China
ပင်လယ်ကမ်းခြေ စိမ့်မြေအရပ်ရှိ မီလုသမင် ထိန်းသိမ်းစောင့်ရှောက်သူများ

ယန်ချိန် (ကျန်းဆူး)၊ ဇွန် ၁၀ ရက် (ဆင်ဟွာ)
ဇွန်လရောက်ချိန် တရုတ်နိုင်ငံ ကျန်းဆူးပြည်နယ် တာ့ဖုန်း မီလုသမင် (Elaphurus davidianus) အမျိုးသားသဘာဝဘေးမဲ့တောအတွင်း သမင်ဟောက်သံများ ဟိုဟိုဒီဒီကြားနေရသည်။ မှတ်စုစာအုပ် ထုတ်ယူပြီး မှန်ဘီလူးကိုင်ကာ ရွှဲသန်းသန်းသည် ပုံမှန်အတိုင်း ကျွမ်းကျင်စွာဖြင့် ပစ်ကပ်ကားထဲဝင်ပြီး လုပ်ဖော်ကိုင်ဖက်များနှင့် တစ်နေ့တာ လှည့်လည်ကြည့်ရှုထိန်းသိမ်းရေးလုပ်ငန်းကို စတင်လိုက်ပါသည်။
ယခုနှစ်တွင် အသက် ၃၅ နှစ်ပြည့်ပြီဖြစ်သော ရွှဲသန်းသန်းသည် ကျန်းဆူးပြည်နယ် တာ့ဖုန်း မီလုသမင် အမျိုးသားသဘာဝဘေးမဲ့တော လုံခြုံရေးဌာန၏ တာဝန်ရှိသူဖြစ်သည်။ ၂၀၁၆ ခုနှစ် ကျောင်းပြီးချိန်မှစ၍ ရွှဲသန်းသန်းသည် ဤသဘာဝဘေးမဲ့တောအတွင်းရှိ မီလုသမင်များ၏ စောင့်ကြည့်ထိန်းသိမ်းရေး၊ စီမံခန့်ခွဲရေး၊ အသိပညာပေးရေး လုပ်ငန်းများကို တစ်စိုက်မတ်မတ် လုပ်ဆောင်ခဲ့သည်။ သဘာဝဘေးမဲ့တော ရောက်ခါစတွင် ၎င်းသည် မီလုသမင် ဟူသော သတ္တဝါအပေါ် သိပ်နားမလည်ခဲ့ပေ။ ၉ နှစ်ကျော်ကာလအတွင်း ရွှဲသန်းသန်းသည် သက်ဆိုင်ရာ အချက်အလက်များစွာကို ရှာဖွေဖတ်ရှုခြင်း၊ ကျွမ်းကျင်ပညာရှင်များနှင့် တိုင်ပင်နှီးနှောခြင်း၊ လုပ်ဖော်ကိုင်ဖက်များနှင့် ပုံမှန်ကွင်းဆင်း လှည့်လည်စစ်ဆေးခြင်းများ လုပ်ဆောင်ကာ ၎င်း၏ ကျွမ်းကျင်မှုဆိုင်ရာ ဗဟုသုတများကို စဉ်ဆက်မပြတ် ကြွယ်ဝလာစေသည့် တစ်ချိန်တည်းတွင်ပင် မီလုသမင်ထိန်းသိမ်းရေးနှင့် သက်ဆိုင်သော ကျွမ်းကျင်မှုဆိုင်ရာ ဗဟုသုတများကိုလည်း ရိုးရှင်းလွယ်ကူစွာ နားလည်နိုင်သော နည်းလမ်းဖြင့် လူထုထံသို့ လက်ဆင့်ကမ်းပေးခဲ့ရာ လူထုနှင့် မီလုသမင်များကြား ပေါင်းကူးတံတား တည်ဆောက်ပေးခဲ့သည်။
တစ်နေ့ပြီးတစ်နေ့ လုပ်ငန်းဆောင်တာများအတွင်း ရွှဲသန်းသန်းသည် မီလုသမင်များနှင့် နက်ရှိုင်းသော သံယောဇဉ်ရှိလာခဲ့သည်။ ၎င်းသည် ရွာသားများကို ကူညီ၍ ကြိုးပိုက်ကွန်တွင် ပိတ်မိနေသော မီလုသမင်အား ကယ်ထုတ်ခဲ့ဖူးသလို သဘာဝဘေးမဲ့တောစမတ် စောင့်ကြည့်စစ်ဆေးရေးပလက်ဖောင်း ထူထောင်ရေးတွင်လည်း ပါဝင်လုပ်ဆောင်ခဲ့ရာ သိပ္ပံနည်းပညာနည်းလမ်းဖြင့် မီလုသမင် နေထိုင်ကျက်စားရာနေရာ မျိုးကွဲစုံလင်မှုကို စောင့်ကြည့်စစ်ဆေးခဲ့သည်။ လှည့်လည်ကြည့်ရှုထိန်းသိမ်းရေး လမ်းကြောင်းတွင် မီလုသမင်တချို့သည် ဂရုတစိုက် ဖြည်းဖြည်းချင်း ရွှဲသန်းသန်းနားသို့ ကပ်လာကာ ရွှဲသန်းသန်းက သမင်ခေါင်းလေးကို ညင်သာစွာ ပွတ်သပ်ပေးပြီး ၎င်းတို့အား နွေးထွေးစွာ ကြည့်နေခဲ့သည်။ “သဘာဝဘေးမဲ့တောက ကျွန်မရဲ့အိမ်လိုပါပဲ၊ မီလုသမင်တွေက ကျွန်မရဲ့ မိသားစုဝင်တွေဖြစ်တယ်” ဟု ၎င်းက ပြောကြားခဲ့သည်။
ရွှဲသန်းသန်းသည် မီလုသမင်များ၏ မွေးဖွားခြင်း၊ အိုမင်းခြင်း၊ နာမကျန်းဖြစ်ခြင်းနှင့် သေဆုံးခြင်းတို့ကို မျက်မြင်ကိုယ်တွေ့ရှိခဲ့သလို မီလုသမင်မျိုးစိတ်အုပ်စု ဖွံ့ဖြိုးကြီးမားလာမှုအတွက်လည်း အစဉ်တစိုက် စောင့်ရှောက်လျက်ရှိသည်။ ၁၉၈၆ ခုနှစ် ကျန်းဆူးပြည်နယ် တာ့ဖုန်းသည် ဗြိတိန်နိုင်ငံမှ မီလုသမင် ၃၉ ကောင် တင်သွင်းခဲ့သည်။ မကြာသေးမီနှစ်များတွင် သဘာဝဘေးမဲ့တောသည် လူနှင့် သဘာဝ သဟဇာတဖြစ်စွာ အတူယှဉ်တွဲနေထိုင်မှု မြှင့်တင်ခြင်း၊ ဆားနှင့် အယ်လကာလီ ဒဏ်ခံနိုင်သော အပင်မျိုးများ စိုက်ပျိုးခြင်း၊ ဝင်ရောက်ကျူးကျော်ပေါက်ရောက်လာသော အပင်မျိုးစိတ်များကို ကိုင်တွယ်ဖြေရှင်းခြင်းများ ပြုလုပ်ခဲ့ရာ ဂေဟစနစ်မှာ တစ်နေ့ထက်တစ်နေ့ ပိုမိုကောင်းမွန်လာကာ မီလုသမင်မျိုးစိတ်အရေအတွက်လည်း စဉ်ဆက်မပြတ် တိုးပွားလျက်ရှိသည်။ ၂၀၂၄ ခုနှစ် ဇွန်လအထိ သဘာဝဘေးမဲ့တောအတွင်း မီလုသမင် စုစုပေါင်းအကောင်ရေ ၈၂,၀၀ ကျော်ရှိပြီး ယင်းအနက် တောရိုင်း မီလုသမင်အကောင်ရေမှာ ၃,၅၀၀ ကျော်အထိ ရှိခဲ့သည်။
ရွှဲသန်းသန်းအနေဖြင့် ဤအလုပ်၏ ဆုံးခန်းတိုင်ရည်မှန်းချက်မှာ တောရိုင်းမီလုသမင်မျိုးစိတ်အုပ်စုကို ပြန်လည်ထူထောင်ခြင်းဖြစ်သည်။ ၎င်းနှင့် လုပ်ဖော်ကိုင်ဖက်များသည် မီလုသမင်များ၏ ရွှေ့ပြောင်းနေရာများအား ထိန်းသိမ်းရေးတွင် ဆက်လက် တစ်စိုက်မတ်မတ်လုပ်ကိုင်သွားမည်ဖြစ်ပြီး မီလုသမင်များအား ၎င်းတို့နှင့် သင့်လျော်သော အသက်ရှင်နေထိုင်ရာနေရာများသို့ ပို့ဆောင်ပေးသွားမည်ဖြစ်သည်။ ယင်းမှာ လူနှင့် သဘာဝ သဟဇာတဖြစ်စွာ အတူယှဉ်တွဲနေထိုင်မှု၏ မဖြစ်မနေ ဖြတ်သန်းရသည့် လမ်းဖြစ်ပေသည်။ (Xinhua)

တရုတ်နိုင်ငံ ကျန်းဆူးပြည်နယ် တာ့ဖုန်း မီလုသမင် အမျိုးသားသဘာဝဘေးမဲ့တောတွင် ရွှဲသန်းသန်းနှင့် မီလုသမင်ထီးတစ်ကောင်ကို ဇွန် ၇ ရက်က တွေ့ရစဉ် (ဆင်ဟွာ)
……………………..
(Chinese Version)
新华全媒+|滨海湿地边的麋鹿守护者
新华社照片,盐城(江苏),2025年6月9日
时值六月,江苏省大丰麋鹿国家级自然保护区内,鹿鸣声此起彼伏。揣上笔记本,拿上望远镜,薛丹丹像往常一样熟练地钻进皮卡车,和同事们开始一天的巡护工作。
今年35岁的薛丹丹是江苏省大丰麋鹿国家级自然保护区安全保卫处的负责人。2016年从学校毕业后,薛丹丹就投身于保护区内麋鹿的巡护管理和科普宣教工作。初到保护区时,她对麋鹿这一物种并不了解。九年多来,薛丹丹查阅大量有关资料、请教专家学者、定期和同事展开野外巡查,在不断丰富自己专业知识的同时,还把有关麋鹿保护的专业知识以通俗易懂的方式传递给大众,建立起二者间的桥梁。
在日复一日的工作中,薛丹丹与麋鹿结下了深厚的情谊。她曾协助村民解救被绳网困住的麋鹿,也参与了保护区智慧监测平台建设,用科技手段监测麋鹿栖息地生物多样性。巡护途中,几头鹿谨慎而缓慢地向薛丹丹靠近,薛丹丹轻抚鹿头,温柔地注视着它们。“保护区就像我的家,麋鹿就是我的家人。”她说。
薛丹丹见证了麋鹿的生老病死,也守护着麋鹿种群的发展壮大。1986年,江苏大丰从英国引进了39头麋鹿。近年来,保护区围绕推进人与自然和谐共生,种植耐盐耐碱植被,治理入侵植物,生态系统日趋完善,麋鹿种群数量不断增加。截至2024年6月,保护区内共有麋鹿8200余头,其中野外麋鹿数量达3500余头。
在薛丹丹看来,这份工作的终极目标是恢复野生麋鹿种群,她和同事们将继续投身于麋鹿的迁地保护,把麋鹿送到适合它们生存的地方。薛丹丹相信,这是人与自然和谐共生的必经之路。
图说 1:6月7日,薛丹丹在江苏省大丰麋鹿国家级自然保护区巡查。新华社记者 王晓 摄
图说 2:6月7日,在江苏省大丰麋鹿国家级自然保护区,薛丹丹和一只雄性麋鹿互动。新华社记者 王晓 摄