Connect with us

China

တရုတ်နှင့် ပစိဖိတ်ကျွန်းနိုင်ငံများ တတိယအကြိမ်မြောက် နိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေး အောင်မြင်စွာ ကျင်းပ

တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရိုအဖွဲ့ဝင်၊ နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိက ခီရီဘာတီနိုင်ငံ သမ္မတနှင့် နိုင်ငံခြားရေးဝန်ကြီး Taneti Maamau နှင့်အတူ တတိယအကြိမ်မြောက် တရုတ်-ပစိဖိတ်ကျွန်းနိုင်ငံများမှ နိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးကို မေ ၂၈ ရက်က ကြီးမှူးကျင်းပစဉ် (ဆင်ဟွာ)

ရှမန်၊ မေ ၂၉ ရက် (ဆင်ဟွာ)
တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရိုအဖွဲ့ဝင်၊ နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိသည် ခီရီဘာတီနိုင်ငံ သမ္မတနှင့် နိုင်ငံခြားရေးဝန်ကြီး Taneti Maamau နှင့်အတူ တတိယအကြိမ်မြောက် တရုတ်-ပစိဖိတ်ကျွန်းနိုင်ငံများမှ နိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးကို မေ ၂၈ ရက်က ကြီးမှူးကျင်းပခဲ့သည်။

သမ္မတ ရှီကျင့်ဖိန် အဆိုပြုခဲ့သော “အပြည့်အဝ လေးစားမှု ၄ ရပ်” သည် တရုတ်နိုင်ငံနှင့် ကျွန်းနိုင်ငံများဆက်ဆံရေး၏ အခြေခံလမ်းညွှန်ဖြစ်ကြောင်း ဝမ်ရိက ပြောကြားခဲ့သည်။ သမ္မတ ရှီကျင့်ဖိန်နှင့် ပစိဖိတ်ကျွန်းနိုင်ငံ ခေါင်းဆောင်များ၏ မဟာဗျူဟာလမ်းညွှန်မှုတွင် တရုတ်- ပစိဖိတ်ကျွန်းနိုင်ငံများ ဘက်စုံမဟာဗျူဟာ မိတ်ဖက်ဆက်ဆံရေးသည် စွမ်းအားသစ်များ ထွက်ပေါ်လာကာ အောင်မြင်မှုအသစ်များ ရရှိပြီး အဆင့်သစ်သို့ လျှောက်လှမ်းနိုင်ခဲ့ကြောင်း ၎င်းက ပြောကြားခဲ့သည်။
ဝမ်ရိက တရုတ်- ပစိဖိတ်ကျွန်းနိုင်ငံများ အေးအတူပူအမျှ အသိုက်အဝန်းဖွဲ့စည်းတည်ဆောက်ရေးနှင့် စပ်လျဉ်း၍ အကြံပြုချက် ၆ ရပ်ကို အဆိုပြုခဲ့သည်။

ပထမအချက်မှာ အပြန်အလှန်လေးစားမှုကို အခိုင်အမာ ထိန်းသိမ်းထားရန်ဖြစ်ကြောင်း အကြံပြုခဲ့သည်။ တရုတ်နိုင်ငံအနေဖြင့် ကျွန်းနိုင်ငံများက ၎င်းတို့၏ အချူပ်အခြာအာဏာ၊ လုံခြုံရေး၊ အကျိုးစီးပွားဖွံ့ဖြိုးတိုးတက်ရေးကို ထိန်းသိမ်းကာကွယ်ရာတွင် အခိုင်အမာ ထောက်ခံကြောင်း၊ ကျွန်းနိုင်ငံများအနေဖြင့်လည်း တရုတ်တစ်နိုင်ငံတည်းမူဝါဒကို ဆက်လက် အခိုင်အမာ လိုက်နာစောင့်ထိန်းမည်ဟု ယုံကြည်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

ဒုတိယအချက်မှာ ဖွံ့ဖြိုးတိုးတက်ရေးကို ဦးစားပေး လုပ်ဆောင်ရန်ဖြစ်ကြောင်း၊ ကမ္ဘာလုံးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှု အဆိုပြုချက်ကို အတူအကွ လက်တွေ့ဖော်ဆောင်ကာ “ရပ်ဝန်းနှင့် ပိုးလမ်းမ” အရည်အသွေးမြင့် အတူတကွ တည်ဆောက်ရေးအား ပိုမိုနက်ရှိုင်းစေရန်၊ နှစ်နိုင်ငံ လွတ်လပ်သော ကုန်သွယ်မှု သဘောတူညီချက်ဆိုင်ရာ စေ့စပ်ညှိနှိုင်းမှုများကို အရှိန်မြှင့်ဆောင်ရွက်ရန် အကြုံပြုပြောကြားခဲ့သည်။

တတိယအချက်မှာ ပြည်သူဗဟိုပြုသော မူဝါဒကို အခိုင်အမာ လက်ကိုင်ထားရန်ဖြစ်ကြောင်း၊ ယခုနှစ်အတွင်း “သေးငယ်သော်လည်း ကောင်းမွန်လှပသော” ပြည်သူအသက်မွေးဝမ်းကျောင်းဆိုင်ရာ စီမံကိန်းပေါင်း ၂၀၀ ကို အကောင်အထည်ဖော်မည်ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

စတုတ္ထအချက်မှာ ကူးလူးဖလှယ်ကာ အပြန်အလှန်လေ့လာသင်ယူမှုကို အခိုင်အမာ ဆောင်ရွက်ရန်ဖြစ်ကြောင်း၊ မီဒီယာ၊ လူငယ်၊ အမျိုးသမီး၊ အားကစား စသည့်ကဏ္ဍများတွင် ကူးလူးဖလှယ်မှုများကို အားဖြည့်ဆောင်ရွက်ရန် ၎င်းက ပြောကြားခဲ့သည်။

ပဥ္စမအချက်မှာ တရားမျှတမှု၊ သမာသမတ်ကျမှုကို အခိုင်အမာ လက်ကိုင်ထားရန်ဖြစ်ကြောင်း ကုလသမဂ္ဂအား ဗဟိုပြုသော နိုင်ငံတကာစနစ်၊ နိုင်ငံတကာ ဥပဒေကို အရင်းခံသော နိုင်ငံတကာစည်းစနစ်များကို အခိုင်အမာ ထိန်းသိမ်းကာကွယ်ရန် အကြုံပြုခဲ့သည်။

ဆဋ္ဌမအချက်မှာ တစ်လှေတည်းစီး တစ်ခရီးတည်းသွားခြင်းကို အခိုင်အမာ လက်ကိုင်ထားရန်ဖြစ်ကြောင်း၊ တရုတ်နိုင်ငံသည် ကျွန်းနိုင်ငံများနှင့်အတူ ရာသီဥတု ကမ္ဘာလုံးဆိုင်ရာ စီမံခန့်ခွဲမှုတွင် ညှိနှိုင်းပူးပေါင်းဆောင်ရွက်မှုကို အားဖြည့်သွားလိုကြောင်း ၎င်းက ပြောကြားခဲ့သည်။

ပြည်ပနိုင်ငံများက သမ္မတ ရှီကျင့်ဖိန်အဆိုပြုခဲ့သော လူသားမျိုးနွယ် အေးအတူပူအမျှ အသိုက်အဝန်း ဖွဲ့စည်းတည်ဆောက်ရေး အတွေးအခေါ်၊ “အပြည့်အဝ လေးစားမှု ၄ ရပ်” အခြေခံမူ၊ ကမ္ဘာလုံးဆိုင်ရာ အဆိုပြုချက် ၃ ရပ် တို့ကို အထူးလေးစားချီးကျူးခဲ့ကြသည်။ တရုတ်နိုင်ငံ၏ အမျိုးသားအချုပ်အခြာအာဏာနှင့် နယ်မြေပိုင်နက်ပြည့်စုံမှုအား ထိန်းသိမ်းကာကွယ်ခြင်းအပေါ် ထောက်ခံကြောင်း ထပ်လောင်းပြောကြားခဲ့သလို တရုတ်နိုင်ငံ၏ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှုစသည့် ကဏ္ဍများ၏ အတွေ့အကြုံများကို လေ့လာသင်ယူကာ အခြေခံအဆောက်အအုံ၊ ရာသီဥတုပြောင်းလဲမှု စသည့် ကဏ္ဍများပူးပေါင်းဆောင်ရွက်မှုများကို နက်ရှိုင်းအောင် ဆောင်ရွက်ရန် မျှော်လင့်ကြောင်း ပြောကြားခဲ့သည်။

ဘက်အသီးသီးသည် “တတိယအကြိမ်မြောက် တရုတ်-ပစိဖိတ်ကျွန်းနိုင်ငံများ နိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေး ပူးတွဲကြေညာချက်” ကို တစ်ပြိုင်တည်းအတည်ပြုခဲ့သည်။ တရုတ်နိုင်ငံက နိုင်ငံခြားရေးဝန်ကြီးများ သဘောတူညီချက် လက်တွေ့ဖော်ဆောင်ရေး အစီအမံများ စာရင်းကိုလည်း ထုတ်ပြန်ခဲ့သည်။ (Xinhua)
………………..
(Chinese Version)
中国同太平洋岛国成功召开第三次外长会
新华社厦门5月28日电 中共中央政治局委员、外交部长王毅28日同基里巴斯总统兼外长马茂在厦门共同主持第三次中国-太平洋岛国外长会。
王毅表示,习近平主席提出的“四个充分尊重”是中方同岛国关系的根本遵循。在习近平主席和太平洋岛国领导人战略指引下,中国-太平洋岛国全面战略伙伴关系呈现新活力、取得新成就、迈上新台阶。
王毅就构建中国-太平洋岛国命运共同体提出六点建议:一是坚持相互尊重。中方坚定支持岛国维护自身主权、安全、发展利益。相信岛国将继续恪守一个中国原则。二是坚持发展为先。共同落实全球发展倡议,将高质量共建“一带一路”引向深入。加快推进双边自贸协定商谈。三是坚持以人民为中心。年内将实施200个“小而美”的民生项目。四是坚持交流互鉴。加强媒体、青年、妇女、体育等交流。五是坚持公平正义。坚定维护以联合国为核心的国际体系、以国际法为基础的国际秩序。六是坚持同舟共济。中方愿加强同岛国在气候全球治理中协调合作。
外方高度赞赏习近平主席提出的构建人类命运共同体理念、“四个充分尊重”原则、三大全球倡议。重申支持中国维护国家主权和领土完整。期待借鉴中国可持续发展等方面经验,深化基础设施、气候变化等领域合作。
各方一致通过《第三次中国-太平洋岛国外长会联合声明》。中方还发布落实外长会共识举措清单。(完)
图说:5月28日,中共中央政治局委员、外交部长王毅同基里巴斯总统兼外长马茂在厦门共同主持第三次中国-太平洋岛国外长会。新华社记者 丁林 摄