Connect with us

North America

အမေရိကန်သို့ နိုင်ငံတော်ခရီးစဉ်သွားရောက်နေသော ကနေဒါဝန်ကြီးချုပ်နှင့် ထရမ့် “ယဉ်ကျေးစွာ အပြန်အလှန် အချေအတင်ပြောဆို”

အမေရိကန် သမ္မတ ထရမ့် (ဝဲဘက်၊ ဒုတိယ) က အမေရိကန်သို့ နိုင်ငံတော်ခရီးစဉ်ရောက်ရှိနေသော ကနေဒါဝန်ကြီးချုပ် မာ့ခ်ကာနီအား အိမ်ဖြူတော်၌ ကြိုဆိုနေသည်ကို မေ ၆ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဝါရှင်တန်၊ မေ ၇ ရက် (ဆင်ဟွာ)
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က အမေရိကန်သို့ နိုင်ငံတော်ခရီးစဉ်ရောက်ရှိနေသော ကနေဒါဝန်ကြီးချုပ် မာ့ခ်ကာနီနှင့် အိမ်ဖြူတော်၌ တွေ့ဆုံဆွေးနွေးခဲ့ပြီး ၎င်းတို့ နှစ်ဦးက သတင်းထောက်များနှင့် အတူတွေ့ဆုံရာတွင် “ကနေဒါကို သိမ်းပိုက်ခြင်း”၊ စည်းကြပ်ခွန်စသည့် အကြောင်းအရာများနှင့်ပတ်သက်၍ “ယဉ်ကျေးစွာ အပြန်အလှန် အချေအတင်ပြောဆို” ခဲ့ကြသည်။

အကယ်၍ ကနေဒါနိုင်ငံက အမေရိကန်နိုင်ငံ၏ ၅၁ ခုမြောက် ပြည်နယ်ဖြစ်လာပါက ယင်းမှာ “သာယာလှပသော အိမ်ထောင်ရေး” တစ်ခုဖြစ်လိမ့်မည်ဟု ထရမ့်က သတင်းထောက်၏ မေးမြန်းမှုကို ဖြေကြားရာတွင် ပြောကြားခဲ့ရာ မာ့ခ်ကာနီက “ကနေဒါက ဘယ်တော့မှ ရောင်းကုန်ပစ္စည်းမဟုတ်” ဟူ၍ ချက်ချင်း တုံ့ပြန်ခဲ့ပြီး ထရမ့်က “ဘယ်တော့မှ ဆိုတဲ့စကားကို ဘယ်တော့မှ မပြောနဲ့” ဟု ပြန်ပြောခဲ့သည်။

စည်းကြပ်ခွန်ကိစ္စရပ်နှင့် စပ်လျဉ်း၍ မာ့ခ်ကာနီက “ကနေဒါသည် အမေရိကန်နိုင်ငံ၏ အကြီးဆုံး ဖောက်သည်ဖြစ်ကြောင်း” ထရမ့်အား သတိပေးခဲ့ရာ ထရမ့်ကမူ အမေရိကန်အနေဖြင့် “ကနေဒါရဲ့ မော်တော်ကား၊ သံမဏိကို မလိုအပ်” ကြောင်း၊ “ကနေဒါကို ထောက်ပံ့ငွေပေးစရာ အကြောင်းမရှိ” ကြောင်း၊ ထို့အပြင် ကနေဒါထုတ်ကုန်များအပေါ် စည်းကြပ်ခွန် ကင်းလွတ်ခွင့်ပြုမည်မဟုတ်ကြောင်း အခိုင်အမာ ပြောကြားခဲ့သည်။

မာ့ခ်ကာနီဦးဆောင်သော လစ်ဘရယ်ပါတီက ဧပြီ ၂၈ ရက်တွင် ကနေဒါ အောက်လွှတ်တော် ရွေးကောက်ပွဲတွင် အနိုင်ရခဲ့ပြီး မာ့ခ်ကာနီက ဝန်ကြီးချုပ်အဖြစ် ဆက်လက် တာဝန်ထမ်းဆောင်ခဲ့သည်။ “အမေရိကန်က ကျွန်တော်တို့ရဲ့ မြေနေရာ၊ အရင်းအမြစ်၊ ရေအရင်းအမြစ်သာမက ကျွန်တော်တို့ရဲ့ နိုင်ငံကိုပါ လိုချင်တပ်မက်ဖြစ်နေတယ်” ၊ ထရမ့်က “ကျွန်တော်တို့ကို ဖြိုလှဲဖို့၊ အမေရိကန်က ကျွန်တော်တို့ကို သိမ်းပိုက်ဖို့ ကြိုးစားနေတယ်။ ဒါပေမဲ့ ဒါက ဘယ်တော့မှ ဖြစ်လာမှာမဟုတ်ဘူး” ဟူ၍ မာ့ခ်ကာနီက အောင်ပွဲခံမိန့်ခွန်းတွင် ပြောကြားခဲ့သည်။

ထရမ့်က “ကနေဒါကို သိမ်းပိုက်မည့်” စိတ်ကူးကို လူသိရှင်ကြား အကြိမ်ကြိမ် အဆိုပြုခဲ့ပြီး “စီးပွားရေးအင်အား” ဖြင့် ဤရည်မှန်းချက်ကို ဖော်ဆောင်လိုကြောင်း ပြောကြားခဲ့သည်။ ထရမ့်၏ ဤအဆိုမှာ “အတည်” ဖြစ်ကြောင်း အိမ်ဖြူတော်အရာရှိ၏ စကားကို ကိုးကား၍ အမေရိကန် မီဒီယာက သတင်းဖော်ပြခဲ့သည်။ “အမေရိကန်က ကနေဒါကို နှစ်စဉ် ကန်ဒေါ်လာ ၂၀၀ ဘီလီယံ၊ ဒါ့အပြင် အခမဲ့ စစ်ရေး ကာကွယ်ပေးမှုနဲ့ အခြားသော အထောက်အပံ့တွေ ဘာကြောင့် ထောက်ပံ့ရတာလဲ။ သူတို့ရဲ့ မော်တော်ကားလည်း ငါတို့မလိုဘူး၊ စွမ်းအင်အရင်းအမြစ်တွေလည်း မလိုဘူး၊ သူတို့ရဲ့ သစ်သားလည်း မလိုဘူး၊ ငါတို့ ဘာမှမလိုအပ်ဘူး”၊ “သူတို့ကသာ ငါတို့မပါရင် ဘာမှမတတ်နိုင်တာ” ဟူ၍ ထရမ့်က မာ့ခ်ကာနီ ခရီးစဉ် မရောက်ရှိသေးခင် ဆိုရှယ်မီဒီယာတွင် ရေးသားဖော်ပြခဲ့သည်။ (Xinhua)


………………………
(Chinese Version)
加拿大总理访美与特朗普“礼貌交火”
新华社华盛顿5月6日电(记者颜亮)美国总统特朗普6日在白宫会见到访的加拿大总理卡尼,双方在一起会见记者时围绕“吞并加拿大”、关税等话题“礼貌交火”。
特朗普在回答记者提问时称,如果加拿大成为美国的第51个州,将是一场“美妙的婚姻”,卡尼立即回怼“加拿大永远都是非卖品”,特朗普则回应“永远不要说永远”。
谈到关税问题时,卡尼提醒特朗普“加拿大是美国的最大客户”,特朗普则称美国“不需要加拿大汽车、钢铁”“美国没有理由补贴加拿大”,同时坚称不会豁免加拿大产品关税。
卡尼领导的自由党4月28日在加拿大联邦众议院选举中获胜,卡尼继续出任总理。他在胜选演讲中说,“美国觊觎我们的土地、资源、水源,甚至我们的国家”,特朗普“正试图击垮我们,让美国占有我们。但这永远都不会发生”。
特朗普多次公开提出“吞并加拿大”的想法,并表示愿意通过“经济力量”实现这一目的。美媒援引白宫官员的话说,特朗普的这一说法是“认真的”。在卡尼到访前,特朗普在社交媒体上发文称,“为什么美国每年要补贴加拿大2000亿美元,外加免费军事保护和许多其他援助?我们不需要他们的汽车,不需要他们的能源,不需要他们的木材,我们什么都不需要”,“他们什么都离不开我们!”(完)
图说:5月6日,美国总统特朗普(左二)在华盛顿白宫迎接到访的加拿大总理卡尼。新华社记者 胡友松 摄