China
ရှီကျင့်ဖိန်နှင့် ဂျာမနီနိုင်ငံ ဝန်ကြီးချုပ် Friedrich Merz ဖုန်းဖြင့် ဆက်သွယ်ဆွေးနွေး

ပေကျင်း၊ မေ ၂၄ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် ဖိတ်ကြားချက်အရ ဂျာမနီနိုင်ငံ ဝန်ကြီးချုပ် Friedrich Merz နှင့် မေ ၂၃ ရက် ညနေပိုင်းတွင် ဖုန်းဖြင့် ဆက်သွယ်ဆွေးနွေးခဲ့သည်။
ထိုသို့ ဆွေးနွေးရာတွင် ရှီကျင့်ဖိန်က Friedrich Merz ဂျာမနီနိုင်ငံ ဝန်ကြီးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခြင်းအတွက် ထပ်မံဂုဏ်ပြုကြောင်း ပြောကြားခဲ့သည်။ လက်ရှိ ကမ္ဘာသည် ရာစုနှစ် အပြောင်းအလဲများ အရှိန်အဟုန်မြင့် ဆင့်ကဲဖြစ်ပေါ်လျက်ရှိရာ နိုင်ငံတကာအခြေအနေများ ပြောင်းလဲရှုပ်ထွေးလျက်ရှိပြီး တရုတ်-ဂျာမနီ၊ တရုတ်-ဥရောပဆက်ဆံရေး၏ မဟာဗျူဟာမြောက်မှု၊ အခင်းအကျင်းတစ်ရပ်လုံး၏ အနက်အဓိပ္ပာယ် ပိုမိုသိသာထင်ရှားလာကြောင်း ရှီကျင့်ဖိန်က ထောက်ပြပြောကြားခဲ့သည်။
ကောင်းမွန်တည်ငြိမ်သော တရုတ်-ဂျာမနီ ဆက်ဆံရေးသည် နှစ်နိုင်ငံ အကျိုးစီးပွားနှင့် ကိုက်ညီသလို တရုတ်-ဥရောပ နယ်ပယ်အသီးသီး၏ မျှော်လင့်ချက်နှင့်လည်း ကိုက်ညီကြောင်း၊ တရုတ်နိုင်ငံအနေဖြင့် ဂျာမနီနှင့်အတူ ဘက်စုံ မဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေး စာမျက်နှာသစ် ဖွင့်လှစ်သွားကာ တရုတ်-ဥရောပဆက်ဆံရေး တိုးတက်မှုအသစ်ရရှိရန် ဦးဆောင်၍ ကမ္ဘာ့စီးပွားရေး တည်ငြိမ်စွာတိုးတက်ရေးအတွက် အကျိုးအသစ်များ ထမ်းဆောင်သွားလိုကြောင်း ၎င်းက ပြောကြားခဲ့သည်။
တရုတ်-ဂျာမနီ နှစ်နိုင်ငံသည် အမြဲတစေ အပြန်အလှန် လေးစားသော၊ တူညီမှုများကို ရှာဖွေပြီး ကွဲပြားမှုများကို ထိန်းသိမ်းထားသော၊ ပူးပေါင်းဆောင်ရွက်မှုဖြင့် အပြန်အလှန် အကျိုးဖြစ်ထွန်းမှု ဖော်ဆောင်သော စိတ်ဓာတ်ကို အရင်းခံ၍ နှစ်ဖက်ဆက်ဆံရေး တိုးတက်မှု ဖော်ဆောင်ခဲ့ကြောင်း၊ အဆိုပါ ကောင်းမွန်သော အစဉ်အလာသည် နှစ်ဖက်က အသေးစိတ်စောင့်ရှောက်ရန်၊ လက်ဆင့်ကမ်း တိုးတက်အောင် လုပ်ဆောင်ရန် လိုအပ်ကြောင်း ရှီကျင့်ဖိန်က အလေးထား ပြောကြားခဲ့သည်။
ပထမအချက်အနေဖြင့် နိုင်ငံရေးအရ အပြန်အလှန်ယုံကြည်မှုကို ခိုင်မြဲအောင် လုပ်ဆောင်ရမည်ဖြစ်ကြောင်း၊ တရုတ်နိုင်ငံသည် ဂျာမနီနိုင်ငံအား မိတ်ဖက်အဖြစ် သဘောထားပြီး ဂျာမနီနိုင်ငံ ဖွံ့ဖြိုးတိုးတက် စည်ပင်ဝပြောမှုကို တွေ့မြင်လိုကြောင်း၊ ဂျာမနီနိုင်ငံနှင့်အတူ အဆင့်မြင့်အလွှာ ရင်းနှီးစွာ သွားလာဆက်ဆံ၍ အပြန်အလှန်၏ အဓိကအကျိုးစီးပွားများကို လေးစားကာ နှစ်နိုင်ငံဆက်ဆံရေး၏ နိုင်ငံရေးအခြေခံကို ခိုင်မြဲအောင် လုပ်ဆောင်သွားလိုကြောင်း ၎င်းက ပြောကြားခဲ့သည်။
ဒုတိယအချက်အနေဖြင့် နှစ်ဖက်ဆက်ဆံရေး၏ ကြံ့ကြံ့ခံနိုင်မှုစွမ်းရည်ကို မြှင့်တင်ရမည်ဖြစ်ကြောင်း၊ နှစ်ဖက်က မော်တော်ကား၊ စက်ပစ္စည်း ထုတ်လုပ်မှု၊ ဓာတုစက်မှုလုပ်ငန်း စသည့် သမားရိုးကျကဏ္ဍ ရှိရင်းစွဲ ပူးပေါင်းဆောင်ရွက်မှု ပမာဏကို ဆက်လက်တိုးတက်ကြီးမားလာအောင် လုပ်ဆောင်ရမည့်အပြင် ဉာဏ်ရည်တု၊ ကွမ်တန်နည်းပညာ စသည့် ရှေ့ပြေးကဏ္ဍများ၌ ထပ်တိုး ပူးပေါင်းဆောင်ရွက်မှု ပမာဏ တိုးတက်လာအောင် ပျိုးထောင်ရမည်ဖြစ်ကြောင်း၊ ရာသီဥတုပြောင်းလဲမှု၊ အစိမ်းရောင် ဖွံ့ဖြိုးတိုးတက်မှု စသည့် ကဏ္ဍများ၌ ကူးလူးဖလှယ် ပူးပေါင်းဆောင်ရွက်မှုကို တိုးမြှင့်၍ တစ်ကမ္ဘာလုံး စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှုအတွက် တရုတ်-ဂျာမနီ ဉာဏ်ပညာနှင့် နည်းလမ်းဖြင့် အကျိုးထမ်းဆောင်သွားမည် ဖြစ်ကြောင်း ရှီကျင့်ဖိန်က ပြောကြားခဲ့သည်။
တတိယအချက်အနေဖြင့် ပူးပေါင်းဆောင်ရွက်မှုစွမ်းအားကို မြှင့်တင်ရမည်ဖြစ်ကြောင်း၊ တရုတ်နိုင်ငံအနေဖြင့် ဂျာမနီနှင့်အတူ အဆင့်မြင့် တံခါးဖွင့်လှစ်မှုမှ သယ်ဆောင်လာသော ဖွံ့ဖြိုးတိုးတက်မှု အခွင့်အလမ်းကို မျှဝေသွားလိုကြောင်း၊ ဂျာမနီဘက်က နှစ်နိုင်ငံ၏ နှစ်ဖက် ရင်းနှီးမြှုပ်နှံ ပူးပေါင်းဆောင်ရွက်မှုအတွက် ပိုမိုများပြားသည့် မူဝါဒအရ ပံ့ပိုးမှုနှင့် အဆင်ပြေလွယ်ကူမှုကို ပံ့ပိုးပေးပြီး တရုတ်လုပ်ငန်းကုမ္ပဏီများအတွက် တရားမျှတသော၊ ပွင့်လင်းမြင်သာသော၊ ခွဲခြားဆက်ဆံခြင်းမရှိသော စီးပွားရေးလည်ပတ်မှု ပတ်ဝန်းကျင် ဖန်တီးပေးသွားရန် မျှော်လင့်ကြောင်း ၎င်းက ပြောကြားခဲ့သည်။
တရုတ်-ဂျာမနီ၊ တရုတ်-ဥရောပ ဆက်ဆံရေးအား မှန်ကန်သော အဆင့်သတ်မှတ်မှုသည် မိတ်ဖက်ဖြစ်ပြီး တည်ငြိမ်၍ မျှော်မှန်းနိုင်သော မူဝါဒပတ်ဝန်းကျင်သည် နှစ်ဖက်ပူးပေါင်းဆောင်ရွက်မှု၏ အရေးပါသော အာမခံချက်ဖြစ်သည်ကို ဖြစ်ရပ်မှန်က အပြည့်အဝ သက်သေထူနေကြောင်း၊ နိုင်ငံကြီးအနေဖြင့် တာဝန်သိမှုသည် နှစ်ဖက်၏ ဘုံတာဝန်ဖြစ်ကြောင်း ရှီကျင့်ဖိန်က ထောက်ပြပြောကြားခဲ့သည်။
ယခုနှစ်သည် တရုတ်နိုင်ငံနှင့် ဥရောသမဂ္ဂ သံတမန်ဆက်ဆံရေး ထူထောင်သည့် နှစ် ၅၀ ပြည့်ဖြစ်ကြောင်း၊ နှစ်ဖက်အနေဖြင့် တရုတ်-ဥရောပဆက်ဆံရေး ဖွံ့ဖြိုးတိုးတက်လာသော အောင်မြင်မှုအတွေ့အကြုံအား အတူတကွခြုံငုံသုံးသပ်၍ နိုင်ငံစုံပူးပေါင်းဆောင်ရွက်ရေးဝါဒနှင့် လွတ်လပ်စွာကုန်သွယ်ရေး၊ တံခါးဖွင့်၍ အပြန်အလှန် အကျိုးဖြစ်ထွန်းသော ပူးပေါင်းဆောင်ရွက်မှု နက်ရှိုင်းစေရေးအတွက် အပြုသဘောဆောင်သော အချက်ပြမှု ပေးရမည်ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။
Friedrich Merz က တရုတ်နိုင်ငံသည် ကမ္ဘာပေါ်တွင် အရေးကြီးဆုံး နိုင်ငံများအနက် တစ်နိုင်ငံဖြစ်ကြောင်း၊ ဂျာမနီ-တရုတ်ဆက်ဆံရေး တိုးတက်မှုကောင်းမွန်ပြီး ပူးပေါင်းဆောင်ရွက်မှု နက်ရှိုင်းကာ ရလဒ်များစွာရရှိထားကြောင်း ပြောကြားခဲ့သည်။
လက်ရှိနိုင်ငံတကာအခြေအနေတွင် ကမ္ဘာ့အဓိကစီးပွားရေးအစုအဖွဲ့ကြီး နှစ်ခုအနေဖြင့် ဂျာမနီ-တရုတ် ပူးပေါင်းဆောင်ရွက်မှုသည် အထူးသဖြင့် အရေးကြီးအနက်အဓိပ္ပာယ်ရှိကြောင်း၊ ဂျာမနီအစိုးရသစ်က တရုတ်တစ်နိုင်ငံတည်း မူဝါဒကို လက်ကိုင်ထားကြောင်း၊ အပြုသဘောဆောင်သော၊ လက်တွေ့ကျသောစိတ်ဓာတ်ဖြင့် နှစ်နိုင်ငံ မဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေး ပိုမိုကြီးမားသော တိုးတက်မှုရရှိလာရန် တွန်းအားပေးသွားလိုကြောင်း ၎င်းက ပြောကြားခဲ့သည်။
ဂျာမနီနိုင်ငံအနေဖြင့် တရုတ်နိုင်ငံနှင့်အတူ ကဏ္ဍစုံ၌ ကူးလူးဖလှယ် ပူးပေါင်းဆောင်ရွက်မှုများကို နီးကပ်စွာ လုပ်ဆောင်သွားကာ တံခါးဖွင့်၍ အပြန်အလှန် အကျိုးဖြစ်ထွန်းမှုကို လက်ကိုင်ထားခြင်း၊ တရားမျှတသော ကုန်သွယ်ရေးကို မြှင့်တင်ခြင်း၊ ကမ္ဘာကြီးငြိမ်းချမ်းမှုကို ကာကွယ်ထိန်းသိမ်းခြင်း၊ ရာသီဥတု ပြောင်းလဲမှု စသည့် တစ်ကမ္ဘာလုံးဆိုင်ရာ စိန်ခေါ်မှုများအား အတူတကွရင်ဆိုင်ခြင်းတို့ကို လုပ်ဆောင်သွားရန် မျှော်လင့်ကြောင်း၊ ဥရောပ-တရုတ်ဆက်ဆံရေး ကောင်းမွန်တည်ငြိမ်စွာ ဖွံ့ဖြိုးတိုးတက်မှုသည် နှစ်ဖက်အကျိုးစီးပွားနှင့် ကိုက်ညီကြောင်း၊ ဂျာမနီအနေဖြင့် ယင်းအတွက် တက်ကြွသည့်အခန်းကဏ္ဍမှ ပါဝင်သွားလိုကြောင်း Friedrich Merz က ပြောကြားခဲ့သည်။
နှစ်ဖက်အနေဖြင့် ယူကရိန်းအကျပ်အတည်းနှင့် စပ်လျဉ်း၍လည်း အမြင်ချင်းဖလှယ်ခဲ့ကြကြောင်း သိရသည်။ (Xinhua)
———————–
(Chinese Version)
习近平同德国总理默茨通电话
新华社北京5月23日电 5月23日下午,国家主席习近平应约同德国总理默茨通电话。
习近平再次祝贺默茨就任德国总理。习近平指出,当今世界百年变局加速演进,国际形势变乱交织,中德、中欧关系的战略性、全局性意义更加凸显。健康稳定的中德关系符合两国利益,也符合中欧各界期待。中方愿同德方开启全方位战略伙伴关系新篇章,引领中欧关系得到新发展,为世界经济稳定增长作出新贡献。
习近平强调,中德两国始终秉持相互尊重、求同存异、合作共赢精神发展双边关系,这一良好传统需要双方精心呵护、传承发扬。一要夯实政治互信。中国视德国为伙伴,乐见德国发展繁荣,愿同德方密切高层交往,尊重彼此核心利益,巩固两国关系政治基础。二要增强关系韧性。双方既要继续做大汽车、机械制造、化工等传统领域合作存量,也要培育人工智能、量子技术等前沿领域合作增量,加强在气候变化、绿色发展等领域交流合作,为全球可持续发展贡献中德智慧和方案。三要增添合作动能。中方愿同德方分享高水平对外开放带来的发展机遇,希望德方为两国双向投资合作提供更多政策支持和便利,为中国企业提供公平、透明、非歧视的营商环境。
习近平指出,事实充分证明,中德、中欧关系的正确定位是伙伴,稳定可预期的政策环境是双边合作的重要保障,大国担当是双方的共同使命。今年是中国同欧盟建交50周年,双方要共同总结中欧关系发展成功经验,发出维护多边主义和自由贸易、深化开放互利合作的积极信号。
默茨表示,中国是世界上最重要的国家之一。德中关系发展良好,合作深入、成果丰硕。当前国际形势下,作为世界两大主要经济体,德中合作尤其具有重要意义。德国新政府坚持一个中国政策,愿本着建设性和务实精神推动两国战略伙伴关系取得更大发展。德方期待同中方密切各领域交流合作,坚持开放互利,促进公平贸易,维护世界和平,共同应对气候变化等全球性挑战。欧中关系健康稳定发展符合双方利益,德方愿为此发挥积极作用。
双方还就乌克兰危机交换了意见。(完)