China
တောတောင်ထဲက “သက်ကြီး ဘိုးဘွားများ၏ ကန်တင်း”

ကွမ်ကျိုး၊ ဇွန် ၁၂ ရက် (ဆင်ဟွာ)
ရှန်းရှီးကျေးရွာလေးသည် တရုတ်နိုင်ငံ ကွမ်ကျိုးမြို့ ချုံဟွခရိုင်၏ မြောက်ဘက် တောတောင်ထဲတွင် တည်ရှိရာ ယင်းဒေသတွင် အလွန် ဝေးလံခေါင်ဖျားနေရာရှိ ကျေးရွာလေးတစ်ရွာဖြစ်သည်။ ရွာထဲမှ လူငယ်လူရွယ် အများစုသည် ပြင်ပသို့ သွားရောက် အလုပ်လုပ်ကိုင်ကြရာ လူငယ်လူဦးရေ နည်းပါးလာမှုနှင့် သက်ကြီးရွယ်အို အဘိုးအဘွားများပြားလာမှု အတိုင်းအတာ ပို၍ နက်ရှိုင်းလာသည်။
၂၀၂၂ ခုနှစ် မေလတွင် ဒေသန္တရအစိုးရ၊ လူမှုရေးလုပ်ငန်းအဖွဲ့နှင့် ပရဟိတအဖွဲ့အစည်း စသည့် ဘက်ပေါင်းစုံ၏ အားပေးမှုအောက်တွင် ရှန်းရှီးကျေးရွာလေးသည် သက်ကြီးဘိုးဘွားများ ကန်တင်း စတင်ဖွင့်လှစ်ခဲ့ရာ ကျေးရွာရှိ အသက် ၆၅ နှစ်နှင့်အထက် သို့မဟုတ် အထူးခက်ခဲနေသည့် သက်ကြီးဘိုးဘွားများအတွက် စားသောက်ဖွယ်ရာ ဝန်ဆောင်မှုပံ့ပိုးပေးခဲ့သည်။ သုံးနှစ်ကြာကာလတွင် ရှန်းရှီးကျေးရွာလေးသည် “အစိုးရ၏ လမ်းညွှန်မှု + လူမှုအသိုက်အဝန်း၏ ပါဝင်မှု + ကျေးရွာသူ၊ ကျေးရွာသားများ၏ ကိုယ်ထူကိုယ်ထမှု” ဟူသော ပုံစံဖြင့် အစိုးရ၏ ထောက်ပံ့ကြေး၊ ပရဟိတအလှူငွေနှင့် “ကိုယ်ထူကိုယ်ထ စွမ်းဆောင်ခြင်း” အရင်းအမြစ်လမ်းကြောင်း သုံးခုကို ထိရောက်စွာ ပေါင်းစည်းကာ ဘိုးဘွားစောင့်ရှောက်ရေးဝန်ဆောင်မှု စဉ်ဆက်မပြတ် လည်ပတ်ရေးကို ဖော်ဆောင်နိုင်ခဲ့သည်။ (Xinhua)

တရုတ်နိုင်ငံ ရှန်းရှီးကျေးရွာလေးရှိ သက်ကြီးဘိုးဘွားများ ကန်တင်းတွင် သက်ကြီးဘိုးဘွားများ စုပေါင်း ထမင်းစားနေကြသည်ကို ၂၀၂၅ ခုနှစ် ဇွန် ၁၁ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

တရုတ်နိုင်ငံ ရှန်းရှီးကျေးရွာလေးရှိ သက်ကြီးဘိုးဘွားများ ကန်တင်းအပြင်မြင်ကွင်းအား ၂၀၂၅ ခုနှစ် ဇွန် ၁၁ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

တရုတ်နိုင်ငံ ရှန်းရှီးကျေးရွာလေးရှိ သက်ကြီးဘိုးဘွားများ ကန်တင်းတွင် တန်းစီ၍ ဟင်းရည်ထည့်ကြသော သက်ကြီးဘိုးဘွားများအား ၂၀၂၅ ခုနှစ် ဇွန် ၁၀ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

တရုတ်နိုင်ငံ ရှန်းရှီးကျေးရွာလေးတွင် သက်ကြီးဘိုးဘွားများ လုပ်အားပေးနေသည်ကို ၂၀၂၅ ခုနှစ် ဇွန် ၁၀ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

တရုတ်နိုင်ငံ ရှန်းရှီးကျေးရွာလေးရှိ သက်ကြီးဘိုးဘွားများ ကန်တင်းတွင် သက်ကြီးဘိုးဘွားများ စုပေါင်း ထမင်းစားနေကြသည်ကို ၂၀၂၅ ခုနှစ် ဇွန် ၁၁ ရက်က တွေ့ရစဉ် (ဆင်ဟွာ)
————————-
(Chinese Version)
大山深处的“长者饭堂”
新华社照片,广州,2025年6月12日
仙溪村位于广州市从化区的北部大山中,是当地最偏远的乡村之一,村里大部分青壮年外出务工,空心化与老龄化程度较深。 2022年5月,在当地政府、社工组织及慈善机构等各方支持下,仙溪村长者饭堂开张,为村里65岁以上或有特殊困难的老人提供助餐服务。历经3年,仙溪村通过“政府引导 + 社会参与 + 村民自治”的形式,有效整合政府补贴、慈善捐赠以及村庄“自我造血”三大资源渠道,实现了养老服务的可持续运营。
1. 6月10日,晚饭后,仙溪村老人在长者饭堂里唱歌娱乐。 新华社记者 王瑞平 摄
2. 6月11日,仙溪村老人们在长者饭堂一起就餐。新华社记者 王瑞平 摄
3. 6月11日拍摄的仙溪村长者饭堂的外景(无人机照片)。新华社记者 王瑞平 摄
4. 6月10日,仙溪村老人在长者饭堂里排队盛汤。新华社记者 王瑞平 摄
5. 6月10日,仙溪村的老人在一起做义务劳动。新华社记者 王瑞平 摄
6. 6月11日,仙溪村老人们在长者饭堂一起就餐。新华社记者 王瑞平 摄