Connect with us

North America

ကနေဒါနိုင်ငံ အလယ်ပိုင်းပြည်နယ်တွင် တောမီးလောင်မှုကြောင့် အရေးပေါ်အခြေအနေ ကြေညာထား

ကနေဒါနိုင်ငံ Manitoba ပြည်နယ် Flin Flon မြို့အနီးအနားတွင် တောမီးလောင်ကျွမ်းနေသည်ကို မေ ၂၇ ရက်က ဝေဟင်မှ တွေ့ရစဉ် (ဓာတ်ပုံ- ကနေဒါနိုင်ငံ Manitoba ပြည်နယ်အစိုးရ)

Flin Flon၊ မေ ၂၉ ရက် (ဆင်ဟွာ)
ကနေဒါနိုင်ငံ အလယ်ပိုင်း Manitoba ပြည်နယ်တွင် တောမီးခြိမ်းခြောက်မှုကြောင့် အရေးပေါ်အခြေအနေသို့ရောက်ရှိကြောင်း မေ ၂၈ ရက်က ကြေညာခဲ့ပြီး အဆိုပါဒေသသို့ သွားရောက်ကူညီရန် အစိုးရက လက်နက်ကိုင်တပ်ဖွဲ့များစေလွှတ်ခဲ့သည်။ Manitoba ပြည်နယ် မြောက်ပိုင်းနှင့် အရှေ့ပိုင်းတွင် တောမီးများ လျင်မြန်စွာပျံ့နှံ့လောင်ကျွမ်းနေခြင်းကြောင့် ဤအစီအမံကို ဆောင်ရွက်ရခြင်းဖြစ်ကြောင်း၊ မီးလောင်မှုအခြေအနေမှာ အဆုံးစွန် ဆိုးရွားလှရာ လူဦးရေ ၁၇,၀၀၀ ခန့်ကို ဘေးလွတ်ရာသို့ ရွှေ့ပြောင်းပေးမည်ဖြစ်ကြောင်း ယင်းပြည်နယ် အုပ်ချုပ်ရေးမှူး Wab Kinew က သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။ (Xinhua)
…………………….
(Chinese Version)
加拿大中部省份因野火宣布进入紧急状态
新华社照片,弗林弗伦(加拿大),2025年5月29日
加拿大中部马尼托巴省28日由于野火威胁宣布进入紧急状态,政府将派遣武装部队前往救援。马尼托巴省省长基内夫在新闻发布会上说,采取这一措施是由于该省北部和东部的野火迅速蔓延,火情极端严重,将疏散约1.7万人。
图说:这是5月27日在加拿大马尼托巴省弗林弗伦附近航拍的野火现场。新华社发(加拿大马尼托巴省政府供图)