Connect with us

China

တရုတ်နိုင်ငံတွင် မျိုးသုဉ်းလုနီးပါးမျိုးစိတ် ဒေါင်းစိမ်းအား လူအကူအညီဖြင့် မွေးဖွား၍ တောရိုင်းထဲ ပြန်လည် ပို့ဆောင်ခြင်း စမ်းသပ်မှုတွင် အရေးကြီးတိုးတက်မှု ရရှိ

တရုတ်နိုင်ငံ ယူနန်ပြည်နယ် ဝေ့ဆန်းခရိုင် ချင်းဟွာ ဒေါင်းစိမ်း ပြည်နယ်အဆင့် သဘာဝ ဘေးမဲ့တော တောရိုင်းထဲ ပြန်လည်ပို့ဆောင်ရန် စမ်းသပ်မှု အခြေစိုက်စခန်း၌ လူအကူအညီဖြင့် မွေးဖွားထားသော ဒေါင်းစိမ်းတစ်ကောင် သွားလာနေသည်ကို မေ ၂၀ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ကူမင်း၊ မေ ၂၃ ရက် (ဆင်ဟွာ)

လေးနှစ်ကျော်ကြာ သုတေသနပြု စမ်းသပ်ပြီးနောက် ဒေါင်းစိမ်းအား လူအကူအညီဖြင့် မွေးဖွား၍ တောရိုင်းထဲ ပြန်လည် ပို့ဆောင်ခြင်း စမ်းသပ်မှုသည် အရေးကြီးတိုးတက်မှုများ ရရှိခဲ့သည်ဟု မကြာသေးမီက တရုတ်နိုင်ငံ ယူနန်ပြည်နယ် သစ်တောနှင့် မြက်ခင်းပြင်ရေးရာဌာနမှ သတင်းထောက်က သိရှိခဲ့ရသည်။
၂၀၂၄ ခုနှစ်တွင် ဒေါင်းစိမ်း အကောင်ရေ ၄၈ ကောင်အား အောင်မြင်စွာ မွေးဖွားပေးနိုင်ခဲ့သောကြောင့် လူအကူအညီဖြင့် မွေးဖွားပေးမှုနှုန်းသည် လွန်ခဲ့သည့် သုံးနှစ်က ၁၅ ရာခိုင်နှုန်းမှ ၇၃.၈၅ ရာခိုင်နှုန်းအထိ တိုးမြှင့်လာနိုင်ခဲ့သည်။

တစ်ချိန်တည်းတွင် လူအကူအညီဖြင့် မွေးဖွားသည့် ဒေါင်းစိမ်းသည် မေလတွင် ယူနန်ပြည်နယ် ဝေ့ဆန်းခရိုင် ချင်းဟွာ ဒေါင်းစိမ်း ပြည်နယ်အဆင့် သဘာဝ ဘေးမဲ့တောအတွင်း၌ ဥ ၄ လုံး ဥချနိုင်ခဲ့ပြီး သားပေါက် ၄ ကောင် အောင်မြင်စွာ အကောင်ပေါက်ခဲ့သဖြင့် ပထမဆုံးအကြိမ်အဖြစ် လူအကူအညီဖြင့် မွေးဖွားသည့် ဒေါင်းစိမ်းသည် တောရိုင်းပုံတူပြုထားသည့် ပတ်ဝန်းကျင်တွင် သဘာဝအလျောက် မျိုးပွားမှုကို လုပ်ဆောင်နိုင်ခဲ့သည်။ ယင်းသည် တရုတ်နိုင်ငံ၏ ဒေါင်းစိမ်းများ တောရိုင်းထဲတွင် အသက်ရှင်နေထိုင်မှု စွမ်းရည် ပြန်လည်တိုးတက်လာမှုအတွက် အရေးကြီးတိုးတက်မှုရရှိသည်ကို အမှတ်သင်္ကေတပြုလျက်ရှိသည်။

ဒေါင်းစိမ်းသည် တရုတ်နိုင်ငံ၏ တစ်ခုတည်းသော ဒေသတွင်း၌ပေါက်ဖွားသည့် ဒေါင်းဖြစ်သည်။ အကောင်ရေ အလွန်နည်းပါးသဖြင့် နိုင်ငံတော် အဆင့် (၁) အဓိက ကာကွယ်ထိန်းသိမ်းရေး တိရစ္ဆာန် စာရင်းဝင်ကာ အပြည်ပြည်ဆိုင်ရာ သဘာဝထိန်းသိမ်းရေးအဖွဲ့ (IUCN) က မျိုးသုဉ်းရန်အန္တရာယ်ရှိသည့်အဆင့်အဖြစ် သတ်မှတ်ခဲ့ပြီး တရုတ်နိုင်ငံ အမျိုးသားသစ်တောနှင့် မြက်ခင်းပြင်ရေးရာ ဦးစီးဌာနက “၁၄ ကြိမ်မြောက် ၅ နှစ် စီမံကိန်း” ကာလအတွင်း အရေးပေါ်ကယ်ဆယ်မှုပုံစံ ကာကွယ်ရေးလုပ်ငန်းလုပ်ဆောင်သည့် မျိုးသုဉ်းလုနီးပါး အန္တရာယ်ရှိသည့် တောရိုင်းတိရစ္ဆာန် ၄၈ မျိုးအနက် တစ်မျိုးလည်း ဖြစ်ပေသည်။ (Xinhua)

တရုတ်နိုင်ငံ ယူနန်ပြည်နယ် ဝေ့ဆန်းခရိုင် ချင်းဟွာ ဒေါင်းစိမ်း ပြည်နယ်အဆင့် သဘာဝ ဘေးမဲ့တော တောရိုင်းထဲ ပြန်လည်ပို့ဆောင်ရန် စမ်းသပ်မှု အခြေစိုက်စခန်း၌ လူအကူအညီဖြင့် မွေးဖွားထားသော ဒေါင်းစိမ်းတစ်ကောင် သွားလာနေသည်ကို မေ ၂၀ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

တရုတ်နိုင်ငံ ယူနန်သစ်တော သဘာဝစင်တာ၌ မွေးကင်းစ တစ်ရက်သား ဒေါင်းပေါက်လေး ၂ ကောင်ကို မေ ၁၉ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

တရုတ်နိုင်ငံ ယူနန်ပြည်နယ် ဝေ့ဆန်းခရိုင် ချင်းဟွာ ဒေါင်းစိမ်း ပြည်နယ်အဆင့် သဘာဝ ဘေးမဲ့တော ကာကွယ်ရေးဌာန ဝန်ထမ်းများက ဗီဒီယိုစောင့်ကြည့်ရေးစနစ်မှတစ်ဆင့် တောရိုင်းထဲ ပြန်လည်ပို့ဆောင်ရန် စမ်းသပ်မှု အခြေစိုက်စခန်းထဲတွင် ဒေါင်းစိမ်း လှုပ်ရှားသွားလာနေမှု အခြေအနေအား ကြည့်ရှုနေသည်ကို မေ ၂၀ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

တရုတ်နိုင်ငံ ယူနန်ပြည်နယ် ဝေ့ဆန်းခရိုင် ချင်းဟွာ ဒေါင်းစိမ်း ပြည်နယ်အဆင့် သဘာဝ ဘေးမဲ့တော ကာကွယ်ရေးဌာန ဝန်ထမ်းများက လူများနှောင့်ယှက်မှုအား လျှော့ချရန်အတွက် အံဆွဲပုံစံ အစာခွက်မှတစ်ဆင့် ဒေါင်းစိမ်းအား အစာကျွေးနေသည်ကို မေ ၂၀ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

———————–
(Chinese Version)
新华全媒+|濒危物种绿孔雀人工繁育与野化放归试验取得关键进展
新华社照片,昆明,2025年5月22日
近日,记者从云南省林业和草原局获悉,经过四年多研究试验,绿孔雀人工繁育与野化放归试验取得关键进展。2024年成功繁育绿孔雀48只,人工繁育孵化率从三年前的15%提升至73.85%。同时,人工繁育的绿孔雀5月在巍山青华绿孔雀省级自然保护区产卵4枚并成功孵化4只雏鸟,首次实现人工繁育绿孔雀在模拟野外环境中自然繁殖,标志着我国绿孔雀野外生存能力恢复取得关键进展。
绿孔雀是中国唯一的本土原生孔雀,由于种群数量极为稀少,被列为国家一级重点保护野生动物,被世界自然保护联盟评估为濒危等级,是国家林草局“十四五”期间实施抢救性保护的48种极度濒危野生动物之一。
图说1、2:5月20日,一只人工繁育的绿孔雀在巍山青华绿孔雀省级自然保护区野化放归试验基地活动。新华社记者 胡超 摄
图说3:5月19日在云南森林自然中心拍摄的两只刚出生一天的小孔雀。新华社记者 胡超 摄
图说4:5月20日,巍山青华绿孔雀省级自然保护区管护局工作人员通过视频监控系统查看绿孔雀在野化放归试验基地的活动情况。新华社记者 赵珮然 摄
图说5:5月20日,巍山青华绿孔雀省级自然保护区管护局工作人员通过抽屉式食槽投喂绿孔雀,减少人为干扰。新华社记者 胡超 摄

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.