Connect with us

China

တရုတ်နိုင်ငံ ကန်းစုပြည်နယ် ချင့်ယန်‌မြို့တွင် အမွှေးနံ့သာအိတ်လေးဖြင့် တွမ်းဝူပွဲတော်အား ကြိုဆို

တရုတ်နိုင်ငံ ကန်းစုပြည်နယ် ချင့်ယန်မြို့ ဓလေ့ထုံးတမ်း ယဉ်ကျေးမှုပွဲတော် ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ် လက်တွေ့ခံစားမှုပြခန်းတွင် အမွှေးနံ့သာအိတ် ရွေးချယ်ဝယ်ယူနေသော မြို့သူများကို မေ ၂၉ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ချင့်ယန် (ကန်းစု)၊ မေ ၃၀ ရက် (ဆင်ဟွာ)

အမွှေးနံ့သာအိတ်များ ချိတ်ဆွဲခြင်းသည် တရုတ်နိုင်ငံ ဒေသအသီးသီးတွင် တွမ်းဝူပွဲတော် ရိုးရာဓလေ့များအနက် တစ်ခုဖြစ်သည်။ “မွှေးရနံ့ဖြင့် ချင့်ယန်တွင် ချိန်းဆို၍ အားလုံးပါဝင်ခြင်း” ဟူသောခေါင်းစဉ်ဖြင့် ၂၀ ကြိမ်မြောက် ချင့်ယန် ဓလေ့ထုံးတမ်း ယဉ်ကျေးမှုပွဲတော်ကို မေ ၂၉ ရက်မှ ဇွန် ၂ ရက်အထိ တရုတ်နိုင်ငံ ချင့်ယန်မြို့ ရှီးဖုန်းခရိုင်၌ ကျင်းပခဲ့ရာ ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ် လက်တွေ့ခံစားမှုပြခန်းနှင့် လမ်းမထက် ဈေးဆိုင်များတွင် အမွှေးနံ့သာအိတ် အမျိုးစုံလင်စွာ ချိတ်ဆက်ပြသထားသောကြောင့် မြို့သူ၊ မြို့သားများ လာရောက်ရွေးချယ် ဝယ်ယူရန် ဆွဲဆောင်လျက်ရှိသည်။

“ချီဟွမ်ဆေးပညာကျမ်း ဇာတိမြေ” ဖြစ်သည့် ချင့်ယန်မြို့သည် အမွှေးနံ့သာအိတ်ပြုလုပ်သည့် ကြာရှည်သော သမိုင်းကြောင်းရှိပေသည်။ ချင့်ယန် အမွှေးနံ့သာအိတ်များသည် ရောင်စုံပိုးထည်ပိတ်များကို အသုံးပြုပြီး ကျန့်အပ်ထိုးနည်း၊ ရုပ်လုံးကြွ ပန်းချည်ထိုးနည်း စသည့် လက်မှုပညာနည်း အမျိုး ၄၀ ကျော်ဖြင့် ပိုးချည်ထိုး၍ အိုက်ချောင် (သစ်နံကိုင်း)၊ သန်းကွေး၊ ရှုံဟွမ် စသည့် တရုတ်တိုင်းရင်းဆေးများကို အတွင်း၌ထည့်သွင်းကာ ပြုလုပ်ထားသည်။ အဆိုပါ အမွှေးနံ့သာအိတ်များသည် အလှဆင်မှုနှင့် ကျန်းမာရေးထိန်းသိမ်းမှု အစွမ်းသတ္တိများရှိပြီး ရောဂါကာကွယ်ကာ ဘေးအန္တရာယ်များ ဖယ်ရှားပေးသည့် ဓလေ့ထုံးတမ်း ဉာဏ်ပညာများပါဝင်နေပေသည်။ ၂၀၀၆ ခုနှစ်တွင် ချင့်ယန် ပန်းချည်ထိုးကာ အမွှေးနံ့သာအိတ်ပြုလုပ်မှုသည် တရုတ်နိုင်ငံ၏ ပထမဆုံးအသုတ် အမျိုးသားအဆင့် ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ် စာရင်းဝင်ဖြစ်ခဲ့သည်။ (Xinhua)

တရုတ်နိုင်ငံ ကန်းစုပြည်နယ် ချင့်ယန်မြို့ ဓလေ့ထုံးတမ်း ယဉ်ကျေးမှုပွဲတော် ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ် လက်တွေ့ခံစားမှုပြခန်းတွင် ကျောင်းသားတစ်ဦးက ကျောင်းဆင်းပြီးနောက် မိမိဆိုင်ခန်းရှိ အမွှေးနံ့သာအိတ်များအား ကူညီစီပေးနေသည်ကို မေ ၂၉ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

တရုတ်နိုင်ငံ ကန်းစုပြည်နယ် ချင့်ယန်မြို့ ဓလေ့ထုံးတမ်း ယဉ်ကျေးမှုပွဲတော် ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ် လက်တွေ့ခံစားမှုပြခန်းတွင် ကျောင်းသားတစ်ဦးက ကျောင်းဆင်းပြီးနောက် မိမိဆိုင်ခန်းရှိ အမွှေးနံ့သာအိတ်များအား ကူညီစီပေးနေသည်ကို မေ ၂၉ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

———————
(Chinese Version)
甘肃庆阳:香包飘香迎端午
新华社照片,庆阳(甘肃),2025年5月30日
佩戴香包,是我国多地端午节传统习俗之一。5月29日至6月2日,以“香约庆阳·包容天下”为主题的第二十届庆阳香包民俗文化节在甘肃省庆阳市西峰区举行,非遗沉浸式体验区和街巷集市挂满了各式各样的香包,吸引市民参观选购。
作为“岐黄故里”的庆阳市,有着悠久的香包制作历史。庆阳香包以丝绸彩布为料,运用藏针绣、立体刺绣等40余种技法,内填艾草、当归、雄黄等中药材制作而成,兼具装饰性与保健功能,承载着防病祛灾的民俗智慧。2006年,庆阳香包绣制被列入第一批国家级非物质文化遗产名录。
图说1:5月29日,市民在庆阳香包民俗文化节非遗沉浸体验区选购香包。 新华社记者 郎兵兵 摄
图说2、3:5月29日,在庆阳香包民俗文化节非遗沉浸体验区,一名学生放学后帮忙整理自家摊位上的香包。新华社记者 郎兵兵 摄