Connect with us

China

တရုတ်နိုင်ငံက ဆော်ဒီအာရေဗျ၊ အိုမန်၊ ကူဝိတ်၊ ဘာရိန်းနိုင်ငံများအပေါ် ဗီဇာကင်းလွတ်ခွင့် မူဝါဒ စမ်းသပ်ကျင့်သုံးမည်

တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် မော်နင်အား မေ ၂၇ ရက် ပုံမှန်သတင်းစာရှင်းလင်းပွဲတွင် တွေ့ရစဉ် (ဓာတ်ပုံ- တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန)

ပေကျင်း၊ မေ ၂၈ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံက အာဆီယံ-တရုတ်-ပင်လယ်ကွေ့ ပူးပေါင်းဆောင်ရွက်ရေးကောင်စီ (GCC) ထိပ်သီးအစည်းအဝေး ကျင်းပစဉ်အတွင်း ဆော်ဒီအာရေဗျ၊ အိုမန်၊ ကူဝိတ်၊ ဘာရိန်းနိုင်ငံများအပေါ် တစ်ဖက်သတ် ဗီဇာကင်းလွတ်ခွင့် မူဝါဒ စမ်းသပ်ကျင့်သုံးမည်ဖြစ်ကြောင်း ကြေညာခဲ့ရာ တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် မော်နင်က မေ ၂၈ ရက် ပုံမှန်သတင်းစာရှင်းလင်းပွဲတွင် သက်ဆိုင်ရာ အကြောင်းအရာများကို မိတ်ဆက်ပြောကြားခဲ့သည်။

တရုတ်နိုင်ငံ ပြည်တွင်း ပြည်ပ လူပုဂ္ဂိုလ်များ သွားလာဆက်ဆံမှုကို တစ်ဆင့်တိုး အဆင်ပြေလွယ်ကူစေရန် တရုတ်နိုင်ငံဘက်က ဗီဇာကင်းလွတ်ခွင့်ပြုသည့် နိုင်ငံအတိုင်းအတာအား တိုးချဲ့ရန် ဆုံးဖြတ်ခဲ့ကြောင်း၊ ၂၀၂၅ ခုနှစ် ဇွန် ၉ ရက်မှ ၂၀၂၆ ခုနှစ် ဇွန် ၈ ရက်အထိ ဆော်ဒီအာရေဗျ၊ အိုမန်၊ ကူဝိတ်၊ ဘာရိန်းနိုင်ငံများမှ သာမန်နိုင်ငံကူးလက်မှတ် ကိုင်ဆောင်ထားသူများအပေါ် ဗီဇာကင်းလွတ်ခွင့် မူဝါဒ စမ်းသပ် ကျင့်သုံးသွားမည်ဖြစ်ကြောင်း၊ အထက်ပါ ၄ နိုင်ငံမှ သာမန်နိုင်ငံကူးလက်မှတ် ကိုင်ဆောင်ထားသူများ တရုတ်နိုင်ငံသို့ လာရောက်၍ စီးပွားရေးလုပ်ငန်းလုပ်ကိုင်ခြင်း၊ ခရီးသွားလည်ပတ်ခြင်း၊ ဆွေမျိုးမိတ်ဆွေများနှင့် လာရောက်တွေ့ဆုံခြင်း၊ ကူးလူးဖလှယ်မှု ခရီးစဉ်လာရောက်ခြင်း၊ ပြည်ဝင်ဖြတ်သန်းသွားလာမှု ရက်ပေါင်း ၃၀ မကျော်ခြင်းအတွက် ဗီဇာလျှောက်ထားရန်မလိုဘဲ ပြည်ဝင်နိုင်မည်ဖြစ်ကြောင်း မော်နင်က ပြောကြားခဲ့သည်။

“၂၀၁၈ ခုနှစ်မှာ ဘက်စုံ အပြန်အလှန် ဗီဇာကင်းလွတ်ခွင့်ပေးတဲ့ GCC အဖွဲ့ဝင်နိုင်ငံ အာရပ်စော်‌ဘွားများ ပြည်ထောင်စု (ယူအေအီး) နှင့် ကာတာနိုင်ငံ အပါအဝင် တရုတ်နိုင်ငံက GCC အဖွဲ့ဝင်နိုင်ငံများအပေါ် ဗီဇာကင်းလွတ်ခွင့်ပြုခြင်းဟာ ‘ဘက်စုံလွှမ်းခြုံမှု’ ရှိပါပြီ။ ပိုမိုများပြားတဲ့ GCC နိုင်ငံမှ မိတ်ဆွေများက ကောက်ကာငင်ကာထသွားနိုင်တဲ့ ‘တရုတ်နိုင်ငံခရီးစဉ်’ တစ်ကြိမ် လာရောက်ကြဖို့ ကျွန်မတို့ ကြိုဆိုပါတယ်” ဟု မော်နင်က ပြောကြားခဲ့သည်။ (Xinhua)

———————
(Chinese Version)
中方将对沙特、阿曼、科威特、巴林试行免签政策
新华社北京5月28日电(记者马卓言、邵艺博)中方在东盟-中国-海合会峰会期间宣布对沙特、阿曼、科威特、巴林试行单方面免签政策,外交部发言人毛宁28日在例行记者会上介绍相关情况。
毛宁说,为进一步便利中外人员往来,中方决定扩大免签国家范围,自2025年6月9日至2026年6月8日,对沙特、阿曼、科威特、巴林持普通护照人员试行免签政策。上述4国持普通护照人员来华经商、旅游观光、探亲访友、交流访问、过境不超过30天,可免办签证入境。
“加上2018年全面互免签证的海合会成员国阿联酋和卡塔尔,中方已实现对海合会国家免签‘全覆盖’。我们欢迎更多海合会国家朋友来一次说走就走的‘中国行’。”毛宁说。(完)