North America
အီလွန်မက်စ်၏ စိတ်ပျက်စွာ ထွက်ခွာမှုက အမေရိကန်စနစ်၏ အကျင့်ပျက်ခြစားမှုကို လှစ်ဟပြသလျက်ရှိ

ပေကျင်း၊ မေ ၃၀ ရက် (ဆင်ဟွာ)
အမေရိကန် အစိုးရ စွမ်းဆောင်ရည်ထိရောက်မှုဌာန (DOGE) တာဝန်ရှိပုဂ္ဂိုလ် အီလွန်မက်စ်က မေ ၂၈ ရက်တွင် လူမှုမီဒီယာ၌ ပို့စ်ရေးသား၍ ရာထူးမှနုတ်ထွက်သည့် ဆုံးဖြတ်ချက်ကို “တရားဝင်ကြေညာ” ခဲ့သည်။ ထို့နောက် အိမ်ဖြူတော်ကလည်း အီလွန်မက်စ် မကြာမီ ရာထူးမှနုတ်ထွက်မည်ဟု အတည်ပြုခဲ့သည်။
“အမေရိကန် ဖက်ဒရယ်အဖွဲ့အစည်းတွေရဲ့ ဗျူရိုကရေစီ အတိုင်းအတာက ကျွန်တော် ထင်ထားတာထက် အများကြီးဆိုးရွားပါတယ်…ဝါရှင်တန်ရဲ့ အခြေအနေကို ပြင်ဆင်ဖို့ ကြိုးပမ်းတာက ခက်ခဲကြမ်းတမ်းတဲ့ တိုက်ပွဲတစ်ခုပါပဲ” ၊ DOGE က “ပြဿနာအားလုံးရဲ့ အပြစ်ပုံချရာ (စတေးခံ)” ဖြစ်လာတယ် ဟု အမေရိကန် “ဝါရှင်တန်ပို့စ်” ဝက်ဘ်ဆိုက်၏ မေ ၂၇ ရက်တွင် ထုတ်ပြန်သော သီးသန့်တွေ့ဆုံမေးမြန်းမှုတွင် အီလွန်မက်စ်က ဖြေကြားခဲ့သည်။
အီလွန်မက်စ်၏ သက်ပြင်းချရမှုသည် အမေရိကန်၏ ရှုပ်ထွေးပုံပျက်နေသော နိုင်ငံရေးအခြေအနေကို ထင်ဟပ်နေပေသည်။ အီလွန်မက်စ်က DOGE ၌ရှိစဉ်အတွင်း သမ္မတ ထရမ့်ကို ကူညီ၍ ဖက်ဒရယ်ကုန်ကျစရိတ် များစွာလျှော့ချပေးခဲ့ပြီး ဖက်ဒရယ်ဝန်ထမ်းများ အများအပြား လျှော့ချလိုက်သဖြင့် “အကျိုးစီးပွားစံစားတဲ့ အုပ်စုရဲ့ အကျိုးအမြတ်ကို ထိခိုက်စေခဲ့” ကြောင်း၊ တစ်ချိန်တည်းတွင် ထရမ့်က ၎င်းသမ္မတအဖြစ် ဝင်ရောက်ယှဉ်ပြိုင်ရာ၌ အလှူငွေပေးအပ်သော အီလွန်မက်စ်ကို အစိုးရအဆင့်မြင့် အရာရှိအဖြစ် ခန့်အပ်ပြီး အီလွန်မက်စ် လည်ပတ်သည့် Tesla ကုမ္ပဏီအတွက် “ထောက်ခံပေးခြင်း” စသည့် လုပ်ရပ်များကလည်း အကျိုးစီးပွား ပို့ဆောင်ပေးသည့် သံသယရှိကြောင်း အမေရိကန် မီဒီယာများက ဆိုသည်။
ရှုံးနိမ့်မည်ဟု သေချာပြီးသား ဖြစ်သည့် အဆိုပါ “ပြုပြင်ပြောင်းလဲမှု” ၏ အရင်းခံအကြောင်းရင်းတွင် အမေရိကန်အစိုးရ၏ ထိရောက်မှုနည်းသော ဖြုန်းတီးမှုသည် အပေါ်ယံအကြောင်းရင်းသာဖြစ်ပြီး စနစ်ပိုင်းဆိုင်ရာ “တရားဝင်” အကျင့်ပျက်ခြစားမှု၊ ကြီးကြပ်စီမံမှု လိုအပ်ခြင်း မှသာ ပြဿနာ၏ အဓိကအရင်းခံ ဖြစ်ပေသည်။
“အရိပ်အယောင် အကူအညီ” နှင့် “စာရင်းစာအုပ် တွင်းနက်ကြီး”
“ရွှံ့နွံ့ကို ကုန်ခန်းအောင် စုပ်ထုတ်မည်” ဟူသည်မှာ ထရမ့်အစိုးရ၏ အမှတ်သင်္ကေတပြုလောက်သော ဆောင်ပုဒ်ဖြစ်သလို အမေရိကန် “အကျင့်ပျက်ခြစားမှု ပြဿနာ” အား အတိအလင်းဖော်ပြနေခြင်းလည်း ဖြစ်သည်။ ထရမ့်က ၂၀၂၅ ခုနှစ် မတ်လအတွင်း လွှတ်တော်၌ မိန့်ခွန်းပြောကြားရာတွင် “ပြုပြင်ပြောင်းလဲမှု” ကို ဆန့်ကျင်သည့် မည်သည့် အစိုးရအရာရှိကိုမဆို ဖယ်ရှားသွားမည်ဟု ထပ်မံ ပြောကြားခဲ့သည်။ အစိုးရ စွမ်းဆောင်ရည်ထိရောက်မှုဌာန (DOGE) က စတင်လုပ်ဆောင်ခဲ့သည့် ဖက်ဒရယ်အစိုးရ ဝန်ထမ်းလျှော့ချမှု၊ စာရင်းစစ် မုန်တိုင်းသည် ထရမ့်ပြောသည့် “ပြုပြင်ပြောင်းလဲမှု” ၏ လက်ကိုင်တစ်ခုပင်ဖြစ်သည်။ ၎င်းအဓိကရည်ရွယ်သူများမှာ အမေရိကန်၏ နိုင်ငံခြား အကူအညီပေးရေး အဖွဲ့အစည်းများပင်ဖြစ်သည်။
ထရမ့်အစိုးရက လာမည့်အပတ်တွင် လွှတ်တော်သို့ အသေးစား အသုံးစရိတ်လျှော့ချမှု အစီအစဉ်တစ်ခု တင်ပြရန် စီစဉ်ထားကြောင်း အိမ်ဖြူတော် စီမံခန့်ခွဲရေးနှင့် အရအသုံးရုံး ဌာနမှူး Russell Vought က မေ ၂၈ ရက်တွင် ပြောကြားခဲ့သည်။ အဆိုပါအစီအစဉ်သည် အမေရိကန်၏ အများပြည်သူအသံလွှင့်ဌာနနှစ်ခုနှင့် ပြည်ပအကူအညီပေးရေးအဖွဲ့အစည်း စသည်တို့ကို ဦးတည်ကြောင်း ထုတ်ဖော်ပြောကြားချက်များအရ သိရသည်။
ထိုနေ့တွင်ပင် အမေရိကန် အောက်လွှတ်တော် ဥက္ကဋ္ဌ Mike Johnson က အောက်လွှတ်တော်သည် “အစိုးရ အသုံးစရိတ်အား တစ်ဆင့်ထပ် လျှော့ချရေးအတွက် DOGE ၏ စုံစမ်းစစ်ဆေးမှုရလဒ်အရ လှုပ်ရှားမှုများ လုပ်ဆောင်ရန် တောင့်တနေသလို ပြင်ဆင်လျက်ရှိ” ကြောင်း ပြောကြားခဲ့သည်။
အမေရိကန်တွင် ပြည်ပအကူအညီပေးမှုသည် နိုင်ငံရေး၊ စီးပွားရေးလောက လူပုဂ္ဂိုလ်များက စီမံကိန်း သဘောတူစာချုပ်မှတစ်ဆင့် အကျိုးအမြတ်ရယူသည့် “မမှန်မကန် ကြားပေါက် နည်းလမ်း” ဖြစ်ပေသည်။ ပွင့်လင်းမြင်သာမှုနှင့် တာဝန်ခံယူမှုယန္တရား မရှိခြင်းကြောင့် ဖက်ဒရယ်အစိုးရ ပြည်ပအကူအညီ စီမံကိန်းများ၏ အရင်းအနှီးအများအပြား မည်သို့ စီးဆင်းသွားသည်မှာ ရှင်းရှင်းလင်းလင်းမရှိပေ။ ထိုကဲ့သို့စီမံကိန်းများတွင် ယေဘုယျအားဖြင့် အဆင့်ဆင့်နုတ်ယူမှုနှင့် သတ်မှတ်ထားသည့်အတိုင်း ဝယ်ယူမှု စသည့် ပြဿနာများ ရှိသောကြောင့် ဖြုန်းတီးမှုနှင့် အကျင့်ပျက်ခြစားမှုများ ဖြစ်စေသည်ဟု အမေရိကန်မီဒီယာများက ဖော်ပြသည်။
ထိုမတိုင်မီ ထရမ့်က တွေ့ဆုံမေးမြန်းမှုကို ဖြေကြားရာတွင် အီလွန်မက်စ်နှင့် DOGE တို့က အမေရိကန်အစိုးရ၏ ကန်ဒေါ်လာ ဘီလီယံရာချီ တန်ဖိုးရှိသည့် အတုအယောင် သဘောတူစာချုပ်များကို တွေ့ရှိခဲ့ကြောင်း၊ “အားလုံး အလိမ်ဇာတ်တွေပါပဲ။ စာချုပ်အတိုင်း သုံးစွဲတဲ့ အရင်းအနှီး အများအပြားက နောက်ဆုံး စာချုပ်စတင်ဖော်ဆောင်သူတွေရဲ့ လက်ထဲ ပြန်ရောက်သွားပါတယ်” ဟု ပြောကြားခဲ့သည်။ အီလွန်မက်စ်က အမေရိကန် နိုင်ငံတကာဖွံ့ဖြိုးရေး အေဂျင်စီ (USAID) စသည့် အဖွဲ့အစည်းများအား “အမြစ်ဖြတ်” ရမည်ဟုပင် တိုက်တွန်းခဲ့သည်။
USAID ဖြင့် ဥပမာပေးရမည်ဆိုပါက အဆိုပါအဖွဲ့အစည်း၏ တစ်နှစ်ဘတ်ဂျက်သည် ကန်ဒေါ်လာ ၄၀ ဘီလီယံကျော် ရှိပြီး အမေရိကန်က တစ်ကမ္ဘာလုံးရှိ “Soft Power” များအတွက် အရေးပါသောကျားကန်ပေးမှု ဟုပင် ရှုမြင်ခံရသော်လည်း နှစ်ပေါင်းများစွာအတွင်း စာရင်းမရှင်းလင်းမှုကြောင့် မကြာခဏ ဝေဖန်ခြင်းခံရသည်။ USAID ကို ပိတ်မည်ဟု ထရမ့်အစိုးရက လွှတ်တော်အား အသိပေးပြီးဖြစ်ကြောင်း၊ အဆိုပါအဖွဲ့အစည်း၏ အချို့တစ်ဝက် လုပ်ဆောင်ချက်များကို ဇူလိုင် ၁ ရက်မှစ၍ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနနှင့် ပေါင်းစပ်သွားမည်ဖြစ်ကြောင်း အမေရိကန်မီဒီယာများက မတ် ၂၈ ရက်တွင် သတင်းဖော်ပြခဲ့သည်။
USAID ၏ ပြည်ပအကူအညီ အရင်းအနှီးငွေများသည် ပုံမှန်အားဖြင့် “အလွှာအဆင့်ဆင့် ကန်ထရိုက်ပေးသည့် သဘောတူစာချုပ်နှင့် သက်ဆိုင်ရာ အဖွဲ့အစည်း” ၏ခေါင်းပုံဖြတ်ခံရပြီးမှသာ စီမံကိန်းဖော်ဆောင်သူလက်ထဲ ရောက်ရှိနိုင်သည်ဟု အမေရိကန် အီလီနွိုက် မူဝါဒ သုတေသနဌာန၏ မူဝါဒရေးရာ အကြံပေး ပေါလ်ဗဲလက်စ်က ပြောကြားခဲ့သည်။
အမေရိကန်လွှတ်တော် သုတေသနဌာန၏ သုတေသန အစီရင်ခံစာတွင် USAID သည် အဓိကအားဖြင့် တစ်သီးပုဂ္ဂလ ကန်ထရိုက်ယူမှု၊ အကျိုးအမြတ်မယူသော အဖွဲ့အစည်း၊ နိုင်ငံတကာအဖွဲ့အစည်းနှင့် အမေရိကန်အစိုးရအဖွဲ့အစည်း စသည်တို့ အပါအဝင် တတိယဖက် “အကောင်အထည်ဖော်သူ မိတ်ဖက်” မှတစ်ဆင့် ကူညီပေးသည့် အရင်းအနှီးကို ထုတ်ယူခြင်းဖြစ်ကြောင်း၊ အဆိုပါ “အကောင်အထည်ဖော်သူ မိတ်ဖက်” များသည် ငွေကြေးအများအပြားကို အလွယ်တကူ ကြားဖြတ်နုတ်ယူထားနိုင်လေ့ရှိကြောင်း ဖော်ပြထားသည်။
USAID ကူညီပေးသည့် အရင်းအနှီးများတွင် ၁၀ ရာခိုင်နှုန်းအောက်သာ ကူညီမှုလက်ခံသည့်ဒေသများသို့ အမှန်တကယ်ရောက်ရှိကြောင်း အမေရိကန် PBS က ထုတ်ဖော်ခဲ့သည်။ ၎င်းကို အမေရိကန် ဝါရှင်တန်တက္ကသိုလ်မှ သုတေသီများက အကျင့်ပျက်ခြစားမှု၊ စီမံခန့်ခွဲရေး မကောင်းမွန်မှု သို့မဟုတ် အခြား စနစ်ပိုင်းဆိုင်ရာ ပြဿနာကြောင့် ဖြစ်လာသည့် “အရိပ်အယောင် အကူအညီ” ဟု ခေါ်ကြသည်။ “အမေရိကန်အစိုးရ၏ ပြည်ပအကူအညီများဟာ ဝါရှင်တန်ရဲ့ အတွင်းပိုင်းစနစ်ကို ဝဝလင်လင် ကျွေးမွေးနေပါတယ်” ဟုပင် အမေရိကန် “Foreign Policy” မဂ္ဂဇင်းက ဝေဖန်ရေးသားခဲ့ဖူးသည်။
ပြည်ပအကူအညီပေးသည့်ကဏ္ဍ၏ ဖြုန်းတီးမှုနှင့် အကျင့်ပျက်ခြစားမှုမှာ အမေရိကန်၏ စနစ်တကျ အကျင့်ပျက်ခြစားမှုရေခဲတောင်ကြီး၏ တစ်ထောင့်တစ်နေရာသာဖြစ်သည်။
အမေရိကန် အစိုးရ စွမ်းဆောင်ရည်ထိရောက်မှုဌာန (DOGE) သည် ဖက်ဒရယ်အစိုးရဌာနအများအပြားနှင့် အဖွဲ့အစည်းများကြားတွင် “စာရင်းစစ် မုန်တိုင်း” တိုက်ခတ်ခဲ့ပြီး ဘဏ္ဍာရေး၊ ကာကွယ်ရေး စသည့် ဝန်ကြီးဌာနအများအပြား၏ “စာရင်းစာအုပ် တွင်းနက်ကြီး” ကို ဖော်ထုတ်ခဲ့သည်။
အမေရိကန် လူမှုဖူလုံရေးစီမံခန့်ခွဲဌာနသည် “လိမ်လည်မှု ပေါက်ဖွားစေသောနေရာ”၊ ပွန်ဇီစနစ် “Ponzi scheme” ရှိနေသည်ဟု စွပ်စွဲခံထားရသည်။ အီလွန်မက်စ်၏ ပြောပုံအရ သန်းနှင့်ချီသော အမေရိကန်နိုင်ငံသားများသည် ကွယ်လွန်သူတို့၏ အမည်ကို ဆက်လက်သုံး၍ လူမှုဖူလုံရေး လျှောက်ထားလျက်ရှိပြီး ဘဏ္ဍာရေးဝန်ကြီးဌာနများက မည်သူမည်ဝါဖြစ်ကြောင်း မသိရှိသူများထံ နှစ်စဉ် ကန်ဒေါ်လာ ဘီလီယံ ၁၀၀ ကျော် ပံ့ပိုးနေကြောင်း သိရသည်။
အမေရိကန် ဗဟိုဘဏ်ကိုမူ ဧရာမအရင်းအနှီးငွေသုံးပြီး တန်ဆာဆင်နေသည်ဟု ထောက်ပြခဲ့သည်။ ၂၀၂၂ ခုနှစ်တွင် ကန်ဒေါ်လာ ၂.၅ ဘီလီယံ အထိ ကုန်ကျခဲ့သည့် အမေရိကန် ဗဟိုဘဏ် ရုံးချုပ် ပြန်လည်မွမ်းမံရေး စီမံကိန်းနှင့် စပ်လျဉ်း၍ ၎င်းတို့အား စစ်ဆေးရန်၊ “အမေရိကန် ဗဟိုဘဏ်က အခန်းတွင်းဒီဇိုင်နာအပေါ် ကန်ဒေါ်လာ ၂.၅ ဘီလီယံ အမှန်တကယ်သုံးစွဲခြင်းရှိမရှိ” အတည်ပြု စစ်ဆေးရန်အတွက် DOGE အဖွဲ့အား စေလွှတ်ရန် စဉ်းစားလျက်ရှိကြောင်း အီလွန်မက်စ်က မကြာသေးမီက ပြောကြားခဲ့သည်။
DOGE က အမေရိကန် ကာကွယ်ရေးဝန်ကြီးဌာနက ကန်ဒေါ်လာ သန်း ၈၀ ဖြုန်းတီးခဲ့သည့် အရင်းအနှီးငွေများကို တွေ့ရှိခဲ့ပြီးဖြစ်ကြောင်း အမေရိကန် မီဒီယာများက သတင်းဖော်ပြခဲ့သည်။ အမေရိကန် ကာကွယ်ရေးဝန်ကြီးဌာနသည် ဘဏ္ဍာရေးစာရင်းစစ်ဆေးမှု “ဘယ်တုန်းကမျှ” မအောင်မြင်သော တစ်ခုတည်းသော ဖက်ဒရယ်ဌာနဖြစ်ကြောင်း အမေရိကန် တက်သိပညာရှင်နှင့် နိုင်ငံတကာရေးရာလေ့လာရေးစင်တာမှ ထုတ်ပြန်သော ဆောင်းပါးတစ်ခုတွင် ဖော်ပြခဲ့သည်။
“အခန်းတွင်းက ဆင်ကြီးအသစ်”
သရော်ဖွယ်ကောင်းသည်မှာ အကျင့်ပျက်ခြစားမှုပပျောက်ရေး ကတိပြုသူကိုယ်တိုင်မှာလည်း အကျင့်ပျက်ခြစားမှုသံသယ ရှိနေခြင်းပင် ဖြစ်သည်။ အီလွန်မက်စ်က အမေရိကန် Space Exploration Technologies Corp. ၊ Tesla စသည့် ကုမ္ပဏီ ၆ ခုကို ထိန်းချုပ်ထားသည့် တစ်ချိန်တည်းတွင် အမေရိကန် အစိုးရ DOGE တာဝန်ရှိသူအဖြစ်လည်း ထမ်းဆောင်ထားရာ ဤရာထူးနှစ်ခုကြားတွင်လည်း အကျိုးအမြတ် ပဋိပက္ခရှိကြောင်း အမေရိကန်မီဒီယာ အများအပြားနှင့် သုံးသပ်သူများက ထောက်ပြထားသည်။
အီလွန်မက်စ် ပိုင်ဆိုင်သော ကုမ္ပဏီများနှင့် ဖက်ဒရယ်အဖွဲ့အစည်း ၁၇ ခုနှင့် စာချုပ်ပေါင်း ၁၀၀ ကျော် လက်မှတ်ရေးထိုးခဲ့ရာ ၎င်းသည် ကြားနေပုဂ္ဂိုလ်အဖြစ် အစိုးရ၏ အရေးပါသော အဖွဲ့ဝင်တာဝန် ထမ်းဆောင်ခြင်းမဟုတ်ဘဲ ဝယ်ယူသူ၏ အကျိုးစီးပွားနှင့် စစ်ဆေးကြီးကြပ်သူ၏ တောင်းဆိုမှုကိုပါ တစ်ပြိုင်တည်း ထည့်သွင်းစဉ်းစားရန် လိုအပ်ကြောင်း အမေရိကန် “The New York Times” က သတင်းဖော်ပြခဲ့သည်။ အီလွန်မက်စ်၏ အစိုးရနှင့် ပုဂ္ဂလိက လုပ်ငန်းများကြားတွင် ကြီးမားသော အကျိုးစီးပွား ပဋိပက္ခများ ရှိနေကြောင်း၊ ၎င်းသည် စစ်ဆေးကြီးကြပ်သူဖြစ်သလို စစ်ဆေးကြီးကြပ်ခံရသူလည်း ဖြစ်ကြောင်း အမေရိကန် Stetson University ဥပဒေ ပါမောက္ခ Ciara Torres-Spelliscy က ထောက်ပြခဲ့သည်။
အီလွန်မက်စ်သည် ပြည်သူများမှ ရွေးချယ်ထားသော အရာရှိမဟုတ်သလို အထက်လွှတ်တော်၏ အတည်ပြုချက်လည်းမရှိသော်လည်း ထရမ့်အစိုးရလက်ထက်တွင် သာမန်ထက် ကျော်လွန်သည့် နိုင်ငံရေးဆုံးဖြတ်ချက်ချမှတ်ခွင့်နှင့် လူခန့်အပ်ပိုင်ခွင့်များ ရရှိခဲ့ခြင်းမှာ အမေရိကန် ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့် ချိုးဖောက်ကြောင်း ဝေဖန်သူများက ယူဆကြသည်။ ထရမ့်အစိုးရ အတွင်းပိုင်းတွင် ဖြစ်ပေါ်နေသော အစိုးရနှင့် ပုဂ္ဂလိက အကျိုးစီးပွားဆိုင်ရာ ပဋိပက္ခသည် “မကြုံစဖူး” ဖြစ်ပြီး အီလွန်မက်စ်က “အခန်းထဲက ဆင်ကြီးအသစ်” ဖြစ်လာခဲ့ကြောင်း အမေရိကန် မီဒီယာ Vox မီဒီယာ ဝက်ဘ်ဆိုက်တွင် ထောက်ပြခဲ့သည်။
အီလွန်မက်စ်သည် ၂၀၂၄ ခုနှစ် သမ္မတရွေးကောက်ပွဲတွင် ထရမ့်အား ငွေကြေး အကူအညီ အများဆုံးပေးခဲ့သောသူများအနက် တစ်ဦးဖြစ်သည်။ ၎င်းသည် ကန်ဒေါ်လာ သန်း ၃၀၀ နီးပါးကူညီခဲ့သလို “မဲဖောက်ပေးခြင်း” စသည့် အစီအစဉ်များမှတစ်ဆင့် မဲဆွယ်ခဲ့ရာ ထရမ့်၏နောက်ဆုံး ရွေးကောက်ပွဲ အောင်မြင်မှုအတွက် ကြီးမားသောပံ့ပိုးကူညီမှုများ ပြုလုပ်ခဲ့ကြောင်း၊ ထရမ့်သည် ဇန်နဝါရီ ၂၀ ရက်တွင် အမေရိကန်သမ္မတရာထူးထမ်းဆောင်ခြင်းနှင့်စပ်လျဉ်း၍ ကျမ်းသစ္စာကျိမ်းဆိုသည့်နေ့တွင် အီလွန်မက်စ်ဦးဆောင်ပြီး DOGE ဟူသော အမည်ရှိသည့်ဌာန၏ အကြံပေးဘုတ်အဖွဲ့ ထူထောင်ရန် အမိန့်ကြေညာစာတစ်ရပ်ကို လက်မှတ်ရေးထိုးခဲ့ကြောင်း “The Washington Post” သတင်းအရ သိရသည်။ အမေရိကန်နိုင်ငံသား အများအပြား၏အမြင်တွင် အီလွန်မက်စ်က DOGE ၏ တာဝန်ရှိသူအဖြစ်ထမ်းဆောင်ခြင်းသည် ထရမ့်က အီလွန်မက်စ်အား “အကျိုးအမြတ်ဝေစုခွဲ” ပေးခြင်းဖြစ်ရာ သမ္မတလောင်းနှင့် ၎င်း၏ “ငွေကြေးပံ့ပိုးသူ” တို့ကြား “လောင်းကြေးထပ်-အကျိုးအမြတ်ပြန်ရ-ထပ်မံလောင်းကြေးထပ်” သည့် သံသရာစက်ကွင်းဖြစ်ပေါ်လာခဲ့သည်။
“ရာထူးခန့်အပ်ခြင်း” အပြင် ထရမ့်အစိုးရသည် စစ်ဆေးကြီးကြပ်မှု လျှော့ချပေးခြင်း၊ စီမံကိန်းလုပ်ပိုင်ခွင့် စသည့် နည်းလမ်းများဖြင့် အီလွန်မက်စ်အား တုံ့ပြန်ခဲ့သည်။ ဥပမာ Tesla အား စစ်ဆေးကြီးကြပ်ခြင်း အတားအဆီးကို အခြေအမြစ်မှ ဖယ်ရှားပေးခဲ့သည်။ Tesla ၏ အလိုအလျောက် မောင်းနှင်မှု နည်းပညာကို အစဉ်အမြဲ စုံစမ်းစစ်ဆေးနေသည့် အမေရိကန် အမျိုးသား အဝေးပြေး ယာဉ်အန္တရာယ်ကင်းရှင်းရေး စီမံခန့်ခွဲမှုဌာနသည် ကြီးမားသော အလုပ်ဖြုတ်ခံရမှုများနှင့် ရင်ဆိုင်နေရကြောင်း အမေရိကန် မီဒီယာအများအပြားက သတင်းဖော်ပြခဲ့သည်။
အီလွန်မက်စ်သည် ၎င်း၏ အစိုးရရာထူးကြောင့် စီးပွားရေးလုပ်ငန်း အကျိုးအမြတ်များရရှိခဲ့ခြင်းအပေါ် လည်း ပြစ်တင်ပြောဆိုခံခဲ့ရသည်။ ၎င်းလက်အောက်မှ ကုမ္ပဏီများသည် ကန်ဒေါ်လာ ဘီလီယံနှင့်ချီသော ဖက်ဒရယ်စာချုပ်များ၊ တန်ဖိုးကြီးမားသောချေးငွေများ၊ အစိုးရထောက်ပံ့ကြေးများနှင့် အခွန်အခပေးချေရန် အစားထိုးခွင့်နှင့် ကင်းလွတ်ခွင့်များ ဆက်တိုက်ရရှိခဲ့သည်။ ထရမ့်အစိုးရတက်လာပြီးနောက် အီလွန်မက်စ်၏ စီးပွားရေးလုပ်ငန်းအင်ပါယာသည် “ပို၍အကျိုးအမြတ်ဖြစ်ထွန်းသော နေရာတွင် ရောက်ရှိနေသည်မှာ သိသာထင်ရှား” ကြောင်း “The New York Times” က ဖော်ပြခဲ့သည်။ အီလွန်မက်စ်၏ Space Exploration Technologies Corp. သည် ကန်ဒေါ်လာ ဘီလီယံနှင့်ချီသော ဖက်ဒရယ်အစိုးရ စာချုပ်အသစ်များနှင့် ပုံစံအမျိုးမျိုးသော ထောက်ပံ့မှုများရရှိရန် မျှော်လင့်ချက်ရှိကြောင်း အမေရိကန် အရာရှိအများအပြားက ထုတ်ဖော်ပြောကြားခဲ့သည်။
“Space Exploration Technologies Corp. က လေလံကို အမှန်တကယ် အနိုင်ရရှိနိုင်သလားဆိုတာ ကျွန်တော်တို့ ဘယ်တော့မှ သိနိုင်မှာမဟုတ်ဘူး၊ ဘာလို့လဲဆိုတော့ အကျင့်ပျက်ခြစားမှုနဲ့ အကျိုးစီးပွားဆိုင်ရာ ပဋိပက္ခတွေကို တားဆီးဖို့ စွမ်းဆောင်နေတဲ့ အစိုးရ အဖွဲ့အစည်းတွေ အားလုံးရဲ့ ငွေကြေးထောက်ပံ့မှုကို ဖယ်ရှားလိုက်လို့ ဒါမှမဟုတ် ရုပ်သိမ်းခံလိုက်ရလို့ပါပဲ”၊ “အီလွန်မက်စ်မှာ ရာထူးနှစ်မျိုးရှိပြီး ဖက်ဒရယ်အဖွဲ့အစည်းတွေကြားမှာ ပျံ့နှံ့နေတဲ့ အာဏာအလွဲသုံးစားမှုနဲ့ အကျင့်ပျက်ခြစားမှုတွေက ထိတ်လန့်စရာကောင်းပါတယ်” ဟု အမေရိကန်နိုင်ငံ အစိုးရ စီမံကိန်းကြီးကြပ်ရေးအဖွဲ့ အမှုဆောင်ဒါရိုက်တာ Danielle Brian က ပြောကြားခဲ့သည်။
နိုင်ငံရေးနယ်ပယ်နှင့် ကုမ္ပဏီလုပ်ငန်းများသည် ငွေကြေးမှတစ်ဆင့် ဆက်ဆံရေး အနီးကပ် ချိတ်ဆက်ထားကြောင်း၊ ဤ “ခရိုနီအရင်းရှင်ဝါဒ” သည် အမေရိကန်၏ အနာဂတ်ကို အမှောင်ရိပ်ကျရောက်စေမည်ဟု ဂျပန် “Nikkei” သတင်းဆောင်းပါးတွင် ထောက်ပြခဲ့သည်။
“အကျင့်ပျက်ခြစားမှုက ပန်းသီးပိုင်မုန့်ကဲ့သို့ပင် အမေရိကန်ထူးခြားချက်ရှိ”
အမေရိကန် လွှတ်တော်၏ ဒီမိုကရက်တစ် အထက်လွှတ်တော်အမတ် Chris Murphy က ထရမ့်အစိုးရသည် “ငွေပေးလျှင် ကစားနိုင်” သည့် နိုင်ငံရေးပုံစံကို ပုံမှန်အသွင်ပြောင်းပြီး ငွေလှူဒါန်းသည့် ဘီလျံနာသူဌေးကြီးများက မူဝါဒကို အမိန့်ပေးကျင့်သုံးနေခြင်း၊ အခွန်ထမ်းများ၏ ငွေကြေးများကမူ နိုင်ငံရေး၊ စီးပွားရေး နယ်ပယ်က “လူတော် အထက်တန်းစားများ” ၏ အိတ်ထဲသို့ စီးဝင်နေခြင်း ဖြစ်သည်ဟု ယူဆသည်။
အမေရိကန်သမိုင်းကြောင်းတစ်လျှောက်ကို ကြည့်မည်ဆိုလျှင် အာဏာနှင့် ငွေကြေး အပေးအယူလုပ်သည်မှာ ထရမ့်အစိုးရက ကနဦးအစပြုဖန်တီးခဲ့ခြင်း မဟုတ်ဘဲ အမေရိကန်နိုင်ငံရေး၏ အရင်းခံယုတ္တိ ဖြစ်သည်။ နိုင်ငံရေးပါတီများ၏ “အကျိုးအမြတ်ခွဲစနစ်” မှသည် နိုင်ငံရေးနှင့် စီးပွားရေးသမားများ၏ “ဆုံလည်တံခါး သံသရာလည်” သည်အထိ၊ ငွေကြေးနှင့် အာဏာ၏ စနစ်တကျချည်နှောင်မှုက အမေရိကန်၏ အကျင့်ပျက်ခြစားမှုအတွက် “တရားဝင်” ပုံစံနှင့် “စည်းကမ်းနှင့် အညီ” လုပ်ဆောင်မှု ပံ့ပိုးပေးခဲ့သည်။
၁၉ ရာစုတွင် “နိုင်ငံရေး အကျိုးစီးပွား ခွဲဝေမှု” စနစ်သည် အမေရိကန်တွင် ကျယ်ကျယ်ပြန့်ပြန့် ရေပန်းစားခဲ့သည်။ ရွေးကောက်ပွဲ၌ အနိုင်ရသည့် နိုင်ငံရေးပါတီက အစိုးရရာထူးဖြင့် “ကိုယ့်လူ” ကို ဆုချီးမြှင့်ကြရာတွင် ပါတီ၏ အမာခံနှင့် ငွေကြေးပံ့ပိုးသည့် သူကြွယ်များလည်းပါဝင်ခြင်းကြောင့် အကျင့်ပျက်ခြစားမှု ထင်တိုင်းကြဲခဲ့ပေသည်။
၁၈၆၀ ပြည့်နှစ်တွင် အမေရိကန်သမ္မတအဖြစ် ရွေးကောက်ခံရသည့် လင်ကွန်း ၏ အနီးတွင်လည်း အစဉ်အမြဲပင် “ရာထူးလို အနားကပ်၊ ရာထူးတောင်း” သည့် “သူကြွယ်” အုပ်စု ရှိရာ ယင်း “ရာထူးတောင်းသူ” များသည် အစိုးရ၏ လစ်လပ်နေသည့် ရာထူးနေရာ ထောင်ချီတွင် ဖြည့်တင်းနေရာယူလာကြသည်။ အချိန်ကြာလာသည်နှင့်အမျှ “အကျိုးအမြတ်ခွဲဝေသည့် စနစ်” ၏ အမေရိကန်အပေါ် ခြိမ်းခြောက်မှုက “ပုန်ကန်မှုထက် ပို၍ကြီးမား” သည်ကို လင်ကွန်း သိရှိလာခဲ့သည်။
နှစ်ပေါင်း ၁၀၀ ကျော် အကြာတွင်လည်း အမေရိကန်အစိုးရသည် “ငွေကြေး” ဖြင့်သာ ရာထူးရာခံ ခန့်အပ်မြဲပင် ဖြစ်သည်။ အိုဘားမား၏ သမ္မတရွေးကောက်ပွဲ မဲဆွယ်စည်းရုံးမှု ရန်ပုံငွေ ကန်ဒေါ်လာ ၂.၁ သန်း “အကျိုးဆောင်မှု” ဖြင့် The Bold and the Beautiful ဇာတ်လမ်းတွဲ ထုတ်လုပ်သူ Colleen Bell သည် ၂၀၁၄ ခုနှစ်တွင် ဟန်ဂေရီနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီးအဖြစ် “ဝမ်းမြောက်ဖွယ်” ရွေးချယ်ခံခဲ့ရကြောင်း၊ ထရမ့်၏ ခမည်းခမက်ဖြစ်သူ Charles Kushner သည် ၂၀၂၄ ခုနှစ်က ထရမ့် သမ္မတရွေးကောက်ပွဲ ယှဉ်ပြိုင်ရာတွင် အစွမ်းကုန်ထောက်ခံအားပေးခဲ့ရာ ထရမ့်ရွေးကောက်ပွဲတွင် အနိုင်ရပြီးနောက် ပြင်သစ်နိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်အဖြစ် အမည်စာရင်းတင်သွင်းခံခဲ့ရကြောင်း ဗြိတိန် Financial Times သတင်းစာက ဖော်ပြခဲ့သည်။
“စုံလည်တံခါး သံသရာ” စနစ်သည်လည်း အမေရိကန် စနစ်၏ အကျင့်ပျက်ခြစားမှု “ထူးခြားချက်ကြီး” တစ်ခု ဖြစ်သည်။ အထွက်တွင် ခရိုနီ၊ အဝင်တွင် အစိုးရအရာရှိ အစိုးရနှင့် ခရိုနီချိတ်ဆက်၍ အကျိုးစီးပွား အပြန်ပြန်အလှန်လှန် လက်သဲ့ယူကြသည်။
ထရမ့်အစိုးရ၏ ပထမ သမ္မတ သက်တမ်းက ဘဏ္ဍာရေးဝန်ကြီး Steven Mnuchin မှာ Wall Street ရင်းနှီးမြှုပ်နှံမှုဘဏ် Goldman Sachs Group က ဖြစ်ပြီး ကာကွယ်ရေးဝန်ကြီး James N. Mattis သည် ရာထူးမှ နုတ်ထွက်ပြီးနောက် General Dynamics ကုမ္ပဏီ၏ ဒါရိုက်တာဘုတ်အဖွဲ့ဝင်အဖြစ် ပြောင်းလဲခဲ့သည်။ ဘိုင်ဒန်အစိုးရလက်ထက်က ကာကွယ်ရေးဝန်ကြီး အော်စတင်သည် Raytheon ကုမ္ပဏီ၏ ဒါရိုက်တာဘုတ်အဖွဲ့ဝင် ဖြစ်ခဲ့ဖူးပြီး နိုင်ငံခြားရေးဝန်ကြီး ဘလင်ကန်သည် Boeing ကုမ္ပဏီ၏ မူဝါဒအကြံပေး ဖြစ်ခဲ့ဖူးသည်။
“မဏ္ဍိုင်ကြီး ၃ ရပ် သီးခြားရပ်တည်မှု” ဟုဆိုသော သားရည်ခြုံခြင်းကလည်း အမေရိကန်၏ အကျင့်ပျက်ခြစားမှုကို ဖုံးဖိထား၍ မရခဲ့ချေ။ ဥပဒေပြုသူ လွှတ်တော်အမတ်များအနေဖြင့်လည်း အာဏာကို အကျိုးစီးပွားအဖြစ် လက်တွေ့ပြောင်းလဲရန် ကြိုးပမ်းကြပြီး ဥပဒေပြုရေးကြီးကြပ်မှုကို ပြောင်ပြောင်တင်းတင်း တားဆီးကြသည်။ ဘိုင်ဒန်သည် ယမန်နှစ် ဒီဇင်ဘာလက သမ္မတ ရာထူးတာဝန် ပြီးဆုံးခါနီးတွင် လွှတ်တော်အမတ်များ စတော့ရှယ်ယာရောင်းဝယ်မှုများကို တားမြစ်ရန် တိုက်တွန်းခဲ့သော်လည်း ဒီမိုကရက်တစ်ပါတီ အောက်လွှတ်တော်ဥက္ကဋ္ဌဟောင်း နန်စီပီလိုစီ အပါအဝင် လွှတ်တော်အမတ် အများအပြားက သက်ဆိုင်ရာ ဥပဒေမူကြမ်းအား လွှတ်တော်တွင် ပြဋ္ဌာန်းရန် ကန့်ကွက်ခဲ့ကြသည်။ ထိုသို့ ဖြစ်ရသည့်အကြောင်းအရင်းမှာ ရှုပ်ထွေးသည်တော့မဟုတ်ချေ။ နန်စီပီလိုစီ၏ ခင်ပွန်းဖြစ်သူ စီမံခန့်ခွဲသော စတော့ရှယ်ယာများသည် ၂၀၂၄ ခုနှစ်တွင် ဈေးကွက်တန်ဖိုး ၇၁ ရာခိုင်နှုန်း တိုးလာခဲ့ကြောင်း၊ ယင်းရင်းနှီးမြှုပ်နှံမှု တန်ပြန်အကျိုးအမြတ်ရရှိမှုနှုန်းသည် အမေရိကန် နာမည်ကျော် ရင်းနှီးမြှုပ်နှံသူ Warren Buffett ပင်လျှင် နောက်ကောက်ကျန်ခဲ့စေကြောင်း အမေရိကန် ဘဏ္ဍာရေး ဒေတာဝန်ဆောင်မှု ကုမ္ပဏီ “Unusual Whale” ၏ ယခုနှစ် နှစ်ဆန်းပိုင်း၌ ထုတ်ပြန်သော အစီရင်ခံစာတွင် ဖော်ပြထားသည်။
အမေရိကန်လွှတ်တော် ရီပက်ဘလစ်ကန်ပါတီ အမတ် Josh Hawley က “ရေရှည်မှာ ဝါရှင်တန်ရဲ့ နိုင်ငံသမားတွေက စီးပွားရေးစနစ်စည်းမျဉ်းစည်းကမ်း ချမှတ်မှုအတွက် လက်သင့်တဲ့အနေအထားကို အသုံးချပြီး အမေရိကန်ပြည်သူလူထုရဲ့အကျိုးစီးပွားကို စတေးကာ ကိုယ်ကျိုးစီးပွားရှာကြတယ်” ဟု ဆိုသည်။
ယခုနှစ် နှစ်ဆန်းပိုင်းတွင် AP သတင်းဌာနနှင့် အမေရိကန် ပြည်သူ့ရေးရာ သုတေသနစင်တာတို့ ပူးတွဲဆောင်ရွက်သော ပြည်သူ့သဘောထားစစ်တမ်းတွင် အမေရိကန်ပြည်သူ ၇၀ ရာခိုင်နှုန်းက အကျင့်ပျက်ခြစားမှုမှာ အမေရိကန်အစိုးရ၏ အဓိကပြဿနာဟု ယူဆကြပြီး သုံးပုံနှစ်ပုံခန့်မှာ အစိုးရ စွမ်းဆောင်ရည်ထိရောက်မှုဌာန (DOGE) က ပြဿနာများကို ဖြေရှင်းနိုင်မည်ဟု မယူဆကြောင်း ဖော်ပြထားသည်။
သုံးသပ်သူအချို့က “အစိုးရ စွမ်းဆောင်ရည်ထိရောက်မှုကို ပြုပြင်ပြောင်းလဲခြင်း” ဟူသည်ကို တွန်းအားပေးဆောင်ရွက်ရုံဖြင့် အမေရိကန်အကျင့်ပျက်ခြစားမှုကြောင့် စုပုံနေသည့်ဆိုးကျိုးများကို အရင်းအမြစ်မှ ဖြေရှင်းနိုင်မည် မဟုတ်ကြောင်း၊ အဘယ်ကြောင့်ဆိုသော် ယင်း၏အရင်းအမြစ်မှာ အရင်းရှင်စနစ်က လူနည်းစု အကျိုးစီးပွားကို ဝန်ဆောင်မှုပေးနေသော သဘာဝကြောင့် ဖြစ်ကြောင်း ထောက်ပြပြောကြားခဲ့သည်။
၁၈၉၁ ခုနှစ်ကပင် Friedrich Engels က “အခြားနိုင်ငံဘယ်နိုင်ငံနဲ့မဆို နှိုင်းယှဉ်ရင် အမေရိကန်မှာ ‘နိုင်ငံရေးသမားတွေ’ က နိုင်ငံသားထဲမှာ ပိုပြီးတစ်မူထူးခြားတဲ့၊ ပိုပြီးအာဏာကြီးမားတဲ့အစိတ်အပိုင်းတစ်ခု ဖြစ်တယ်။ ဒီလူတွေက နိုင်ငံရေးကို စီးပွားရေးပုံစံတစ်မျိုး ပြောင်းကြတယ်…ဒီလူတွေက အပြင်ပန်းမှာတော့ ပြည်သူကို အလုပ်အကျွေးပြုနေပြီး တကယ်စင်စစ်မှာမူ ပြည်သူတွေကို အုပ်ချုပ်ပြီး လုယူနေတာ ဖြစ်တယ် ” ဟု ဆောင်းပါးတစ်ပုဒ်တွင် ထောက်ပြ ပြောကြားခဲ့သည်။
အမေရိကန် နိုင်ငံရေးစနစ်ရဲ့ အနှစ်သာရက “ဒီမိုကရေစီ” အလံကိုင်သည့် “လူတော်အထက်တန်းစားများ၏ နိုင်ငံရေးအကြမ်းဖက်မှု” ဖြစ်ပြီး ယင်းမှာ အလွန်တရာ အကျင့်ပျက်ခြစားသည့်စနစ်တစ်ခု ဖြစ်ရာ Al Jazeera ရုပ်မြင်သံကြားဌာနက “အကျင့်ပျက်ခြစားမှုက ပန်းသီးပိုင်မုန့်ကဲ့သို့ပင် အမေရိကန်ထူးခြားချက်ရှိသည်” ဟု ပြောကြားခဲ့သည်။ (Xinhua)

အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယားပြည်နယ် San Mateo ခရိုင်ရှိ ယာဉ်ရပ်နားကွင်းတွင် ဓာတ်အားသွင်းနေသည့် Tesla လျှပ်စစ်ကားတစ်စီးအား ၂၀၂၃ ခုနှစ် ဒီဇင်ဘာ ၁၃ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဟန်ဂေရီနိုင်ငံ မြို့တော် ဘူဒါပတ်စ်တွင် ဒန်းညုမြစ်ရေတက်လာသည်ကို ကြည့်ရှုနေကြသူများအား ၂၀၂၄ ခုနှစ် စက်တင်ဘာ ၁၉ ရက်က တွေ့ရစဉ် (ဆင်ဟွာ)
————————
(Chinese Version)
国际观察丨马斯克的黯然退场——起底美国制度性腐败
新华社北京5月29日电
美国政府效率部负责人埃隆·马斯克28日在社交媒体发文,“官宣”离职决定。白宫随后确认,马斯克即将离职。
“美国联邦机构的官僚程度比我意识到的要糟糕得多……试图改善华盛顿的状况是一场艰苦战斗。”马斯克在美国《华盛顿邮报》网站27日刊登的专访中说,美国政府效率部成了“一切问题的替罪羊”。
马斯克的叹息折射出美国复杂扭曲的政治生态。美国媒体说,马斯克在政府效率部时帮助总统特朗普大砍联邦经费、大裁联邦雇员,“动了利益集团的蛋糕”;与此同时,特朗普任命为他竞选总统捐款的马斯克为政府高官、为马斯克经营的特斯拉公司“站台”等做法也有利益输送之嫌。
这是一场注定失败的“改革”,根本原因在于,美国政府的低效浪费只是表象,制度层面的“合法”腐败、监管缺失才是问题实质。
“幻影援助”与“账本黑洞”
“抽干沼泽”——这是特朗普政府的一个标志性口号,也是对美国“腐败问题”的明示。特朗普今年3月在国会演讲时再度声称,将清除任何抵制“改革”的官员。政府效率部所发起的联邦政府裁员、查账风暴,正是特朗普所说“改革”的一个抓手,其重点对象是美国一系列对外援助机构。
白宫管理和预算办公室主任拉塞尔·沃特5月28日表示,特朗普政府计划下周向国会提交一项小规模支出削减方案。据披露,这一方案针对美国两家公共广播公司以及对外援助机构等。同日,美国国会众议院议长迈克·约翰逊表示,众议院“渴望并准备根据政府效率部的调查结果采取行动,以便进一步削减政府开支”。
在美国,对外援助成为许多政商界人士通过项目合同捞金的“偏门”。美国媒体报道,由于缺乏透明度和问责机制,联邦政府众多外援项目资金流向不明。这类项目中普遍存在层层盘剥和定向采购等问题,导致浪费和腐败。
特朗普此前接受采访时称,马斯克和政府效率部发现美国政府价值数千亿美元的虚假合同,“都是骗局,许多根据合同花费的资金最终都回流到合同发起人手中”。马斯克还呼吁对美国国际开发署等机构要“斩草除根”。
以美国国际开发署为例,该机构年度预算超400亿美元,被视为美国全球“软实力”的重要支撑,但多年来因账目不清屡遭批评。美国媒体3月28日报道,特朗普政府已告知国会将关闭国际开发署,这一机构的部分职能从7月1日起并入美国国务院。
美国伊利诺伊政策研究所政策顾问保罗·瓦拉斯说,美国国际开发署对外援助资金往往经过“多层级分包合同和相关机构”盘剥,才能到达项目实施者手上。
美国国会研究处研究报告显示,美国国际开发署主要通过第三方“执行伙伴”支出援助资金:包括私人承包商、非营利组织、国际组织和美国政府机构等。这些“执行伙伴”总能轻易截留大部分款项。
美国公共广播公司披露,美国国际开发署援助资金仅有不到10%真正抵达受援地区。美国华盛顿大学研究人员把这称为因腐败、管理不善或其他系统性问题导致的“幻影援助”。美国《外交政策》杂志曾评论说:“美国政府的对外援助正在养肥华盛顿的内部体系。”
对外援助领域的浪费与腐败只是美国系统性腐败的冰山一角。
美国政府效率部在多个联邦政府部门和机构掀起“查账风暴”,揭开财政部、国防部等众多部门的“账本黑洞”。
美国社会保障署被指控为滋生欺诈的“温床”、存在“庞氏骗局”。按马斯克的说法,数以百万计美国人仍在使用逝者姓名申请社会保障,财政部每年都向身份不明的人发放超过1000亿美元福利金。
美联储则被指称花费巨资搞装修。马斯克不久前说,正在考虑把政府效率部团队派往美联储,审查其早在2022年开支就已飙升至25亿美元的总部翻修工程,核查“美联储是否真的在室内设计师身上花了25亿美元”。
美国媒体报道,政府效率部已发现美国防部8000万美元被“浪费”的资金。美国智库战略与国际问题研究中心刊文说,美国国防部是唯一一个“从来没有”通过财务审计的联邦部门……
“房间里新的大象”
颇为讽刺的是,誓言消除腐败者自身也存在腐败嫌疑。不少美国媒体和分析人士指出,马斯克控制着美国太空探索技术公司、特斯拉等6家公司,同时又担任美国政府效率部负责人,这两个身份之间本就存在诸多利益冲突。
美国《纽约时报》报道,马斯克所拥有的公司与17个联邦机构签订了100个合同,他并非以中立者身份担任政府要员,而是需要同时顾及客户利益和监管方诉求。美国斯泰森大学法学教授西娅拉·托雷斯-斯佩利西指出,马斯克的公私业务之间存在巨大利益冲突,他既是监管者,又是被监管对象。
批评人士还认为,马斯克并非民选官员,也未经国会参议院确认程序,却在特朗普政府中掌握着远超常规的政治决策权和人事权,这有违美国宪法。美国媒体沃克斯网站指出,特朗普政府内部存在的公私利益冲突“前所未有”,马斯克已成为“房间里新的大象”。
马斯克是特朗普2024年总统竞选的最大捐助人之一。据《华盛顿邮报》报道,他捐款近3亿美元,还通过“大抽奖”等活动拉拢选民,为特朗普最终胜选立下汗马功劳。特朗普1月20日宣誓就任美国总统当天签署行政令,组建由马斯克牵头、名为政府效率部的顾问委员会。在许多美国人看来,马斯克出任政府效率部负责人是特朗普给予马斯克的“分红”,总统竞选人与其“金主”由此达成“押注-回报-再押注”的闭环。
分析人士认为,除了“封官”,特朗普政府还可以通过监管松绑、项目授权等方式回馈马斯克,比如“从根本上消除对特斯拉的监管障碍”。多家美国媒体报道,一直在调查特斯拉自动驾驶技术的美国国家公路交通安全管理局将面临大幅裁员。
马斯克还被指责因其政府角色获取商业利益,他旗下公司接连拿到价值数十亿美元的联邦合同、大额贷款、政府补贴和税收抵免。《纽约时报》说,特朗普政府上台以来,马斯克的商业帝国已处在“明显更有利的获益位置”。多名美方官员披露,马斯克的美国太空探索技术公司有望获得价值数十亿美元的联邦政府新合同和各类支持。
“我们永远无法知道美国太空探索技术公司是否真正赢得竞标,因为政府中所有致力于防止腐败和利益冲突的机构都被取缔或取消资助了。”美国政府项目监督组织执行董事丹妮尔·布赖恩说,“马斯克有双重角色,联邦机构中蔓延的权力滥用和腐败令人震惊。”
《日本经济新闻》刊文指出,政界和企业通过金钱关系紧密结合在一起,这种“裙带资本主义”给美国未来蒙上阴影。
“腐败就像苹果派一样具有美国特色”
美国国会民主党参议员克里斯·墨菲认定,特朗普政府把“付费就能玩”的政治模式常态化,捐款的亿万富翁们对政策发号施令,纳税人的钱则流入政商“精英”口袋。
纵观美国历史,权钱交易并非特朗普政府首创,而是贯穿美国政治的底层逻辑。从政党“分肥制”到政商“旋转门”,金钱与权力的制度性捆绑为美国的腐败提供了“合法”形式和“合规”操作。
19世纪,“政治分肥”制度在美国大行其道,选举中获胜的政党用官职奖励“自己人”,包括党内骨干和提供经费的金主,导致腐败横行。1860年当选美国总统的林肯身边经常跟着一群“跑官要官”的“金主”,这些“求职者”填补了数千个政府空缺职位。林肯也认识到,随着时间推移,“分肥制”对美国的威胁“将会比叛乱更大”。
一百多年后,美国政府依然任人唯“金”。英国《金融时报》报道,凭借为奥巴马总统竞选筹款210万美元的“战功”,电视剧《大胆而美丽》制片人科琳·贝尔2014年“喜提”美国驻匈牙利大使一职。特朗普的亲家查尔斯·库什纳在特朗普2024年竞选总统时鼎力支持,特朗普胜选后便提名库什纳出任美国驻法大使。
“旋转门”机制也是美国制度性腐败一大“特色”。出则为商,入则为官,官商勾结,穿梭套利。特朗普第一个总统任期时的财政部长姆努钦来自华尔街投资银行高盛集团,国防部长马蒂斯卸任后“旋转”为通用动力公司董事会成员。拜登政府时期,国防部长奥斯汀曾是雷神公司董事会成员,国务卿布林肯曾为波音公司提供政策咨询。
所谓“三权分立”的外衣也无法掩盖美国的腐败。作为立法者的国会议员为了追求权力变现,公开阻挠立法监管。拜登去年12月在临近卸任美国总统之前呼吁禁止国会议员炒股,然而包括民主党前众议长佩洛西在内的多名议员反对国会出台相关法案。原因不复杂,美国金融数据服务公司“非寻常鲸鱼”今年年初公布的报告显示,佩洛西由其丈夫代为管理的股票2024年市值增加将近71%,这一投资回报率令美国知名投资人沃伦·巴菲特都相形见绌。
美国国会共和党参议员乔希·霍利说:“长期以来,华盛顿的政客利用他们给经济体系制定规则之便,以牺牲美国民众利益为代价,为自身牟利。”
今年年初,一项由美联社与美国公共事务研究中心联合开展的民调显示,七成美国人认为腐败是美国政府的主要问题,约三分之二的人不认为政府效率部能够解决问题。分析人士指出,仅靠推行所谓“政府效率改革”无法从根本上解决美国腐败积弊,因为其根源在于资本主义制度为少数人利益服务的本质。
早在1891年,恩格斯在一篇文章中指出:“正是在美国,同在任何其他国家相比,‘政治家们’构成国民中一个更为特殊的、更加富有权势的部分。这些人把政治变成一种生意……这些人表面上替国民服务,实际上却是统治和掠夺国民。”
美国政治制度本质上是打着“民主”旗号的“精英暴政”,这是一个极其腐败的制度,卡塔尔半岛电视台报道说,“腐败就像苹果派一样具有美国特色”。(完)
2. 2023年12月13日,一辆特斯拉电动车在美国加利福尼亚州圣马特奥县一处停车场充电。新华社发(李建国摄)
3. 2024年9月19日,在匈牙利首都布达佩斯,人们查看水位上涨的多瑙河。新华社发(弗尔季·奥蒂洛摄)