Connect with us

North America

ထရမ့်အစိုးရ၏ စည်းကြပ်ခွန်များကို အမေရိကန် အပြည်ပြည်ဆိုင်ရာ ကုန်သွယ်ရေး တရားရုံးက ဆိုင်းငံ့

အမေရိကန်နိုင်ငံ နယူးယောက်မြို့တွင် ထရမ့်အစိုးရ၏ မူဝါဒများအား ဆိုင်းဘုတ်ကိုင် စုဝေးဆန္ဒပြနေသူများကို ၂၀၂၅ ခုနှစ် မေ ၁ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

နယူးယောက်၊ မေ ၂၉ ရက် (ဆင်ဟွာ)

ထရမ့်အစိုးရ၏ ဧပြီ ၂ ရက်တွင် ကြေညာသည့် စည်းကြပ်ခွန် ထပ်တိုးကောက်ခံရေး မူဝါဒ အသက်ဝင်မှုကို ဆိုင်းငံ့ထားရန် နယူးယောက်မြို့ရှိ အမေရိကန် အပြည်ပြည်ဆိုင်ရာ ကုန်သွယ်ရေး တရားရုံးက မေ ၂၈ ရက်တွင် ဆုံးဖြတ်ခဲ့သည်။

ထရမ့်သည် ဧပြီ ၂ ရက်က အမိန့်ကြေညာချက်လက်မှတ်ရေးထိုးခဲ့ရာ “အပြည်ပြည်ဆိုင်ရာ အရေးပေါ် စီးပွားရေးလုပ်ပိုင်ခွင့် ဥပဒေ” ကို ကိုးကား၍ အမေရိကန်နိုင်ငံအား အရေးပေါ်အခြေအနေ ဝင်ရောက်ကြောင်း၊ ကုန်သွယ်ရေးမိတ်ဖက်အားလုံးအပေါ် “အလားတူစည်းကြပ်ခွန်” ဟူ၍ ကောက်ခံမည်ဖြစ်ကြောင်း ကြေညာခဲ့သည်။

ကုန်သွယ်ရေးမိတ်ဖက် အားလုံးနီးပါးအပေါ် ဘက်စုံ စည်းကြပ်ခွန်ကောက်ခံရန် သမ္မတတွင် လုပ်ပိုင်ခွင့်မရှိဟု အမေရိကန် အပြည်ပြည်ဆိုင်ရာ ကုန်သွယ်ရေး တရားရုံး၏ မေ ၂၈ ရက် ဆုံးဖြတ်ချက်တွင် ယူဆထားသည်။

အမေရိကန်လွှတ်တော်သည် “အကန့်အသတ်မရှိသော စည်းကြပ်ခွန် လုပ်ပိုင်ခွင့်” ကို သမ္မတအား ပေးအပ်ခြင်းမှာ အခြေခံဥပဒေကို ချိုးဖောက်ခြင်း ဖြစ်ကြောင်း၊ လွှတ်တော်သည် “ အပြည်ပြည်ဆိုင်ရာ အရေးပေါ် စီးပွားရေးလုပ်ပိုင်ခွင့် ဥပဒေ” တွင် အကန့်အသတ်ထားရှိရာ သမ္မတအနေဖြင့် မည်သည့်အချိန်နှင့် မည်သို့ စည်းကြပ်ခွန်ကောက်ခံရမည်ကို ကန့်သတ်ထားကြောင်း သိရသည်။

ဧပြီ ၂၃ ရက်က အမေရိကန်ရှိ ပြည်နယ် ၁၂ ခုက စုပေါင်း၍ ထရမ့်အစိုးရအား အတူတကွ တရားစွဲဆိုခဲ့ရာ ၎င်း၏ စည်းကြပ်ခွန်မူဝါဒများမှာ ဥပဒေချိုးဖောက်သည်ဟု စွဲချက်တင်ခဲ့သည်။ အရီဇိုးနားပြည်နယ်၊ ကော်လိုရာဒိုပြည်နယ်၊ ကွန်နက်တီကတ်ပြည်နယ်၊ ဒယ်လာဝဲပြည်နယ်၊ အီလီနွိုင်းပြည်နယ်၊ မိန်းပြည်နယ်၊ မင်နီဆိုးတားပြည်နယ်၊ နီဗားဒါးပြည်နယ်၊ နယူးမက္ကဆီကိုပြည်နယ်၊ နယူးယောက်ပြည်နယ်၊ အိုရီဂွန်ပြည်နယ်၊ ဗားမောင့်ပြည်နယ်များ၏ ရှေ့နေချုပ်များက ယင်းနေ့တွင် နယူးယောက်မြို့ရှိ အမေရိကန် အပြည်ပြည်ဆိုင်ရာ ကုန်သွယ်ရေးတရားရုံး၌ တရားစွဲဆိုခဲ့ရာ ထရမ့်အစိုးရ၏ စည်းကြပ်ခွန်မူဝါဒများသည် “ရုတ်တရက် စိတ်ကူးပေါက်ခြင်း ဖြစ်ပြီး တရားဝင်လုပ်ပိုင်ခွင့်၏ မှန်ကန်သည့် လုပ်ဆောင်ချက်မဟုတ်ကြောင်း”၊ “အလားတူစည်းကြပ်ခွန်” အား တရားမဝင်ကြောင်း ကြေညာပေးရန်နှင့် ၎င်းအား ကျင့်သုံးမှုကို တားဆီးရန် တောင်းဆိုခဲ့သည်။ (Xinhua)
————————
(Chinese Version)
美国国际贸易法院“叫停”特朗普政府一揽子关税
新华社纽约5月28日电 位于纽约的美国国际贸易法院28日裁定暂停特朗普政府4月2日宣布的一揽子加征关税政策生效。
特朗普4月2日签署行政令,援引《国际紧急经济权力法》,宣布美国进入紧急状态,对所有贸易伙伴征收所谓“对等关税”。
美国国际贸易法院28日的裁决认为,总统无权对几乎所有贸易伙伴征收全面关税。美国国会将“不受限制的关税权力”授予总统是违反宪法的。国会在《国际紧急经济权力法》中设定了权限,限制总统何时以及如何征收关税。
4月23日,美国12个州组成联盟共同起诉特朗普政府,指控其关税政策违法。亚利桑那州、科罗拉多州、康涅狄格州、特拉华州、伊利诺伊州、缅因州、明尼苏达州、内华达州、新墨西哥州、纽约州、俄勒冈州和佛蒙特州的总检察长当天向位于纽约的美国国际贸易法院提起诉讼,称特朗普政府的关税政策为“一时兴起,而非合法权力的正当行使”,要求法院宣布“对等关税”非法,并阻止其实施。(完)
1. 5月1日,人们手持标语在美国纽约参加抗议特朗普政府政策的集会和游行。新华社发(郭克摄)