China
တရုတ်-အမေရိကန် ကုန်သွယ်စီးပွားကဏ္ဍ ညှိနှိုင်းဆွေးနွေးမှု ယန္တရား ပထမအကြိမ် ဆွေးနွေးပွဲ ဗြိတိန်နိုင်ငံ လန်ဒန်မြို့၌ ကျင်းပ

လန်ဒန်၊ ဇွန် ၁၂ ရက် (ဆင်ဟွာ)
တရုတ်-အမေရိကန် ကုန်သွယ်စီးပွားရေး တရုတ်ဘက်ဦးဆောင်သူ၊ တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီ ဒုတိယဝန်ကြီးချုပ် ဟယ်လိဖုန်းနှင့် အမေရိကန်ဘက်ဦးဆောင်သူ၊ အမေရိကန်နိုင်ငံ ဘဏ္ဍာရေးဝန်ကြီး Scott Bessent ၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီး Howard Lutnick ၊ ကုန်သွယ်ရေးကိုယ်စားလှယ် Jamieson Greer တို့သည် ဒေသစံတော်ချိန် ဇွန် ၉ ရက်မှ ၁၀ ရက်အထိ ဗြိတိန်နိုင်ငံ လန်ဒန်မြို့၌ တရုတ်-အမေရိကန် ကုန်သွယ်စီးပွားကဏ္ဍ ညှိနှိုင်းဆွေးနွေးမှု ယန္တရား ပထမအကြိမ် ဆွေးနွေးပွဲကို ကျင်းပခဲ့သည်။
နှစ်ဖက်က ပွင့်လင်းနက်ရှိုင်းစွာ တွေ့ဆုံဆွေးနွေးမှု လုပ်ဆောင်ခဲ့ပြီး ကိုယ်စီ ဂရုပြုစိုးရိမ်ပူပန်သော ကုန်သွယ်စီးပွားကဏ္ဍ အကြောင်းအရာများနှင့်စပ်လျဉ်း၍ နက်ရှိုင်းစွာ အမြင်ချင်းဖလှယ်ခဲ့ကြကာ နှစ်နိုင်ငံခေါင်းဆောင်များ၏ ဇွန် ၅ ရက် ဖုန်းဖြင့်ဆက်သွယ်ဆွေးနွေးမှု အရေးကြီးသဘောတူညီချက်များကို အကောင်အထည်ဖော်ရေး၊ ဂျီနီဗာ ကုန်သွယ်စီးပွားရေး တွေ့ဆုံဆွေးနွေးမှုရလဒ်များ ခိုင်မြဲစေရေး အစီအမံ မူဘောင်များနှင့်စပ်လျဉ်း၍ အခြေခံမူသဘောတူညီမှု ရရှိခဲ့သည့်အပြင် နှစ်ဖက်က အပြန်အလှန်၏ ကုန်သွယ်စီးပွားကဏ္ဍ ဂရုပြုစိုးရိမ်ပူပန်မှုများအား ဖြေရှင်းရန်အတွက် တိုးတက်မှုအသစ်များ ရရှိခဲ့သည်။
ဟယ်လိဖုန်းက ယခုအကြိမ်အစည်းအဝေးသည် နှစ်နိုင်ငံခေါင်းဆောင်၏ ယခုနှစ် ဇွန် ၅ ရက် မဟာဗျူဟာမြောက် သဘောတူညီမှု လမ်းညွှန်ချက်ဖြင့် ဖော်ဆောင်သည့် အရေးကြီး ညှိနှိုင်းဆွေးနွေးမှု တစ်ကြိမ်ဖြစ်ကြောင်း၊ တရုတ်နိုင်ငံအနေဖြင့် တရုတ်-အမေရိကန် ကုန်သွယ်စီးပွား အရေးကိစ္စအပေါ် သဘောထားနှင့်ရပ်တည်ချက်သည် သေချာ၍ တသမတ်တည်းဖြစ်ကြောင်း၊ တရုတ်-အမေရိကန် ကုန်သွယ်စီးပွားဆက်ဆံရေး၏ အနှစ်သာရသည် အပြန်အလှန်အကျိုးဖြစ်ထွန်း၍ ဘုံအကျိုးစီးပွား ဖော်ဆောင်ခြင်းဖြစ်ကြောင်း၊ တရုတ်-အမေရိကန်က ကုန်သွယ်စီးပွားကဏ္ဍတွင် သင့်မြတ်လျှင် နှစ်ဖက်အကျိုးဖြစ်ထွန်း၍ တိုက်ခိုက်ပါက နှစ်ဖက်လုံးထိခိုက်ရမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ကုန်သွယ်ရေးစစ်ပွဲတွင် အနိုင်ရရှိသူဟူ၍ မရှိကြောင်း၊ တရုတ်နိုင်ငံအနေဖြင့် စစ်ပွဲမဆင်နွှဲလိုသော်လည်း ဆင်နွှဲရန်အတွက် ကြောက်လန့်နေမည်မဟုတ်ကြောင်း၊ နှစ်ဖက်အနေဖြင့် တန်းတူညီမျှ တွေ့ဆုံဆွေးနွေးမှု၊ အပြန်အလှန် အကျိုးဖြစ်ထွန်းသော ပူးပေါင်းဆောင်ရွက်မှုဖြင့် ကုန်သွယ်စီးပွားကဏ္ဍ သဘောထားကွဲလွဲမှုများကို ဖြေရှင်းရမည်ဖြစ်ကြောင်း၊ တရုတ်နိုင်ငံဘက်က ကုန်သွယ်စီးပွားကဏ္ဍ ညှိနှိုင်းဆွေးနွေးမှုအပေါ် စိတ်ရင်းစေတနာမှန်ရှိသလို အခြေခံမူလည်း ရှိကြောင်း၊ နောက်တစ်ဆင့်အနေဖြင့် နှစ်ဖက်က နှစ်နိုင်ငံခေါင်းဆောင်များ ဖုန်းဖြင့်ဆက်သွယ်ဆွေးနွေးမှုတွင် ရရှိထားသည့် အရေးကြီးသဘောတူညီချက်နှင့် တောင်းဆိုချက်အရ တရုတ်-အမေရိကန် ကုန်သွယ်စီးပွားရေး ညှိနှိုင်းဆွေးနွေးမှုယန္တရား အခန်းကဏ္ဍကို တစ်ဆင့်တိုးကောင်းမွန်စွာ အသုံးပြု၍ အဆက်မပြတ် သဘောတူညီမှုများ တိုးမြှင့်ကာ အထင်လွဲမှုများကို လျှော့ချပြီး ပူးပေါင်းဆောင်ရွက်မှုများ မြှင့်တင်သွားရမည်ဖြစ်ကြောင်း ၎င်းကပြောကြားခဲ့သည်။
နှစ်ဖက်အနေဖြင့် စိတ်တူကိုယ်တူလုပ်ဆောင်ပြီး ဆိုခဲစေမြဲစေ၊ အပြောနှင့်အလုပ်ထပ်တူညီသင့်ရာ ကတိစောင့်ထိန်းသည့် ရိုးသားယုံကြည်မှုစိတ်ဓာတ်နှင့် သဘောတူညီချက်ကို လက်တွေ့ဖော်ဆောင်သည့် ကြိုးပမ်းလှုပ်ရှားမှုဖြင့် ခက်ခဲစွာရရှိထားသော တွေ့ဆုံဆွေးနွေးမှုရလဒ်ကို အတူတကွ ကာကွယ်ထိန်းသိမ်းရန်၊ ချိတ်ဆက်တွေ့ဆုံဆွေးနွေးမှုကို ဆက်လက်ထိန်းသိမ်းထားပြီး တရုတ်-အမေရိကန် ကုန်သွယ်စီးပွားကဏ္ဍ ဆက်ဆံရေး ရေရှည်တည်ငြိမ်စွာ ရှေ့ဆက်နိုင်ရေးကို တွန်းအားပေးကာ ကမ္ဘာ့စီးပွားရေးအတွက် ပိုမိုများပြားသည့် သေချာရေရာမှုနှင့် တည်ငြိမ်မှုများ ဖြည့်တင်းပေးရန် တရုတ်နိုင်ငံအနေဖြင့် ထပ်မံအလေးထားပြောကြားလိုကြောင်း ၎င်းက ပြောကြားခဲ့သည်။
အမေရိကန်ဘက်က ယခုအကြိမ်အစည်းအဝေးတွင် အပြုသဘောဆောင်သောရလဒ်များရရှိခဲ့ကာ နှစ်ဖက် ကုန်သွယ်စီးပွားဆက်ဆံရေးကို တစ်ဆင့်တိုး တည်ငြိမ်စေခဲ့ကြောင်း၊ နှစ်နိုင်ငံခေါင်းဆောင်များ ဖုန်းဖြင့်ဆက်သွယ်ဆွေးနွေးမှု တောင်းဆိုချက်အရ တရုတ်နိုင်ငံနှင့် စိတ်တူကိုယ်တူလုပ်ဆောင်ပြီး ယခုအကြိမ် အစည်းအဝေးရလဒ်အား အတူတကွ ကောင်းမွန်စွာ အကောင်အထည်ဖော်ဆောင်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ (Xinhua)

တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရိုအဖွဲ့ဝင်၊ နိုင်ငံတော်ကောင်စီ ဒုတိယဝန်ကြီးချုပ် ဟယ်လိဖုန်းနှင့် အမေရိကန်နိုင်ငံကိုယ်စားလှယ်အဖွဲ့တို့ ဗြိတိန်နိုင်ငံ လန်ဒန်မြို့၌ ဒေသစံတော်ချိန် ဇွန် ၉ ရက်တွင် တရုတ်-အမေရိကန် ကုန်သွယ်စီးပွားကဏ္ဍ ညှိနှိုင်းဆွေးနွေးမှု ယန္တရား ပထမအကြိမ် ဆွေးနွေးပွဲ ကျင်းပရာ ဆွေးနွေးပွဲမတိုင်မီ ဟယ်လိဖုန်းနှင့် အမေရိကန် ဘဏ္ဍာရေးဝန်ကြီး Scott Bessent လက်ဆွဲနှုတ်ဆက်စဉ် (ဆင်ဟွာ)
————————
(Chinese Version)
中美经贸磋商机制首次会议在英国伦敦举行
新华社伦敦6月11日电(记者吴黎明 韩洁)当地时间6月9日至10日,中美经贸中方牵头人、国务院副总理何立峰与美方牵头人、美国财政部长贝森特及商务部长卢特尼克、贸易代表格里尔在英国伦敦举行中美经贸磋商机制首次会议。双方进行了坦诚、深入的对话,就各自关心的经贸议题深入交换意见,就落实两国元首6月5日通话重要共识和巩固日内瓦经贸会谈成果的措施框架达成原则一致,就解决双方彼此经贸关切取得新进展。
何立峰表示,本次会议是在两国元首今年6月5日战略共识指引下开展的一次重要磋商。中方对中美经贸问题的态度和立场是明确的、一贯的。中美经贸关系的本质是互利共赢,中美在经贸领域合则两利、斗则俱伤。贸易战没有赢家,中方不愿打,但也不怕打。双方应通过平等对话、互利合作解决经贸分歧,中方对经贸磋商是有诚意的,也是有原则的。下一步,双方要按照两国元首通话达成的重要共识和要求,进一步发挥好中美经贸磋商机制作用,不断增进共识、减少误解、加强合作。中方重申,双方应相向而行,言必行、行必果,拿出恪守承诺的诚信精神和切实履行共识的努力行动,共同维护来之不易的对话成果,继续保持沟通对话,推动中美经贸关系行稳致远,为世界经济注入更多确定性和稳定性。
美方表示,本次会议取得积极成果,进一步稳定了双边经贸关系,将按照两国元首通话要求,与中方相向而行,共同落实好本次会议共识。(完)
1、当地时间6月9日,中共中央政治局委员、国务院副总理何立峰与美方在英国伦敦开始举行中美经贸磋商机制首次会议。这是双方在会谈前合影。 新华社记者 李颖 摄
2、当地时间6月9日,中共中央政治局委员、国务院副总理何立峰与美方在英国伦敦开始举行中美经贸磋商机制首次会议。这是会谈前,何立峰与美国财政部长贝森特握手。 新华社记者 李颖 摄