International Organizations
ကလေးလုပ်သားပပျောက်ရေး ၂၀၂၅ ခုနှစ် ရည်မှန်းချက် ကမ္ဘာတစ်ဝန်းတွင် မအောင်မြင်နိုင်ခဲ့ကြောင်း ကုလသမဂ္ဂအစီရင်ခံစာ ဖော်ပြ

ဂျီနီဗာ၊ ဇွန် ၁၂ ရက် (ဆင်ဟွာ)
၂၀၂၄ ခုနှစ်တွင် ကမ္ဘာတစ်ဝန်း၌ ၁၃၈ သန်းနီးပါးရှိသော ကလေးငယ်များသည် ကာယအလုပ်များ လုပ်ကိုင်နေကြရာ ကလေးလုပ်သားပပျောက်ရေး ၂၀၂၅ ခုနှစ် ရည်မှန်းချက်မှာ အောင်မြင်မှုမရှိခဲ့ကြောင်း အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့ (ILO) နှင့် ယူနီဆက် (UNICEF) တို့က ဇွန် ၁၁ ရက်တွင် ပူးတွဲထုတ်ပြန်ခဲ့သော နောက်ဆုံးအစီရင်ခံစာ၌ ဖော်ပြထားသည်။
၂၀၂၀ ပြည့်နှစ်မှစ၍ ကမ္ဘာတစ်ဝန်း ကလေးလုပ်သားစုစုပေါင်းအရေအတွက်သည် ၂၂ သန်း လျော့နည်းသွားရာ ၂၀၁၆ ခုနှစ်မှ ၂၀၂၀ ပြည့်နှစ်ကြား တိုးတက်မှုအရှိန်ကို ပြောင်းလဲပေးခဲ့ကြောင်း၊ ၂၀၂၀ ပြည့်နှစ်မှစ၍ ကမ္ဘာတစ်ဝန်း ကလေးလုပ်သားအရေအတွက်သည် ၂၄၆ သန်းမှ ၁၃၈ သန်းသို့ တစ်ဝက်နီးပါး ကျဆင်းသွားခဲ့ကြောင်း အဆိုပါအစီရင်ခံစာတွင် ဖော်ပြခဲ့သည်။ လယ်ယာလုပ်ငန်းမှာ ကလေးလုပ်သားအရေအတွက်အများဆုံးကဏ္ဍအဖြစ် ဆက်လက်ရပ်တည်နေကာ စုစုပေါင်းပမာဏ၏ ၆၁ ရာခိုင်နှုန်းရှိပြီး ဒုတိယအများဆုံးမှာ ဝန်ဆောင်မှုလုပ်ငန်းနှင့် စက်မှုလုပ်ငန်းဖြစ်ကြောင်း အချက်အလက်များက ဖော်ပြနေသည်။
တိုးတက်မှုရရှိနိုင်သော ဖြစ်နိုင်ခြေကို အစီရင်ခံစာက အတည်ပြုခဲ့ကြောင်း၊ ကလေးများသည် လုပ်ငန်းခွင်တွင်မဟုတ်ဘဲ စာသင်ကျောင်း၌သာ ရှိသင့်ကြောင်း၊ ကလေးလုပ်သားပပျောက်ရေး ရည်မှန်းချက် အကောင်အထည်ဖော်နိုင်ရန် အလှမ်းဝေးသော ခရီးကို လျှောက်ရဦးမည်ဖြစ်ကြောင်း အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့ (ILO) ညွှန်ကြားရေးမှူးချုပ် Gilbert F. Houngbo က ပြောကြားခဲ့သည်။
တရားဥပဒေအာမခံချက် ဖော်ဆောင်ခြင်း၊ လူမှုစောင့်ရှောက်ရေး၊ အခမဲ့ အရည်အသွေးကောင်းမွန်သော ပညာရေး ရင်နှီးမြှုပ်နှံမှု တိုးချဲ့ခြင်း၊ အရွယ်ရောက်သူများ သင့်တင့်သော အလုပ်အကိုင်ရရှိရန် အခွင့်အရေးများ တိုးမြှင့်ခြင်းဖြင့် ကလေးလုပ်သားပပျောက်ရေးကဏ္ဍတွင် တိုးတက်မှုရရှိရန် တွန်းအားပေးနိုင်ကြောင်း ယူနီဆက် အမှုဆောင်ဒါရိုက်တာ Catherine Russell ကပြောကြားခဲ့သည်။
ဇွန် ၁၂ ရက်သည် “ကမ္ဘာ့ကလေးလုပ်သားပပျောက်ရေးနေ့” ဖြစ်သည်။ ယူနီဆက်နှင့် အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့တို့က နိုင်ငံအသီးသီး အစိုးရများအနေဖြင့် အစီအမံများချမျတ်ကာ ကလေးလုပ်သားပပျောက်ရေးအား အရှိန်မြှင့်တင်ရန် တိုက်တွန်းခဲ့သည်။ (Xinhua)
…………………..
(Chinese Version)
联合国报告:全球未能实现2025年消除童工现象的目标
新华社日内瓦6月12日电(记者焦倩)国际劳工组织与联合国儿童基金会11日联合发布的最新报告显示,2024年全球有近1.38亿儿童从事劳动,未能实现到2025年消除童工现象的目标。
报告显示,自2020年以来,全球童工总数减少了2200多万,扭转了2016年至2020年间的增长势头。自2000年以来,全球童工人数已从2.46亿降至1.38亿,降幅近半。数据显示,农业仍然是童工人数最多的领域,占总数的61%,其次是服务业和工业。
国际劳工组织总干事洪博表示,报告证实了取得进展的可能性。孩子应该在学校,而不应在工作。距离实现消除童工的目标仍有很长的路要走。
联合国儿童基金会执行主任凯瑟琳·拉塞尔说,通过实施法律保障、扩大社会保护、投资免费优质教育以及增加成年人获得体面工作的机会,可以推动在消除童工现象方面取得进展。
6月12日是“世界无童工日”。联合国儿童基金会和国际劳工组织呼吁各国政府多措并举,加快消除童工现象。(完)
图说:6月2日,国际劳工组织总干事洪博在瑞士日内瓦举行的国际劳工大会上讲话。新华社记者 连漪 摄