Connect with us

International Organizations

Nature Index ၂၀၂၅ ခုနှစ် သိပ္ပံသုတေသနဦးဆောင်သူများ အဆင့်သတ်မှတ်ချက်- တရုတ်နိုင်ငံ ပထမနေရာတွင် ဆက်လက်ရပ်တည်

လန်ဒန်၊ ဇွန် ၁၂ ရက် (ဆင်ဟွာ)
နိုင်ငံတကာ နာမည်ကျော် ပညာရပ်ပိုင်းဆိုင်ရာ ပုံနှိပ်ထုတ်ဝေသည့် အဖွဲ့အစည်းဖြစ်သော Springer Nature Group က ဇွန် ၁၁ ရက်တွင် ထုတ်ပြန်သော Nature Index ၂၀၂၅ ခုနှစ် သိပ္ပံသုတေသနဦးဆောင်သူများ အဆင့်သတ်မှတ်ချက်တွင် တရုတ်နိုင်ငံသည် ပထမနေရာ၌ ဆက်လက်ရပ်တည်နေပြီး သိပ္ပံသုတေသနဆိုင်ရာ ထုတ်လုပ်ရေး ဦးဆောင်မှု အားသာချက်ကို ချဲ့ထွင်ခဲ့ကြောင်းဖော်ပြခဲ့သည်။

ဤအဆင့်သတ်မှတ်ချက်သည် ၂၀၂၄ ခုနှစ် တစ်နှစ်လုံး၏ အချက်အလက်များကို အခြေခံကာ အချက်အလက်များတွင် သဘာဝနှင့် ကျန်းမာရေးသိပ္ပံဂျာနယ် ၁၄၅ ခုမှ အဓိကသုတေသနစာတမ်းများပါဝင်သည်။ တရုတ်နိုင်ငံ၏ စာတမ်းအရေအတွက်သည် ၃၂,၁၂၂ ခုရှိပြီး ယမန်နှစ်ကာလတူထက် ၁၇ ရာခိုင်နှုန်းခန့် တိုးတက်ခဲ့သည်။ စာတမ်းအရေအတွက်သည် Nature Index တွင် စာရေးသူ၏ အရည်အသွေးမြင့် သိပ္ပံသုတေသနအတွက် ကူညီပံ့ပိုးမှုကို ဖော်ပြသည့် အဓိက အညွှန်းကိန်း ဖြစ်သည်။ ယင်းနောက်တွင် အမေရိကန် (စာတမ်းအရေအတွက်မှာ ၂၂,၀၈၃)၊ ဂျာမနီ၊ ဗြိတိန်၊ ဂျပန်နှင့် ပြင်သစ်တို့ဖြစ်သည်။

အဖွဲ့အစည်းအဆင့်တွင် ကမ္ဘာ့ထိပ်တန်းအဖွဲ့အစည်း ၁၀ ခု အနက် ဟားဗက်တက္ကသိုလ် (အဆင့် ၂) နှင့် ဂျာမနီ Max Planck Society (အဆင့် ၉) တို့မှလွဲ၍ ကျန်အဖွဲ့အစည်း ၈ ခုမှာ တရုတ်နိုင်ငံမှ အဖွဲ့အစည်းများဖြစ်သည်။ Chinese Academy of Sciences သည် ပထမနေရာတွင် ဆက်လက်ရပ်တည်နေပြီး University of Science and Technology of China နှင့် Zhejiang University တို့မှာ အဆင့် ၃ နှင့် ၄ နေရာတွင် အသီးသီး ရပ်တည်နေကာ အခြားထိပ်တန်းအဖွဲ့အစည်း ၁၀ ခုမှာ Peking University (အဆင့် ၅)၊ University of Chinese Academy of Sciences (အဆင့် ၆)၊ Tsinghua University (အဆင့် ၇)၊ Nanjing University (အဆင့် ၈) နှင့် Shanghai Jiao Tong University (အဆင့် ၁၀) တို့ဖြစ်သည်။

ထို့အပြင် အာရှနိုင်ငံများ တစ်ခုလုံးသည် အားသာမှု အနေအထားကို အားကောင်းစေခဲ့သည်။ တောင်ကိုရီးယား၏ အလုံးစုံအဆင့်မှာ အဆင့် ၇ ထိတိုးတက်ခဲ့ပြီး ကနေဒါနိုင်ငံ (အဆင့် ၈) ကို ကျော်လွန်ခဲ့သည်။ အိန္ဒိယနိုင်ငံသည် အဆင့် ၉ တွင် ဆက်လက်ရပ်တည်လျက်ရှိသည်။ ယင်းမတိုင်မီ အားသာမှုအနေအထားတွင် ရပ်တည်နေသော အနောက်နိုင်ငံများသည် ပြင်ဆင်ချိန်ညှိပြီးနောက် စာတမ်းအရေအတွက်သည် ဒုတိယ နှစ်ဆက်တိုက် ကျဆင်းခဲ့ရာ ကနေဒါ၊ ပြင်သစ်၊ ဆွစ်ဇာလန်၊ ဗြိတိန်နှင့် အမေရိကန် အားလုံး ကျဆင်းမှုမှာ အနည်းဆုံး ၇ ရာခိုင်နှုန်းရှိပြီး ဩစတြေးလျနှင့် ဂျာမနီတို့၏ ကျဆင်းမှုမှာ ၃ ရာခိုင်နှုန်းအောက် ဖြစ်သည်။

“ဒီအချက်အလက်တွေက ကမ္ဘာ့သိပ္ပံသုတေသနအခင်းအကျင်း နက်ရှိုင်းစွာ ပြောင်းလဲမှုကို ထင်ဟပ်နေပါတယ်”၊ “သိပ္ပံနည်းပညာကဏ္ဍမှာ တရုတ်နိုင်ငံရဲ့ အဆက်မပြတ်ရင်းနှီးမြှုပ်နှံမှုတွေက အရည်အသွေးမြင့်သိပ္ပံသုတေသနထုတ်လုပ်ရေးအတွက် အရှိန်မြင့် ဆက်တိုက်တိုးတက်မှုအဖြစ် ပြောင်းလဲနေပြီး ရူပဗေဒနှင့်ဓာတုဗေဒစသည့် နယ်ပယ်တွေမှာ အခုဆိုရင် အမေရိကန်အပါအဝင် အရင်က အဓိကနေရာမှာ ဦးဆောင်နေခဲ့တဲ့ အနောက်နိုင်ငံတွေကို သိသိသာသာ ကျော်လွန်သွားပြီဖြစ်တယ်” ဟု Nature Index အယ်ဒီတာချုပ် Simon Baker ကပြောကြားခဲ့သည်။

Nature Index ၂၀၂၅ ခုနှစ် သိပ္ပံသုတေသနဦးဆောင်သူများ အဆင့်သတ်မှတ်ချက်သည် လွန်ခဲ့သည့်နှစ်၏ အချက်အလက်ကို အခြေခံ၍ နှစ်စဉ် တစ်ကြိမ်ထုတ်ပြန်ခြင်းဖြစ်ရာ Nature Index ဒေတာဘေ့စ်၏ တစ်စိတ်တစ်ဒေသဖြစ်သည်။ (Xinhua)
…………………
(Chinese Version)
自然指数2025科研领导者榜单:中国保持第一
新华社伦敦6月11日电(记者郭爽)国际知名学术出版机构施普林格·自然集团11日发布的自然指数2025科研领导者榜单显示,中国继续保持第一,并且扩大了科研产出的领先优势。
这份榜单基于2024年全年数据,数据集包括来自145个自然和健康科学期刊的大量主要研究论文。中国的份额达32122,同比增长约17%。份额是自然指数显示作者对高质量科研所作贡献的关键指标。紧随其后的是美国(份额为22083)、德国、英国、日本和法国。
在机构层面,全球机构十强中除了哈佛大学(第2)和德国马普协会(第9)外,其余8家都是中国机构。中国科学院继续保持第一,中国科学技术大学和浙江大学分别位列第3和第4,其他十强机构为北京大学(第5)、中国科学院大学(第6)、清华大学(第7)、南京大学(第8)和上海交通大学(第10)。
此外,亚洲国家整体强化了优势地位。韩国的总体排名升至第7,超过了加拿大(第8)。印度依然位居第9。此前居优势地位的西方国家,其调整后份额出现连续第二年下降,加拿大、法国、瑞士、英国和美国的降幅都至少为7%,澳大利亚和德国的降幅不到3%。
“这些数据反映了全球科研格局的深刻转变,”自然指数主编西蒙·贝克说,“中国对科技的持续投入正转化为高质量科研产出的快速持续增长,在物理和化学等领域,目前已远超此前居于首要地位的西方国家,包括美国。”
自然指数科研领导者榜单每年基于上一年的数据发布一次,属于自然指数数据库的一部分。(完)