို ဖွင့်လှစ်ခဲ့သည်။ ၎င်းတို့သည် တရုတ်ရိုးရာ ကွန်ဖူးလက်ဖက်ရည်ကြမ်းနှင့် ဆန်းသစ်တီထွင်သော တရုတ်စတိုင် အချိုပွဲမုန့်များကို အဓိကထား၍ တရုတ်လက်ဖက်ရည်ကြမ်း၏ အနေအထားအသစ်ကို တင်ဆက်ဖော်ပြခြင်းဖြင့် လူများက တရုတ်လက်ဖက်ရည်ကြမ်းကို နှစ်သက်လာရန် တရုတ်ယဉ်ကျေးမှု၏ အနှိုင်းမဲ့ဆွဲဆောင်မှုအားကို သိမြင်လာရန် လုပ်ဆောင်လျက်ရှိသည်။

လူများက တရုတ်လက်ဖက်ရည်ကြမ်းယဉ်ကျေးမှုအပေါ် များစွာစိတ်ဝင်စားလာကြခြင်းကြောင့်လည်း ပိုမိုများပြားသည့် သက်ဆိုင်ရာလုပ်ငန်းအခြေအနေများ အလိုက်သင့်ပေါ်ထွက်လာစေသည်။ လက်ဖက်ရည်ကြမ်း ပညာရှင် ကျန်းလော့သည် ပြင်သစ်နိုင်ငံ ပဲရစ်မြို့တွင် “ယိလော့ရယ်” ဟု အမည်ရသည့် တရုတ်လက်ဖက်ရည်ကြမ်း စတူဒီယိုတစ်ခု ထူထောင်ခဲ့သည်။ ထိုစတူဒီယိုတွင် တရုတ်စတိုင် ဥယျာဉ် ဓလေ့တို့ ပြည့်နှက်နေသော ခြံဝန်းငယ်လေးထဲ၌ ပြင်သစ်၊ တရုတ်၊ မော်ရိုကို၊ ဂျပန် စသည့်ဒေသများမှ ကျောင်းသား၊ ကျောင်းသူများအတွက် လက်ဖက်ရည်ကြမ်းပညာ သင်ခန်းစာကို အပတ်စဉ် သင်ကြားပေးလျက်ရှိသည်။

လက်ဖက်ရည်ကြမ်းနှင့် ကော်ဖီသည် ကမ္ဘာပေါ်တွင်ရေပန်းစားနေသည့် ကျန်းမာရေးအတွက် ကောင်းမွန်သော သောက်သုံးဖွယ်ရာ နှစ်မျိုးဖြစ်သလို တရုတ်နိုင်ငံ ယူနန်ပြည်နယ် ဖူအယ်မြို့၏ တောက်ပြောင်သော အမည်ကတ်နှစ်ခုလည်း ဖြစ်ပေသည်။ ဖူအယ်မြို့တွင် ကော်ဖီစိုက်ခင်းများနှင့် လက်ဖက်စိုက်ခင်းများ ရောယှက်ကာ တစ်ဆက်တည်း စီတန်းတည်ရှိနေသည်။
ကော်ဖီလုပ်ငန်းများ သာယာဝပြော တိုးတက်လာပြီး ကော်ဖီအမျိုးမျိုးကိုလည်း နေရာတကာတွင် တွေ့မြင်နိုင်သည်။ ထို့ပြင် စိုက်ပျိုးရေး၊ စက်မှုလုပ်ငန်း၊ ကော်ဖီယဉ်ကျေးမှု လက်တွေ့ခံစားခြင်း၊ အပန်းဖြေအနားယူခြင်းတို့ကို တစ်သားတည်းပေါင်းစပ်ထားသည့် ကော်ဖီဥယျာဉ်များကလည်း ခရီးသွားဧည့်သည်များ ကော်ဖီယဉ်ကျေးမှုအကြောင်း ထဲထဲဝင်ဝင် လာရောက်လေ့လာပြီး ကော်ဖီက သယ်ဆောင်လာသော စိတ်ဝင်စား ပျော်ရွှင်ဖွယ်ရာများ ခံစားရန် ဆွဲဆောင်လျက်ရှိသည်။

တရုတ်နိုင်ငံ၏ ယူနန်ပြည်နယ်သည် လက်ဖက်ပင်များကို လူအားဖြင့်စိုက်ပျိုးထားသည့် ကြာရှည်သော သမိုင်းရှိကာ လက်ဖက်ယဥ်ကျေးမှု ဖြန့်ချိရာတွင် အရေးပါဆုံးနေရာတစ်ခုလည်း ဖြစ်ပေသည်။ ကော်ဖီစေ့ငယ်လေးက ယူနန်ပြည်နယ်တွင် အမြစ်တွယ် အညှောင့်ပေါက်လာသည်နှင့်အမျှ “ပေါက်ဖွား” လာသော ကော်ဖီလုပ်ငန်းကွင်းဆက်ကလည်း ဈေးကွက်ကြီးကို ပျိုးထောင်လျက်ရှိသည်။

ဘယ်လက်တွင် ကော်ဖီ၊ ညာလက်တွင် လက်ဖက်ရည်ကြမ်းဖြင့် သောက်သုံးဖွယ်ရာနှစ်ခွက်သည် ယဉ်ကျေးမှု ကူးလူးဖလှယ်မှုနှင့် ပေါင်းစပ်မှုကို ထင်ဟပ်လျက်ရှိပေသည်။ (Xinhua)

ပြင်သစ်နိုင်ငံ ပဲရစ်မြို့ရှိ ယဉ်လူလက်ဖက်ရည်ကြမ်းဆိုင်ရှိ တရုတ်စတိုင် လက်ဖက်ရည်ကြမ်းနှင့် မုန့်များကို ၂၀၂၄ ခုနှစ် ဇူလိုင် ၃ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

တရုတ်နိုင်ငံ ယူနန်ပြည်နယ် ဖူအယ်မြို့ စီးမောင်ခရိုင် ပေကွေးကော်ဖီဥယျာဉ်ပြခန်းအား ၂၀၂၅ ခုနှစ် ဇန်နဝါရီ ၁ ရက်က တွေ့ရစဥ် (ဆင်ဟွာ)

တရုတ်နိုင်ငံ ယူနန်ပြည်နယ် ဖူအယ်မြို့ နင်အော် ဟားနီလူမျိုး ယီလူမျိုး ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရခရိုင်ရှိ ကော်ဖီဥယျာဉ်တစ်ခုတွင် ကော်ဖီဖျော်နေသော ကော်ဖီဆရာကို ၂၀၂၅ ခုနှစ် မေ ၁၅ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

တရုတ်နိုင်ငံ ယူနန်ပြည်နယ် ဖူအယ်မြို့ နင်အော် ဟားနီလူမျိုး ယီလူမျိုး ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရခရိုင် မေကျီမြို့နယ် ကျန့်စဲ့ရွာ လဲ့တုန်းဆန်း လက်ဖက်ဥယျာဉ်တွင် နွေဦးလက်ဖက် ခူးဆွတ်နေသော လက်ဖက်တောင်သူများကို ၂၀၂၅ ခုနှစ် ဧပြီ ၁၅ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

တရုတ်နိုင်ငံ ယူနန်ပြည်နယ် ဖူအယ်မြို့ စီးမောင်ခရိုင် တာ့ခိုင်းဟော်မေကျီ ကော်ဖီဥယျာဉ်ရှိ ကော်ဖီနေလှန်းကွင်းတွင် ဝန်ထမ်းများက ကော်ဖီနေလှန်းနေသည်ကို ၂၀၂၅ ခုနှစ် ဇန်နဝါရီ ၇ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

—————————-
(Chinese Version)
镜头连中外|左手咖啡右手茶 两杯饮品折射出的文化交流
新华社照片,北京,2025年5月21日
2019年,联合国大会宣布将每年5月21日定为“国际茶日”。2022年,“中国传统制茶技艺及其相关习俗”被列入联合国教科文组织人类非物质文化遗产代表作名录。茶源于中国,也通过经济活动和文化交流不断走向世界。
在遍布咖啡馆的法国巴黎,如今也能看到中国茶馆的身影。两名“川妹子”杨颖和王莉创立了位于巴黎8区隐庐茶室,以中国传统功夫茶和创意新中式甜品为切口,展示中国茶的新姿态,让更多的人爱上中国茶,看到中国文化的无穷魅力。人们对中国茶文化浓厚的好奇,也让更多相关的新业态应运而生。茶艺师张乐在法国巴黎创立了名为“一乐也”的中国茶工作室,每周在充满中式园林风情的小院里为来自法国、中国、摩洛哥、日本等地的学生上茶艺课。
茶和咖啡,是风行世界的两大健康饮品,也是云南省南部普洱市的两张靓丽的名片。在普洱,一片片咖啡田与茶田交织,延绵不绝,咖啡产业繁荣发展,各式各样的咖啡馆遍地开花。更有集农业、工业、咖啡文化体验、休闲养生度假为一体的咖啡庄园,吸引游客前来深入了解咖啡文化,感受咖啡带来的乐趣。中国的云南有着悠久的茶树人工栽培历史,也是茶文化传播的重要节点。随着小小的咖啡种子在云南生根发芽,“萌发”出的咖啡产业链正在孕育大市场。
左手咖啡右手茶,两杯饮品折射出的是文化间的交流与融合。
图说1:客人在法国巴黎隐庐茶室喝茶休闲(2024年7月3日摄)。 新华社记者 高静 摄
图说2:这是在法国巴黎隐庐茶室拍摄的新中式创意茶点(2024年7月3日摄)。 新华社记者 高静 摄
图说3:咖啡师在云南省普洱市宁洱哈尼族彝族自治县一家咖啡庄园冲泡咖啡(2025年5月15日摄)。 新华社发(杨廷荣摄)
图说4:这是云南省普洱市思茅区北归咖啡庄园的展示大厅(2025年1月7日摄)。 新华社记者 孙瑞博 摄
图说5:茶农在云南省普洱市宁洱哈尼族彝族自治县梅子镇建设村乐东山茶园采摘春茶(无人机照片,2025年4月15日摄)。 新华社发(杨廷荣摄)
图说6:工作人员在云南省普洱市思茅区大开河梅子咖啡庄园的咖啡晒场翻晒咖啡(无人机照片,2025年1月7日摄)。 新华社记者 陈欣波 摄