Connect with us

Asia

၂၂ ကြိမ်မြောက် ရှန်ဂရီလာ ဆွေးနွေးပွဲ စင်ကာပူတွင် စတင်ကျင်းပ

စင်ကာပူနိုင်ငံရှိ ရှန်ဂရီလာဟိုတယ်ပြင်ပတွင် ရဲတပ်ဖွဲ့ဝင်များ တာဝန်ထမ်းဆောင်နေသည်ကို ၂၀၂၅ ခုနှစ် မေ ၃၀ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

စင်ကာပူ၊ မေ ၃၁ ရက် (ဆင်ဟွာ)
၂၂ ကြိမ်မြောက် ရှန်ဂရီလာ ဆွေးနွေးပွဲကို မေ ၃၀ ရက် ညပိုင်းက စင်ကာပူနိုင်ငံတွင် စတင်ကျင်းပခဲ့ရာ နိုင်ငံနှင့်ဒေသပေါင်း ၄၀ ကျော်မှ အစိုးရအဓိကအရာရှိများ၊ ကာကွယ်ရေးအရာရှိများနှင့် ကျွမ်းကျင်ပညာရှင်များ စုစုပေါင်း ၅၅၀ ကျော် တက်ရောက်ခဲ့ကြသည်။

အဆိုပါ ဆွေးနွေးပွဲကို ပြင်သစ်နိုင်ငံ သမ္မတ မက်ခရွန်၊ မလေးရှားနိုင်ငံ ဝန်ကြီးချုပ် အန်ဝါ အီဘရာဟင်၊ အရှေ့တီမောနိုင်ငံ သမ္မတ ရာမို့စ်ဟော်တာ၊ အမေရိကန် ကာကွယ်ရေးဝန်ကြီး ပီတီဟတ်ဆတ်၊ ဥရောပသမဂ္ဂ နိုင်ငံခြားရေးနှင့် လုံခြုံရေးမူဝါဒ အဆင့်မြင့်ကိုယ်စားလှယ် ကာယာ ကေလစ် စသည့် အစိုးရ အဓိက အရာရှိကြီးများ တက်ရောက်ခဲ့သည်။

တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA) ကာကွယ်ရေးတက္ကသိုလ် ဒုတိယ ပါမောက္ခချုပ်နှင့် ပညာရေးဝန်ကြီး ဟူကန်းဖုန်းက တရုတ်ကိုယ်စားလှယ်အဖွဲ့ကို ဦးဆောင်ကာ ဆွေးနွေးပွဲသို့ တက်ရောက်ခဲ့ပြီး မေ ၃၁ ရက်တွင် တတိယမြောက် သီးခြားကဏ္ဍအလိုက်ဆွေးနွေးပွဲ ဖြစ်သည့် “အာရှ-ပစိဖိတ်ဒေသ၏ ပင်လယ်ပြင်လုံခြုံရေး ပူးပေါင်းဆောင်ရွက်မှု” သို့ တက်ရောက်မည် ဖြစ်ကြောင်းသိရသည်။

ဗြိတိန် နိုင်ငံတကာ မဟာဗျူဟာ သုတေသနဌာနမှ ကြီးမှူးကျင်းပသော ရှန်ဂရီလာဆွေးနွေးပွဲသည် ၂၀၀၂ ခုနှစ်တွင် စတင်ခြင်းဖြစ်ပြီး ယင်းဆွေးနွေးပွဲသည် နှစ်စဉ် စင်ကာပူနိုင်ငံရှိ ရှန်ဂရီလာ ဟိုတယ်၌ ကျင်းပခြင်းကြောင့် ရှန်ဂရီလာဆွေးနွေးပွဲဟု ခေါ်ဆိုခြင်း ဖြစ်သည်။ ယခုအကြိမ် ဆွေးနွေးပွဲကို ဇွန် ၁ ရက်အထိ ဆက်လက်ကျင်းပမည် ဖြစ်ကြောင်း သိရသည်။ (Xinhua)


——————-
(Chinese Version)
第22届香格里拉对话会在新加坡开幕
新华社新加坡5月30日电(记者陶方伟 舒畅)第22届香格里拉对话会30日晚在新加坡开幕,来自40多个国家和地区的政要、防务官员和专家学者共550余人参会。
法国总统马克龙、马来西亚总理安瓦尔·易卜拉欣、东帝汶总统奥尔塔、美国国防部长皮特·赫格塞思、欧盟外交与安全政策高级代表卡娅·卡拉斯等多位政要出席会议。
中国人民解放军国防大学副校长兼教育长胡钢锋率中国代表团出席对话会,并将于31日出席第三场专题会议“亚太地区的海上安全合作”。
由英国国际战略研究所主办的香格里拉对话会创立于2002年,因其每年在新加坡的香格里拉酒店举行而得名。本届对话会将持续至6月1日。(完)
1. 5月30日,警察在新加坡香格里拉酒店外执勤。新华社发(邓智炜摄)