China
ဝမ်ရိနှင့် အာရှငြိမ်းချမ်းရေးနှင့် ပြန်လည်ရင်ကြားစေ့ရေးကောင်စီ ဥက္ကဋ္ဌ Surakiart Sathirathai တွေ့ဆုံဆွေးနွေး

ဟောင်ကောင်၊ မေ ၃၀ ရက် (ဆင်ဟွာ)
တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရိုအဖွဲ့ဝင်၊ နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိသည် မေ ၂၉ ရက်တွင် တရုတ်နိုင်ငံ ဟောင်ကောင်ဒေသ၌ အာရှငြိမ်းချမ်းရေးနှင့် ပြန်လည်ရင်ကြားစေ့ရေးကောင်စီ ဥက္ကဋ္ဌ Surakiart Sathirathai နှင့် တွေ့ဆုံဆွေးနွေးခဲ့သည်။
ဝမ်ရိက နိုင်ငံတကာ အသိုင်းအဝိုင်းအနေဖြင့် ၎င်းတို့ဆန္ဒအလျောက်ကို အရင်းခံကာ အငြင်းပွားမှုကို ဖြေရှင်းရန်၊ ပြန်လည်ရင်ကြားစေ့မှုရရှိစေရေးအတွက် ရွေးချယ်မှုအသစ်များ ပံ့ပိုးပေးနိုင်ရန် တရုတ်နိုင်ငံက နိုင်ငံတကာ ဖျန်ဖြေပေးရေးရုံး ထူထောင်ရန် အဆိုပြုကြောင်း၊ ယင်းမှာ နိုင်ငံစုံပူးပေါင်းဆောင်ရွက်ရေးဝါဒကို လက်တွေ့ဆောင်ရွက်သည့် လှုပ်ရှားမှုလည်းဖြစ်ကြောင်း ပြောကြားခဲ့သည်။
တရုတ်နိုင်ငံအနေဖြင့် အာရှနိုင်ငံများနှင့် အတူ တရုတ်-အာဆီယံ၊ ရှန်ဟိုင်း ပူးပေါင်းဆောင်ရွက်မှု အဖွဲ့ (SCO)၊ လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှု၊ အာရှတိုက် ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ ဆွေးနွေးမှုစသည့် ဒေသတွင်း ယန္တရားအခန်းကဏ္ဍကို ကောင်းမွန်စွာ ပါဝင်ဆောင်ရွက်ကာ ခက်ခက်ခဲခဲရရှိထားသည့် အာရှတိုက် ငြိမ်းချမ်းတည်ငြိမ်ရေးကို အတူတကွ ထိန်းသိမ်းကာကွယ်လိုကြောင်း ၎င်းက ပြောကြားခဲ့သည်။
Surakiart က ဖိတ်ကြားမှုအရ ဟောင်ကောင်သို့ လာရောက်၍ နိုင်ငံတကာ နိုင်ငံတကာ ညှိနှိုင်းဖျန်ဖြေရေးအဖွဲ့ ပေါ်ပေါက်လာခြင်းကို မျက်မြင်သက်သေပြုရခြင်းအတွက် အလွန် ဝမ်းမြောက်ဂုဏ်ယူကြောင်း၊ တရုတ်နိုင်ငံ၏ ဤအဆိုပြုချက်မှာ အချိန်အခါနှင့် အလွန်ကိုက်ညီမှုရှိကြောင်း၊ ကောင်စီအနေဖြင့် တရုတ်နိုင်ငံနှင့်အတူ ညှိနှိုင်းဆောင်ရွက်မှုကို အားဖြည့်ဆောင်ရွက်ကာ အာရှတိုက် ငြိမ်းချမ်းစွာ ဖွံ့ဖြိုးတိုးတက်မှုအတွက် ပိုမိုကြီးမားသော ပံ့ပိုးမှုများ ပြုလုပ်သွားလိုကြောင်း ပြောကြားခဲ့သည်။ (Xinhua)
………………………..
(Chinese Version)
王毅会见亚洲和平和解理事会主席素拉杰
新华社香港5月29日电(记者刘欢、王昕怡)中共中央政治局委员、外交部长王毅29日在香港会见亚洲和平和解理事会主席、泰国前副总理素拉杰。
王毅表示,中国倡议建立国际调解院,为国际社会在自愿基础上化解争端、实现和解提供了新选择,也是践行多边主义的切实行动。中方愿同亚洲共同发挥好中国-东盟、上合组织、澜湄合作、亚洲合作对话等区域机制作用,共同维护亚洲来之不易的和平稳定。
素拉杰表示,很荣幸应邀来香港见证国际调解院诞生。中方这一倡议正当其时。理事会期待同中方加强协作,为亚洲和平发展作出更大贡献。(完)