China
တရုတ်နိုင်ငံ ဆန်းတုန်းပြည်နယ် ရစ်ကျောက်မြို့တွင် တရုတ်-ဗြိတိန် ဆရာ၊ ဆရာမ၊ ကျောင်းသား၊ ကျောင်းသူများ ကူးလူးဖလှယ်ရေးစခန်းက ပညာရပ်များတိုးတက်စေပြီး ယဉ်ကျေးမှုများပေါင်းစပ်စေ

ရစ်ကျောက် (ဆန်းတုန်း)၊ ဇွန် ၁၂ ရက် (ဆင်ဟွာ)
ဗြိတိန်နိုင်ငံ Leeds Beckett တက္ကသိုလ် ဒစ်ဂျစ်တယ်မီဒီယာ အနုပညာဒီဇိုင်းအထူးပြုဘာသာရပ်မှ ဆရာ၊ ဆရာမနှင့် ကျောင်းသား၊ ကျောင်းသူများက လက်ရှိတွင် တရုတ်နိုင်ငံ ဆန်းတုန်းပြည်နယ် ရစ်ကျောက်မြို့တွင် ရစ်ကျောက်သက်မွေးပညာကျောင်းမှ ဆရာ၊ ဆရာမနှင့် ကျောင်းသား၊ ကျောင်းသူများနှင့် တရုတ်-ဗြိတိန် ဆရာ၊ ဆရာမ၊ ကျောင်းသား၊ ကျောင်းသူများ ကူးလူးဖလှယ်ရေးစခန်းလှုပ်ရှားမှု လုပ်ဆောင်လျက်ရှိသည်။
အဆိုပါအစီအစဉ် လုပ်ဆောင်နေသည့်ကာလအတွင်း ကျောင်းနှစ်ကျောင်းမှ ဆရာ၊ ဆရာမ၊ ကျောင်းသား၊ ကျောင်းသူများက ဗီဒီယိုအတို ရိုက်ကူးမှုနှင့် နောက်ဆက်တွဲထုတ်လုပ်မှုလုပ်ငန်းများ ပူးပေါင်းလုပ်ဆောင်သွားမည်ဖြစ်ပြီး ဝူရှူး၊ ဆေးဆိုးခြင်း စသည့် တရုတ်ရိုးရာယဉ်ကျေးမှု၊ ရိုးရာလက်မှုပညာများကိုလည်း လက်တွေ့လုပ်ဆောင်သွားမည်ဖြစ်သည်။
ရစ်ကျောက်သက်မွေးပညာကျောင်းနှင့် ဗြိတိန်နိုင်ငံ Leeds Beckett တက္ကသိုလ်တို့ ပူးပေါင်းလုပ်ဆောင်သည့် ဒစ်ဂျစ်တယ်မီဒီယာ အနုပညာဒီဇိုင်းအထူးပြုဘာသာရပ် အဆင့်မြင့်သင်ကြားရေးစီမံကိန်းသည် ၂၀၂၄ ခုနှစ်တွင် ဆန်းတုန်းပြည်နယ် ပညာရေးဦးစီးဌာန၏ ခွင့်ပြုချက်ရရှိခဲ့သည်။ နှစ်ဖက်က တရုတ်-ဗြိတိန် ဆရာ၊ ဆရာမ၊ ကျောင်းသား၊ ကျောင်းသူများ ကူးလူးဖလှယ်ရေးစခန်း လှုပ်ရှားမှုဖြင့် တရုတ်-ဗြိတိန် ဆရာ၊ ဆရာမ၊ ကျောင်းသား၊ ကျောင်းသူများ ယဉ်ကျေးမှုပေါင်းစပ်မှု၊ ပညာရပ်များတိုးတက်မှုအတွက် ကူးလူးဖလှယ်ရေး ပလက်ဖောင်း တည်ဆောက်ပေးသွားမည်ဖြစ်သည်။ (Xinhua)

တရုတ်နိုင်ငံ ဆန်းတုန်းပြည်နယ် ရစ်ကျောက်မြို့ရှိ ရစ်ကျောက်သက်မွေးပညာကျောင်းတွင် ဗြိတိန်နိုင်ငံ Leeds Beckett တက္ကသိုလ်မှ ကျောင်းသား၊ ကျောင်းသူများက ဗီဒီယိုအတို တည်းဖြတ်မှု လေ့လာသင်ယူနေသည်ကို ဇွန် ၁၁ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

တရုတ်နိုင်ငံ ဆန်းတုန်းပြည်နယ် ရစ်ကျောက်မြို့ ဝူလျန်ခရိုင်ရှိ သုတေသန သင်ကြားရေး စခန်းတစ်ခုတွင် ရစ်ကျောက်သက်မွေးပညာကျောင်း အားကစားဌာနမှ ဆရာမ ရွှီပင်းပင်း (လက်ယာ ပထမ) က ဗြိတိန်နိုင်ငံ Leeds Beckett တက္ကသိုလ်မှ ကျောင်းသား၊ ကျောင်းသူများကို တရုတ်ဝူရှူး သင်ကြားပေးနေသည်ကို ဇွန် ၁၁ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

တရုတ်နိုင်ငံ ဆန်းတုန်းပြည်နယ် ရစ်ကျောက်မြို့ ဝူလျန်ခရိုင်ရှိ သုတေသန သင်ကြားရေး စခန်းတစ်ခုတွင် ဗြိတိန်နိုင်ငံ Leeds Beckett တက္ကသိုလ်မှ ကျောင်းသား၊ ကျောင်းသူများက ကိုယ်တိုင်ပြုလုပ်ထားသော ဆေးဆိုးခြုံထည်များကိုင်ကာ အမှတ်တရဓာတ်ပုံရိုက်နေသည်ကို ဇွန် ၁၁ ရက်က တွေ့ရစဉ် (ဆင်ဟွာ)
—————–
(Chinese Version)
山东日照:中英师生交流营让学业共进文化交融
新华社照片,日照(山东),2025年6月11日
来自英国利兹贝克特大学数字媒体艺术设计专业的师生和山东日照职业技术学院的师生目前正在山东日照开展中英师生交流营活动。活动期间,两校师生将合作完成短视频摄制与后期制作,并一同体验武术、扎染等中国传统文化、传统技艺。日照职业技术学院与英国利兹贝克特大学合作举办的数字媒体艺术设计专业高等专科教育项目于2024年获山东省教育厅批复,双方将通过中英师生交流营搭建中英师生文化交融、学业共进的交流平台。
1、2:6月11日,在日照职业技术学院,来自英国利兹贝克特大学的学生在学习短视频剪辑。 新华社记者 郭绪雷 摄
3:6月10日,在日照市五莲县一研学基地,来自日照职业技术学院体育部的许杉杉老师(左一)在教授英国利兹贝克特大学学生学习中国武术。新华社记者 郭绪雷 摄
4:6月10日,在日照市五莲县一研学基地,来自英国利兹贝克特大学的学生手持亲手制作的扎染围巾合影留念。新华社记者 郭绪雷 摄