North America
ထရမ့်၏ သံမဏိနှင့် အလူမီနီယအပေါ် စည်းကြပ်ခွန် နှစ်ဆတိုးကောက်ခံမည့် အစီအစဉ်အပေါ် ကနေဒါ လုပ်ငန်းလောကက ပြင်းပြင်းထန်ထန် ကန့်ကွက်

အော့တဝါ၊ မေ ၃၁ ရက် (ဆင်ဟွာ)
ကနေဒါ လုပ်ငန်းလောကက အမေရိကန် သမ္မတ ထရမ့်၏ သံမဏိနှင့် အလူမီနီယံအပေါ် စည်းကြပ်ခွန် နှစ်ဆတိုးကောက်ခံမည့် အစီအစဉ်အပေါ် ပြင်းပြင်းထန်ထန် ကန့်ကွက်ကြကြောင်း ကနေဒါမီဒီယာများက မေ ၃၀ ရက်တွင် သတင်းဖော်ပြကြသည်။
အမေရိကန်အစိုးရ၏ အဆိုပါအစီအစဉ်သည် ကနေဒါနိုင်ငံ အလုပ်သမားများအပေါ် နောက်တစ်ကြိမ် တိုက်ရိုက်ထိုးနှက်မှုဖြစ်ကြောင်း၊ ၎င်း၏ ဆင်ခြင်တုံတရားကင်းမဲ့သည့် လုပ်ရပ်ကြောင့် ကနေဒါစီးပွားရေးအပေါ် ထိုးနှက်မှုဖြစ်စေမည်ဖြစ်ကြောင်း ကနေဒါနိုင်ငံ အလုပ်သမားကွန်ဂရက် ဥက္ကဋ္ဌ Bea Bruske က ပြောကြားခဲ့သည်။
“ထရမ့်ရဲ့ ဒီဆုံးဖြတ်ချက်ကြောင့် ကျွန်တော်တို့ကို အမေရိကန်ဈေးကွက်ကနေ လုံးဝကင်းကွာသွားစေပြီး ကနေဒါရဲ့ သံမဏိနဲ့ အလူမီနီယံလုပ်ငန်းအတွက် ပျက်သုဉ်းစေနိုင်တဲ့ အကျပ်အတည်း သယ်ဆောင်လာမှာပါ။ ဒါ့အပြင် ထောင်သောင်းချီတဲ့ ကနေဒါအလုပ်သမားတွေရဲ့ အလုပ်အကိုင်ကိုပါ ခြိမ်းခြောက်နေပါတယ်” ဟု ဥက္ကဋ္ဌ Bea Bruske က ပြောကြားခဲ့သည်။
ကနေဒါနိုင်ငံ အစိုးရက လုပ်ငန်းခွင်ဝင်မှု အာမခံနှင့် လစာဖြည့်စွက်ငွေနှင့်သက်ဆိုင်သည့် အရေးပေါ်ပြုပြင်ပြောင်းလဲမှု လုပ်ဆောင်ခြင်း အပါအဝင် လှုပ်ရှားမှုများကို ချက်ချင်းလုပ်ဆောင်ပြီး အလုပ်သမားများအား ကာကွယ်ပေးရန် Bea Bruske က တိုက်တွန်းခဲ့သည်။
သံမဏိနှင့် အလူမီနီယံများ နယ်စပ်ဖြတ်ကျော် ထောက်ပံ့ရေးကွင်းဆက်ကို ဖျက်ဆီးခြင်းသည် ကနေဒါနှင့် အမေရိကန်တို့အပေါ် ကြီးမားသော နစ်နာဆုံးရှုံးမှု ဖြစ်စေကြောင်း၊ သံမဏိနှင့် အလူမီနီယံ စည်းကြပ်ခွန်ကို ၅၀ ရာခိုင်နှုန်းအထိ နှစ်ဆတိုးမြှင့်တင်ခြင်းသည် မြောက်အမေရိက၏ စီးပွားရေးလုံခြုံမှုနှင့် လုံးဝပြောင်းပြန် ဖြစ်နေကြောင်း ကနေဒါ ကုန်သည်များအသင်း ဥက္ကဋ္ဌနှင့် အမှုဆောင်အရာရှိချုပ် Candace Laing က ကြေညာချက်တစ်ခုတွင် ပြောကြားခဲ့သည်။
အမေရိကန် နိုင်ငံတကာ ကုန်သွယ်ရေး ကော်မရှင်၏ အချက်အလက်များအရ အမေရိကန်သည် ၂၀၂၄ ခုနှစ်တွင် ကန်ဒေါ်လာ ၁၄၇.၃ ဘီလီယံ တန်ဖိုးရှိသည့် သံမဏိနှင့် အလူမီနီယံ ထုတ်ကုန်များ တင်သွင်းခဲ့ကြောင်း သိရသည်။ ကနေဒါနှင့် မက္ကဆီကိုတို့သည် ၎င်းပစ္စည်းများ၏ အဓိကအရင်းအမြစ်နိုင်ငံများဖြစ်ကြောင်း အချက်အလက်များက ဖော်ပြထားသည်။
အမေရိကန် သမ္မတ ထရမ့်သည် မေ ၃၀ ရက်တွင် လူမှုမီဒီယာပလက်ဖောင်း “Truth Social” ၌ ပို့စ်ရေးသား၍ ဇွန် ၄ ရက်မှစတင်ကာ သံမဏိနှင့် အလူမီနီယံ၏ သွင်းကုန်စည်းကြပ်ခွန်ကို ၂၅ ရာခိုင်နှုန်းမှ ၅၀ ရာခိုင်နှုန်းအထိ တိုးမြှင့်ကောက်ခံသွားမည်ဟု ပြောကြားခဲ့သည်။ (Xinhua)
———————
(Chinese Version)
加拿大业界对特朗普钢铝关税加倍计划表示强烈反对
新华社渥太华5月30日电(记者林威)加拿大媒体5月30日报道,加拿大业界对美国总统特朗普钢铝关税加倍计划表示强烈反对。
加拿大劳工大会主席贝娅·布鲁斯克表示,美国政府的这一计划是对加拿大工人的又一次直接攻击,其鲁莽的举动将对加拿大经济造成冲击。
布鲁斯克说:“特朗普这一决定将使我们完全远离美国市场,为加拿大的钢铁和铝产业带来毁灭性危机,并威胁到成千上万加拿大工人的工作。”
布鲁斯克呼吁加拿大政府立即采取行动保护工人,包括实施有关就业保险和工资补贴的紧急改革。
加拿大商会总裁兼首席执行官坎达丝·莱恩在一份声明中说,破坏钢铝跨境供应链对加拿大和美国都损失巨大,将钢铁和铝关税加倍至50%与北美的经济安全背道而驰。
根据美国国际贸易委员会数据,美国在2024年进口价值1473亿美元的钢铝产品。数据显示,加拿大、墨西哥等是其主要来源国。美国总统特朗普5月30日在社交媒体平台“真实社交”上发文称,6月4日起,将把钢铁和铝的进口关税从25%提高至50%。(完)
图说:4月2日,美国总统特朗普在首都华盛顿白宫展示签署后的关于所谓“对等关税”的行政令。新华社记者胡友松摄