Connect with us

China

တရုတ်နိုင်ငံ ရွှီးရီခရိုင်၌ ကျောက်ပုစွန်ပွဲတော် ချီတက်ပွဲ ကျင်းပ

တရုတ်နိုင်ငံ ရွှီးရီခရိုင်၌ ဇွန် ၁၂ ရက်က ကျင်းပသော ကျောက်ပုစွန်ပွဲတော် ချီတက်ပွဲတွင် ၁၂ မီတာ ရှည်သော “ကျောက်ပုစွန်” အရုပ်ကို ချီတက်သည့်အုပ်စုအတွင်း၌ တွေ့ရစဉ် (ဆင်ဟွာ)

ရွှီးရီ (ကျန်းဆူး)၊ ဇွန် ၁၂ ရက် (ဆင်ဟွာ)
“စိတ်ဝင်စားဖွယ်ကျောက်ပုစွန်ဖြင့် တစ်မြို့လုံးပါဝင်ဆင်နွှဲ” ခေါင်းစဉ်ဖြင့် ၂၅ ကြိမ်မြောက် ရွှီးရီ ကျောက်ပုစွန်ပွဲတော် အများပြည်သူ ယဉ်ကျေးမှုချီတက်ပွဲကို ဇွန် ၁၂ ရက်က တရုတ်နိုင်ငံ ကျန်းဆူးပြည်နယ် ရွှီးရီခရိုင်၌ ကျင်းပခဲ့သည်။ ၃.၂ ကီလိုမီတာရှည်သည့် ချီတက်သည့်လမ်းကြောင်းထက်တွင် ပျော်ရွှင်စွာ ရယ်မောသံများနှင့် ဆိုင်းသံဗုံသံများ ရောယှက်နေပြီး အကြီးစား “ကျောက်ပုစွန်” အရုပ်၊ ဟန့်ဖူဝတ်စုံ စသည့် အကြောင်းအရာများနှင့် ကောင်းမွန်သော ဖျော်ဖြေတင်ဆက်မှုများက မြို့သူ၊ မြို့သားနှင့် ခရီးသွားဧည့်သည်များ ရပ်တန့်ကြည့်ရှုရန် ဆွဲဆောင်နိုင်ခဲ့သည်။

ဟွိုင်ဟယ်မြစ်အောက်ပိုင်း၊ ဟုန်ကျ

ယ်ကန်တောင်ပိုင်းတွင် တည်ရှိသော ရွှီးရီခရိုင်သည် တရုတ်နိုင်ငံ၏ နာမည်ကျော် ကျောက်ပုစွန်ထွက်သည့်ဒေသဖြစ်သည်။ ဆယ်စုနှစ်များစွာ တိုးတက်လာပြီးနောက် ဒေသတွင်း၌ “ကျောက်ပုစွန်ရှေ့ပြေးဖြင့် လုပ်ငန်းစုံ တစ်ပြေးညီတိုးတက်ခြင်း” ဟူသည့် အရည်အသွေးမြင့် ဖွံ့ဖြိုးတိုးတက်မှု လမ်းကြောင်းကို အောင်မြင်စွာ စူးစမ်းရှာဖွေတွေ့ရှိခဲ့သည်။ လက်ရှိတွင် ခရိုင်တစ်ခုလုံး၌ ကျောက်ပုစွန် မွေးမြူရေးဧရိယာသည် တရုတ်မူ (Mu) ပေါင်း ၉၈၅,၀၀၀ ရှိကြောင်း သိရသည်။ (Xinhua)

တရုတ်နိုင်ငံ ရွှီးရီခရိုင်၌ ဇွန် ၁၂ ရက်က ကျင်းပသော ကျောက်ပုစွန်ပွဲတော် ချီတက်ပွဲတွင် ၁၂ မီတာ ရှည်သော “ကျောက်ပုစွန်” အရုပ်ကို ချီတက်သည့်အုပ်စုအတွင်း၌ တွေ့ရစဉ် (ဆင်ဟွာ)

တရုတ်နိုင်ငံ ရွှီးရီခရိုင်၌ ဇွန် ၁၂ ရက်က ကျင်းပသော ကျောက်ပုစွန်ပွဲတော် ချီတက်ပွဲတွင် ပါဝင်ချီတက်နေသော ပြည်သူများကို တွေ့ရစဉ် (ဆင်ဟွာ)

—————————
(Chinese Version)
龙虾节主题巡游闹盱眙
新华社照片,盱眙(江苏),2025年6月12日
当日,以“虾趣狂欢 嗨游全城”为主题的第25届盱眙龙虾节群众文化巡游活动在江苏盱眙街头举行。3.2公里的巡游线路上,欢声笑语与铿锵锣鼓交织,巨型“龙虾”、汉服等元素以及精彩的表演吸引众多市民和游客驻足观看。
地处淮河下游、洪泽湖南岸的盱眙是我国著名的龙虾之乡。经过数十年的发展,当地成功探索出“一虾先行、诸业并进”的高质量发展路径。目前,全县小龙虾养殖面积达98.5万亩。
图说1、2:6月12日,12米长的“龙虾”在巡游队伍中。 新华社记者 季春鹏 摄
图说3-7:6月12日,群众在参与巡游。新华社记者 季春鹏 摄