China
ထိုက်ဟန်တောင်တန်းက မက္ကာကွေမျောက်များ၏ ပျော်စံရာဥယျာဉ်

ယန်ချိန်၊ မေ ၂၂ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ ဆန်းရှီးပြည်နယ် ယန်ချိန်ခရိုင်ရှိ မန်ဟော် မက္ကာကွေမျောက် အမျိုးသား သဘာဝဘေးမဲ့တောကို ၁၉၈၃ ခုနှစ်တွင် စတင်တည်ဆောက်ခဲ့ရာ မက္ကာကွေမျောက် စသည့် ရှားပါး တောရိုင်းတိရစ္ဆာန်များနှင့် သစ်တောဂေဟစနစ် ကာကွယ်ထိန်းသိမ်းရေးအတွက် အဓိကထားသည့် သဘာဝဘေးမဲ့တောဖြစ်သည်။
ယခုနှစ်ပိုင်းများတွင် သဘာဝဘေးမဲ့တောဧရိယာသည် ဂေဟစနစ်ကြီးကြပ်ခြင်း၊ အရင်းအမြစ် ကာကွယ်ထိန်းသိမ်းခြင်း၊ သိပ္ပံသုတေသန စောင့်ကြည့်ခြင်းနှင့် လူထုပညာပေးခြင်းများကို ကောင်းမွန်အောင် စုစည်းစီမံဆောင်ရွက်လျက်ရှိသည့် အခြေခံပေါ်တွင် မက္ကာကွေမျောက်များနှင့် ၎င်းတို့နေထိုင်ကြီးပြင်းရာနေရာများအား ကာကွယ်ထိန်းသိမ်းမှုကို စဉ်ဆက်မပြတ် မြှင့်တင်ဆောင်ရွက်ခဲ့ရာ မက္ကာကွေမျောက်မျိုး အရေအတွက်သည် တဖြည်းဖြည်း တိုးတက်သည့်အခြေအနေရှိလာခဲ့သလို လှုပ်ရှားသည့်ဧရိယာနှင့် ဖြန့်ကြက်သည့်နေရာအတိုင်းအတာလည်း ဆက်တိုက် ကျယ်ပြန့်လာသည်။
လက်ရှိ ဘေးမဲ့တောတွင် မက္ကာကွေမျောက်အရေအတွက်သည် ဘေးမဲ့တော တည်ဆောက်ခါစက အကောင်ရေ တစ်ရာကျော်သာရှိရာမှ အကောင်ရေ ၂,၀၀၀ ကျော်အထိ တိုးပွားလာကြောင်း စစ်တမ်း စောင့်ကြည့်လေ့လာသည့် အချက်အလက်များတွင် ဖော်ပြထားသည်။ (Xinhua)

တရုတ်နိုင်ငံ ဆန်းရှီးပြည်နယ် ယန်ချိန်ခရိုင် မန်ဟော် မက္ကာကွေမျောက် အမျိုးသား သဘာဝ ဘေးမဲ့တောတွင် မက္ကာကွေမျောက်လေးအား ၂၀၂၅ ခုနှစ် မေ ၂၁ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

တရုတ်နိုင်ငံ ဆန်းရှီးပြည်နယ် ယန်ချိန်ခရိုင် မန်ဟော် မက္ကာကွေမျောက် အမျိုးသား သဘာဝ ဘေးမဲ့တောတွင် အစာစားနေသော မက္ကာကွေမျောက်များအား ၂၀၂၅ ခုနှစ် မေ ၂၁ ရက်က တွေ့ရစဉ် (ဆင်ဟွာ)
————————-
(Chinese Version)
太行山里的猕猴乐园
新华社照片,阳城(山西),2025年5月22日
位于太行山深处的山西阳城蟒河猕猴国家级自然保护区始建于1983年,是以保护猕猴等珍稀野生动物和森林生态系统为主的自然保护区。 近年来,保护区在统筹抓好生态监管、资源保护、科研监测和公众宣教的基础上,持续加强对猕猴及其栖息地的保护力度,猕猴种群数量呈现稳步增长趋势,活动区域和分布范围持续扩大。 调查监测数据表明,目前,保护区内猕猴数量已从建区之初的百余只增长到2000余只。 新华社记者 杨晨光 摄
1. 山西阳城蟒河猕猴国家级自然保护区一景(5月21日摄,无人机照片)。
2. 这是在山西阳城蟒河猕猴国家级自然保护区拍摄的猕猴(5月21日摄)。
3. 猕猴在山西阳城蟒河猕猴国家级自然保护区进食(5月21日摄)。