Connect with us

China

“တောက်ပထွန်းပြောင်သော ကျီးပေါ် ဖန်အနုပညာပြပွဲ” ကို တရုတ်နိုင်ငံ အမျိုးသားပြတိုက်၌ ဖွင့်လှစ်ပြသ

တရုတ်နိုင်ငံ အမျိုးသားပြတိုက်တွင် လေ့လာသူက “နွေးထွေးသောရောင်ခြည်ကြားက နေကြာ” အမည်ဖြင့် ဖန်ထည်ပစ္စည်အား ဓာတ်ပုံရိုက်နေသည်ကို ဇွန် ၁၀ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ ဇွန် ၁၁ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ အမျိုးသားပြတိုက်၊ ဆန်းတုန်းပြည်နယ် ယဉ်ကျေးမှုနှင့် ခရီးသွားလာမှုဌာန (ဆန်းတုန်းပြည်နယ် ယဉ်ကျေးမှုအမွေအနှစ်ဌာန)၊ ကျီးပေါ်မြို့ ပြည်သူ့အစိုးရတို့က ကြီးမှူးကျင်းပသည့် “တောက်ပထွန်းပြောင်သော ကျီးပေါ် ဖန်အနုပညာပြပွဲ” ကို ဇွန် ၁၀ ရက်တွင် တရုတ်နိုင်ငံ အမျိုးသားပြတိုက်၌ စတင်ဖွင့်လှစ်ပြသခဲ့သည်။
ယခုအကြိမ်ပြပွဲတွင် ရှေးခေတ်၊ ယနေ့ခေတ် လက်ရာမွန် ဖန်ထည်ပစ္စည်းပေါင်း ၁၈၀ ကျော်ကို ခင်းကျင်းပြသထားရာ တရုတ်နိုင်ငံ ဖန်ထည် သမားရိုးကျလက်မှုပညာ၏ ရှေ့ဆက်လက်ဆင့်ကမ်းမှုနှင့် ယနေ့ခေတ်အသွင်ပြောင်းမှုကို ပေါ်လွင်စေပါသည်။ (Xinhua)

တရုတ်နိုင်ငံ အမျိုးသားပြတိုက်တွင် လေ့လာသူများက ခင်းကျင်းပြသထားသည့် လက်ရာများအား ဓာတ်ပုံရိုက်နေသည်ကို ဇွန် ၁၀ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

————————
(Chinese Version)
“琉光璃彩——淄博琉璃艺术展”在国博开展
新华社照片,北京,2025年6月10日
6月10日,由中国国家博物馆、山东省文化和旅游厅(山东省文物局)、淄博市人民政府主办的“琉光璃彩——淄博琉璃艺术展”在国家博物馆开幕。
本次展览展出180余件(套)古今琉璃佳品,展现了中国琉璃传统工艺的赓续传承与当代转化。
图说1:6月10日,参观者在拍摄一件名为“暖光里的葵语”的参展琉璃作品。新华社记者 陈晔华 摄
图说2、3:6月10日,参观者在拍摄参展展品。新华社记者 陈晔华 摄