China
တင်းရွှဲရှန် ဒုတိယအကြိမ်မြောက် “ရပ်ဝန်းနှင့် ပိုးလမ်းမ” သိပ္ပံနည်းပညာ ကူးလူးဖလှယ်ရေး အစည်းအဝေး ဖွင့်ပွဲအခမ်းအနား တက်ရောက်၍ အမှာစကားပြောကြား

ချိန်တူး၊ ဇွန် ၁၂ ရက် (ဆင်ဟွာ)
တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရို အမြဲတမ်းအဖွဲ့ဝင်၊ နိုင်ငံတော်ကောင်စီ ဒုတိယ ဝန်ကြီးချုပ် တင်းရွှဲရှန်က ဇွန် ၁၁ ရက် နံနက်ပိုင်းတွင် တရုတ်နိုင်ငံ ချိန်တူးမြို့၌ ဒုတိယအကြိမ်မြောက် “ရပ်ဝန်းနှင့် ပိုးလမ်းမ” သိပ္ပံနည်းပညာ ကူးလူးဖလှယ်ရေးအစည်းအဝေး ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်၍ အမှာစကားပြောကြားခဲ့သည်။
အမှာစကားပြောကြားရာတွင် တင်းရွှဲရှန်က တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် “ရပ်ဝန်းနှင့်ပိုးလမ်းမ” သိပ္ပံနည်းပညာ ကူးလူးဖလှယ် ပူးပေါင်းဆောင်ရွက်မှုအပေါ် များစွာအလေးထားပြီး အရေးကြီးအဆိုပြုချက်နှင့် အစီအမံများစွာ အဆိုပြုခဲ့ကာ နိုင်ငံတကာ သိပ္ပံနည်းပညာ ဆန်းသစ်တီထွင် ပူးပေါင်းဆောင်ရွက်မှု တွန်းအားပေးရေးအတွက် အရေးကြီးလမ်းညွှန်မှုပေးခဲ့ကြောင်း ပြောကြားခဲ့သည်။
တရုတ်နိုင်ငံနှင့် ဘက်အသီးသီးက အတူတကွကြိုးပမ်း၍ “ရပ်ဝန်းနှင့် ပိုးလမ်းမ” သိပ္ပံနည်းပညာ ဆန်းသစ်တီထွင်မှု အစီအစဉ်ကို စဉ်ဆက်မပြတ်ဖော်ဆောင်ကာ သိပ္ပံနည်းပညာ “စိတ်နှလုံးချင်း ဆက်နွှယ်သော ပေါင်းကူးတံတား” တည်ဆောက်ပေးပြီး ဆန်းသစ်တီထွင် ညှိနှိုင်းလုပ်ဆောင်မှုကွန်ရက်ကို ဖွဲ့စည်းခြင်းဖြင့် “ရပ်ဝန်းနှင့်ပိုးလမ်းမ” အရည်အသွေးမြင့် အတူတကွတည်ဆောက်ရေးအတွက် အားကောင်းသောစွမ်းအား ဖြည့်တင်းပေးခဲ့ကြောင်း ၎င်းက ပြောကြားခဲ့သည်။
အသစ်တစ်ကြိမ် သိပ္ပံနည်းပညာတော်လှန်ရေးနှင့် လုပ်ငန်းပြုပြင်ပြောင်းလဲမှုသည် နက်ရှိုင်းစွာ ဖွံ့ဖြိုးတိုးတက် လာလျက်ရှိကြောင်း၊ Big Data ၊ Cloud တွက်ချက်မှု၊ ဉာဏ်ရည်တု စသည့် နည်းပညာများက လူမှုစီးပွား ဖွံ့ဖြိုးတိုးတက်မှုကို ဘက်စုံအားဖြည့်ပေးလျက်ရှိကြောင်း၊ သို့သော် နည်းပညာကွာဟချက်၊ ဒစ်ဂျစ်တယ်ကွာဟချက်၊ စမတ်ကွာဟချက်များက အဆက်မပြတ် ကြီးမားလာဆဲဖြစ်ပြီး အချို့သော ဗိုလ်ကျစိုးမိုး အနိုင်ကျင့်သည့်လုပ်ရပ်များက ကမ္ဘာလုံးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုအပေါ် ကြီးမားသည့် အတားအဆီးများဖြစ်စေကြောင်း တင်းရွှဲရှန်က အလေးထား ပြောကြားခဲ့သည်။
မိမိတို့အနေဖြင့် စည်းလုံးညီညွတ်စွာ ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်ကာ နိုင်ငံတကာ သိပ္ပံနည်းပညာ ပူးပေါင်းဆောင်ရွက်မှု အဆိုပြုချက်ကို နက်ရှိုင်းစွာ လက်တွေ့ဖော်ဆောင်ပြီး ဆန်းသစ်တီထွင်မှုဖြင့် မောင်းနှင်သော၊ တံခါးဖွင့်၍ အားလုံးပါဝင်သော၊ တရားမျှတ၍ သမာသမတ်ကျသော၊ အတူတကွ သာယာဝပြောသော၊ အများအကျိုးဖြစ်ထွန်း၍ စဉ်ဆက်မပြတ်ဖြစ်သော “ရပ်ဝန်းနှင့် ပိုးလမ်းမ” သိပ္ပံနည်းပညာ ဆန်းသစ်တီထွင်မှု အသိုက်အဝန်းကို တည်ဆောက်ခြင်းဖြင့် သိပ္ပံနည်းပညာ ဆန်းသစ်တီထွင်မှုဖြင့် လူသားမျိုးနွယ်တစ်ရပ်လုံးကို ပိုမိုကောင်းမွန်စွာ အကျိုးပြုရေးအား မြှင့်တင်ရမည်ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။
ထိုအစည်းအဝေးတွင် တင်းရွှဲရှန်က အကြံပြုချက်လေးရပ် အဆိုပြုခဲ့သည်။
ပထမအချက်အနေဖြင့် သိပ္ပံနည်းပညာ ဆန်းသစ်တီထွင်၍ တံခါးဖွင့်ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်ခြင်းဖြင့် အပြန်အလှန်အကျိုးဖြစ်ထွန်းကာ ဘုံအကျိုးစီးပွားဖော်ဆောင်သော ကမ္ဘာလုံးဆိုင်ရာ သိပ္ပံနည်းပညာ ပူးပေါင်းဆောင်ရွက်မှု ပုံစံအသစ်ကို အတူတကွစူးစမ်းလေ့လာရမည်ဖြစ်ကြောင်း၊ နိုင်ငံအသီးသီး သက်ဆိုင်ရာ သိပ္ပံသုတေသနအဖွဲ့အစည်း၊ အဆင့်မြင့်ပညာရေး တက္ကသိုလ်ကျောင်း၊ လုပ်ငန်းကုမ္ပဏီ၊ တတ်သိပညာရှင်အဖွဲ့တို့၏ ပူးပေါင်းဆောင်ရွက်မှုကွန်ရက် တည်ဆောက်မှုကို ထောက်ခံအားပေးကာ သိပ္ပံနည်းပညာအခက်အခဲများကို အတူလက်တွဲကျော်ဖြတ်သွားရမည်ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။
ဒုတိယအချက်အနေဖြင့် သိပ္ပံနည်းပညာရလဒ်များ ကျယ်ကျယ်ပြန့်ပြန့် အကျိုးပြုမှုနှင့် အတူမျှဝေမှုကို တစ်ဆင့်တိုး တွန်းအားပေးကာ “သိပ္ပံပညာ နယ်စည်းမခြား၊ လူသားမျိုးနွယ်တစ်ရပ်လုံးကို အကျိုးဖြစ်ထွန်းစေရမည်” ကို လက်ကိုင်ထားရန်၊ သိပ္ပံနည်းပညာအား လက်လှမ်းမီနိုင်မှုကို အင်တိုက်အားတိုက် မြှင့်တင်၍ “ရပ်ဝန်းနှင့်ပိုးလမ်း” သိပ္ပံနည်းပညာဖြင့် ဆင်းရဲနွမ်းပါးမှုလျှော့ချရေး အထူးပူးပေါင်းဆောင်ရွက်မှု အစီအစဥ်အား ကောင်းမွန်စွာဖော်ဆောင်ခြင်းဖြင့် သိပ္ပံနည်းပညာ ဆန်းသစ်တီထွင်မှုရလဒ်များ နိုင်ငံအသီးသီး အထူးသဖြင့် ကမ္ဘာ့တောင်ဘက်ခြမ်းနိုင်ငံများကို အကျိုးဖြစ်ထွန်းစေရန် လုပ်ဆောင်ရမည် ဖြစ်ကြောင်း ၎င်းက ဆိုသည်။
တတိယအချက်အနေဖြင့် သိပ္ပံနည်းပညာ လူမှုယဉ်ကျေးမှု ကူးလူးဖလှယ်မှုကို တစ်ဆင့်တိုးချဲ့ထွင်၍ ဆန်းသစ်တီထွင်မှု မိတ်ဖက်ဆက်ဆံရေးကို အားဖြည့်ရမည်ဖြစ်ကြောင်း၊ အပြန်အလှန် ခရီးစဉ် သွားရောက်လည်ပတ်မှု၊ ပညာတော်သင် ကျောင်းသား၊ ကျောင်းသူများ အပြန်အလှန် စေလွှတ်မှု၊ နည်းပညာလေ့ကျင့်ရေး၊ ပညာရပ်ဆိုင်ရာအစည်းအဝေး စသည့် ပုံစံအမျိုးမျိုးဖြင့် ကူးလူးဖလှယ်မှုကို ကျယ်ကျယ်ပြန့်ပြန့် ဖော်ဆောင်ကာ သိပ္ပံနည်းပညာနှင့် ပညာရေးပူးပေါင်းဆောင်ရွက်သည့် ချစ်ကြည်ရင်းနှီးမှုကို နီးနီးကပ်ကပ်ဖော်ဆောင်ရမည်ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။
စတုတ္ထအချက်အနေဖြင့် တစ်ကမ္ဘာလုံး သိပ္ပံနည်းပညာ စီမံခန့်ခွဲမှုစနစ်ကို ပြီးပြည့်စုံအောင် ဖော်ဆောင်ပြီး သိပ္ပံနည်းပညာဖွံ့ဖြိုးတိုးတက်မှုက သယ်ဆောင်လာနိုင်သည့် စည်းမျဉ်းစည်းကမ်း ပဋိပက္ခ၊ လူမှုအသိုက်အဝန်း အန္တရာယ်၊ ကျင့်ဝတ်ဆိုင်ရာစိန်ခေါ်မှုများကို ကောင်းမွန်စွာ ရင်ဆိုင်ရမည်ဖြစ်ကြောင်း၊ သိပ္ပံနည်းပညာ ပူးပေါင်းဆောင်ရွက်မှုကို နိုင်ငံရေးအသွင်ပြောင်းခြင်း၊ လုံခြုံရေးအသွင်အကျယ်ချဲ့ခြင်းအား ဆန့်ကျင်ပြီး သိပ္ပံနည်းပညာ ဆန်းသစ်တီထွင်မှုက အမြဲတစေ လူသားတို့ လူမှုယဉ်ကျေးမှုတိုးတက်မှု ဦးတည်ချက်လားရာဆီ တိုးတက်လာစေရန် တွန်းအားပေးရမည်ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။
အဆိုပါဖွင့်ပွဲအခမ်းအနားသို့ အီရန်နိုင်ငံ ဒုတိယသမ္မတ Hossein Afshin ၊ ဥဇဘက်ကစ္စတန်နိုင်ငံ ဒုတိယဝန်ကြီးချုပ် (၁) Ramatov Achilbay ၊ ဆားဘီးယားနိုင်ငံ လွှတ်တော်ဒုတိယဥက္ကဋ္ဌ Marina Ragus တို့ တက်ရောက် အမှာစကားပြောကြားခဲ့ပြီး ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် နည်းပညာအထူးသံတမန် Amandeep Gill က ဗီဒီယိုဖြင့် အမှာစကားပြောကြားခဲ့သည်။
ယခုအကြိမ်အစည်းအဝေးကို တရုတ်နိုင်ငံ သိပ္ပံနည်းပညာဝန်ကြီးဌာန စသည့်ဌာနများနှင့် စီချွမ်းပြည်နယ် ပြည်သူ့အစိုးရ၊ ချုံချင့်မြို့ ပြည်သူ့အစိုးရတို့ အတူတကွ ကြီးမှူးကျင်းပခြင်းဖြစ်သည်။ အစည်းအဝေး ဖွင့်ပွဲအခမ်းအနားသို့ တရုတ်နိုင်ငံနှင့် ပြည်ပ သိပ္ပံနည်းပညာဝန်ထမ်း၊ လုပ်ငန်းကုမ္ပဏီ တာဝန်ရှိပုဂ္ဂိုလ်၊ အစိုးရအရာရှိနှင့် နိုင်ငံတကာအဖွဲ့အစည်း ကိုယ်စားလှယ်များ လူ ၁,၅၀၀ ဝန်းကျင်ခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။ (Xinhua)
##Belt&Road #ScienceAndTechnology #Conference #တရုတ် #ရပ်ဝန်းနှင့်ပိုးလမ်းမ #သိပ္ပံနှင့်နည်းပညာ #အစည်းအဝေး
——————-
(Chinese Version)
丁薛祥出席第二届“一带一路”科技交流大会开幕式并发表主旨讲话
新华社成都6月11日电 中共中央政治局常委、国务院副总理丁薛祥11日上午在成都出席第二届“一带一路”科技交流大会开幕式并发表主旨讲话。
丁薛祥表示,中国国家主席习近平对“一带一路”科技交流合作高度重视,提出一系列重大倡议和举措,为推进国际科技创新合作提供了重要遵循。中国与各方共同努力,持续实施“一带一路”科技创新合作计划,搭建科技“连心桥”,织就创新协作网,为高质量共建“一带一路”注入了强劲动力。
丁薛祥强调,新一轮科技革命和产业变革深入发展,大数据、云计算、人工智能等技术正在全面赋能经济社会发展,但技术鸿沟、数字鸿沟、智能鸿沟仍在扩大,一些霸权霸道霸凌行径对全球发展造成巨大障碍。我们要加强团结合作,深入践行国际科技合作倡议,构建创新驱动、开放包容、公平公正、共同繁荣、普惠可持续的“一带一路”科技创新共同体,促进科技创新更好造福全人类。
丁薛祥提出4点建议:一是进一步加强科技创新开放合作,共同探索互利共赢的全球科技合作新模式,支持各国相关科研机构、高校、企业、智库建立合作网络,携手攻克重大科技难题。二是进一步推动科技成果普惠共享,坚持“科学无国界、惠及全人类”,大力提升科学技术的可及性,实施好“一带一路”科技减贫专项合作计划,使科技创新成果更好惠及各国特别是全球南方国家。三是进一步扩大科技人文交流,强化创新伙伴关系,广泛开展往来互访、互派留学生、技术培训、学术会议等多种形式的交流,拉紧科技与教育合作的友好纽带。四是进一步完善全球科技治理体系,妥善应对科技发展可能带来的规则冲突、社会风险、伦理挑战,反对把科技合作泛政治化、泛安全化,推动科技创新始终朝着有利于人类文明进步的方向发展。
伊朗副总统阿夫辛、乌兹别克斯坦第一副总理拉马托夫、塞尔维亚国民议会副议长拉古什出席开幕式并致辞,联合国秘书长技术特使吉尔视频致辞。
本届大会由科技部等部门和四川省人民政府、重庆市人民政府共同主办。国内外科技人员、企业负责人、政府官员和国际组织代表等约1500人参加了开幕式。(完)
图说:6月11日上午,中共中央政治局常委、国务院副总理丁薛祥在成都出席第二届“一带一路”科技交流大会开幕式并发表主旨讲话。 新华社记者 刘卫兵 摄