Connect with us

China

တရုတ်နိုင်ငံ၏ နာရီ ၂၄၀ ကြာ ဗီဇာကင်းလွတ်ဖြတ်သန်းသွားလာခွင့်မူဝါဒ အကျိုးခံစားခွင့်ရှိသည့် နိုင်ငံ ၅၅ နိုင်ငံအထိ တိုးချဲ့လာ

တရုတ်နိုင်ငံ မြို့တော်အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် ဗီဇာကင်းလွတ်ခွင့်မူဝါဒဖြင့် တရုတ်နိုင်ငသို့ အလည်ရောက်ရှိလာသော တောင်ကိုရီးယားခရီးသွားဧည့်သည် ၄ ဦးက ၎င်းတို့၏ နိုင်ငံကူးလက်မှတ်စာအုပ်ပေါ်မှ ပြည်ဝင်တံဆိပ်တုံးကို သတင်းထောက်ထံ ပြသနေသည်ကို ဇန်နဝါရီ ၂၈ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ ဇွန် ၁၂ ရက် (ဆင်ဟွာ)
၂၀၂၅ ခုနှစ် ဇွန် ၁၂ ရက်မှစ၍ အင်ဒိုနီးရှားနိုင်ငံသားများ အဆင်ပြေလွယ်ကူစွာ တရုတ်နိုင်ငံသို့ လာရောက်ရန် နာရီ ၂၄၀ ကြာ ဗီဇာကင်းလွတ်ဖြတ်သန်းသွားလာခွင့်မူဝါဒ အကျိုးခံစားနိုင်ပြီဖြစ်ကြောင်း၊ တရုတ်နိုင်ငံ၏ နာရီ ၂၄၀ ကြာ ဗီဇာကင်းလွတ်ဖြတ်သန်းသွားလာခွင့်မူဝါဒ သက်ရောက်မှုကို ၅၅ နိုင်ငံအထိ တိုးချဲ့ထားကြောင်း တရုတ်နိုင်ငံ အမျိုးသားလူဝင်မှုကြီးကြပ်ရေးဌာနက ဇွန် ၁၂ ရက်တွင် ကြေညာချက် ထုတ်ပြန်ခဲ့သည်။

လက်ရှိတွင် အင်ဒိုနီးရှား၊ ရုရှား၊ ဗြိတိန်စသည့် ၅၅ နိုင်ငံမှ နိုင်ငံတကာ ခရီးသွားလာမှုဆိုင်ရာ စာရွက်စာတမ်းများ၊ အတည်ပြုရက်စွဲနှင့် ထိုင်ခုံနံပါတ် ပါရှိသော အချိတ်အဆက်လက်မှတ်များ ကိုင်ဆောင်သူများသည် တရုတ်နိုင်ငံမှ ဖြတ်သန်း၍ တတိယနိုင်ငံ သို့မဟုတ် ဒေသသို့ သွားရာတွင် ပေကျင်း၊ ရှန်ဟိုင်းစသည့် ပြည်နယ် (ဒေသ၊ မြို့) ၂၄ ခုတွင် ဖွင့်လှစ်ထားသော ပြည်ဝင်ပြည်ထွက်ဂိတ် ၆၀ ခုအနက် ကြိုက်ရာဂိတ်တစ်ခုမှ ဗီဇာကင်းလွတ်ခွင့်ဖြင့် ပြည်ဝင်နိုင်ပြီး သတ်မှတ်ထားသောနေရာ၌ ၁၀ ရက်ထက်မကျော်လွန်အောင် နေထိုင်နိုင်ပြီဖြစ်သည်။

နေထိုင်ချိန်ကာလအတွင်း အလည်ခရီးသွားခြင်း၊ စီးပွားရေးလုပ်ငန်းလုပ်ဆောင်ခြင်း၊ ခရီးစဉ်လာရောက်ခြင်း၊ မိတ်ဆွေများနှင့် လာရောက်တွေ့ဆုံခြင်းစသည့် လှုပ်ရှားမှုများ လုပ်ဆောင်နိုင်ပြီး အလုပ်အကိုင်၊ ပညာရေး၊ သတင်းမေးမြန်းခြင်းစသည့် ကြိုတင်ခွင့်ပြုချက်ယူရန်လိုအပ်သော လှုပ်ရှားမှုများမှာမူ ဗီဇာလျှောက်ထားရမည်ဖြစ်သည်။

အင်ဒိုနီးရှားနိုင်ငံအား နာရီ ၂၄၀ ကြာ ဗီဇာကင်းလွတ်ဖြတ်သန်းသွားလာခွင့်မူဝါဒ အကျိုးခံစားခွင့်ရှိသော နိုင်ငံစာရင်းတွင် ထည့်သွင်းခြင်းသည် အိမ်နီးချင်းနိုင်ငံများရေးရာလုပ်ငန်း ဗဟိုကွန်ဖရင့်အစည်းအဝေး စိတ်ဓာတ်ကို နက်ရှိုင်းစွာ ကျင့်သုံးခြင်း၊ တရုတ်နိုင်ငံနှင့် အာဆီယံနိုင်ငံများ ကူးလူးဖလှယ်ပူးပေါင်းဆောင်ရွက်မှု၏ အရေးကြီးသော အစီအမံဖြစ်ရာ တရုတ်-အင်ဒိုနီးရှား နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှု ဆက်ဆံရေး ကောင်းမွန်သော အရှိန်အဟုန်ကို မြှင့်တင်ရန်၊ ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှု ပိုမိုလွယ်ကူချောမွေ့ ထိရောက်မှုမြင့်မားစေရေး တွန်းအားပေးရန်၊ ယဉ်ကျေးမှု အပြန်အလှန် လေ့လာသင်ယူမှုနှင့် ပြည်သူများ စိတ်နှလုံးချင်း ဆက်နွှယ်မှု မြှင့်တင်ရန် အထောက်အကူပြုကြောင်း တရုတ်နိုင်ငံ အမျိုးသားလူဝင်မှုကြီးကြပ်ရေးဌာန သက်ဆိုင်ရာ တာဝန်ခံ၏ မိတ်ဆက်ပြောကြားမှုအရ သိရသည်။

နောက်တစ်ဆင့်အနေဖြင့် အမျိုးသားလူဝင်မှုကြီးကြပ်ရေးဌာနသည် လူဝင်မှုကြီးကြပ်ရေးစနစ်ဆိုင်ရာ တံခါးဖွင့်လှစ်မှုကို ဆက်လက်၍ နက်ရှိုင်းစွာ တွန်းအားပေးမည်ဖြစ်ကြောင်း၊ တရုတ်နိုင်ငံသည် ပြည်ဝင်၊ ပြည်ထွက် အဆင်ပြေချောမွေ့စေသည့် လူဝင်မှုမူဝါဒများကို အဆက်မပြတ် ပိုမိုကောင်းမွန်အောင်ဆောင်ရွက်လျက်ရှိပြီး ပိုမိုအရည်အသွေးကောင်းမွန်သော စီမံခန့်ခွဲမှုနှင့် ဝန်ဆောင်မှုအစီအမံများဖြင့် ပိုမိုများပြားသောနိုင်ငံခြားသားမိတ်ဆွေများအား တရုတ်နိုင်ငံသို့ လာရောက်လည်ပတ်ခြင်း ကြိုဆိုရန် နိုင်ငံခြားသားများ တရုတ်နိုင်ငံသို့ ခရီးသွားလာမှု၊ နေထိုင်မှုအတွက် အဆင်ပြေချောမွေ့မှုကို ဆက်လက်မြှင့်တင်သွားမည်ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။ (Xinhua)

တရုတ်နိုင်ငံ ပေကျင်းမြို့ရှိ ထျန်းထန်ဥယျာဉ် ချီနျန်နန်းဆောင်ရှေ့တွင် စုပေါင်းဓာတ်ပုံ အမှတ်တရရိုက်ကူးနေသော အီတလီခရီးသွားဧည့်သည်အား ဇန်နဝါရီ ၃၀ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

………………………
(Chinese Version)
中国240小时过境免签政策适用国家扩展至55国
新华社北京6月12日电(记者任沁沁)国家移民管理局12日发布公告,自2025年6月12日起,印度尼西亚公民可适用240小时过境免签政策便捷来华,中国240小时过境免签政策适用国家增至55国。
目前,印度尼西亚、俄罗斯、英国等55国人员持有效国际旅行证件和确定日期及座位的联程客票,从中国过境前往第三国或地区,可从北京、上海等24个省(区、市)60个开放口岸中的任一口岸免签入境,并在规定区域停留活动不超过10天。停留期间可从事旅游、商务、访问、探亲等活动,工作、学习、新闻采访等需事先批准的活动仍应办妥签证。
据国家移民管理局相关负责人介绍,将印度尼西亚增加为240小时过境免签政策适用国家是深入贯彻中央周边工作会议精神、加强我与东盟国家交流合作的重要举措,有助于提升中印尼两国合作交往良好势头,推动贸易、投资更加便利高效,促进文明互鉴和民心相通。下一步,国家移民管理局将持续深入推进移民管理制度型开放,不断优化移民出入境便利政策,持续提升外国人来华旅行、生活便利度,以更加优质的管理服务措施欢迎更多外国朋友来到中国。(完)
图说1:1月28日,在首都国际机场,四名韩国游客利用免签政策来中国旅游,他们向记者展示着护照上的入境章。新华社记者 陈钟昊 摄
图说2:2025年1月30日,两位意大利游客在北京天坛祈年殿前合影留念。新华社记者 鞠焕宗 摄