Connect with us

China

တရုတ်နိုင်ငံ ဟိုင်နန်ပြည်နယ် ဝူကျီဆန်းမြို့တွင် ဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ် လက်ဆင့်ကမ်းနေ

တရုတ်နိုင်ငံ ဟိုင်နန်ပြည်နယ် အမျိုးသားနည်းပညာသင်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူများ ပြုလုပ်ထားသည့် လီတိုင်းရင်းသား ဘရိုကိတ်ထည်များကို ဇွန် ၁၀ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဝူကျီဆန်း (ဟိုင်နန်)၊ ဇွန် ၁၄ ရက် (ဆင်ဟွာ)
လတ်တလောနှစ်ပိုင်းတွင် တရုတ်နိုင်ငံ ဟိုင်နန်ပြည်နယ် ဝူကျီဆန်းမြို့တွင် “ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ် ကျောင်းဝန်းအတွင်း ဝင်ရောက်ခြင်း” အစီအစဉ်ကို ဖန်တီးဖော်ဆောင်ခဲ့သည်။ ၎င်းအစီအစဉ်အရ အစိုးရ အခြေခံပညာကျောင်း ၁၄ ကျောင်း၌ ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ် သင်ခန်းစာများ သင်ကြားပေးခြင်းဖြင့် လူငယ်များ၏ ရိုးရာယဉ်ကျေးမှုအပေါ် ချစ်မြတ်နိုးမှုကို ပျိုးထောင်ပေးကာ ဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ်များ၏ လက်ဆင့်ကမ်းမှုနှင့် ဖွံ့ဖြိုးတိုးတက်မှုအပေါ် ပံ့ပိုးပေးခဲ့သည်။ (Xinhua)

တရုတ်နိုင်ငံ ဟိုင်နန်ပြည်နယ် အမျိုးသားနည်းပညာသင်တန်းကျောင်းမှ ဆရာမ လျိုချင်းမေ (ယာဘက် တတိယ) က ကျောင်းသူများကို လီတိုင်းရင်းသားအက “တောင်စောင့်ညီမလေး” အက သင်ပြပေးနေသည်ကို ဇွန် ၁၀ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

တရုတ်နိုင်ငံ ဟိုင်နန်ပြည်နယ် အမျိုးသားနည်းပညာသင်တန်းကျောင်းမှ ဆရာ ဝေချင်က ကျောင်းသားများကို လီတိုင်းရင်းသား စက္ကူအလှညှပ်ပညာ သင်ပြပေးနေသည်ကို ဇွန် ၁၀ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

————————–
(Chinese Version)
海南五指山:非遗薪火相传
新华社照片,五指山(海南),2025年6月13日
近年来,海南省五指山市打造“非遗进校园”工程,在14所公办中小学开设非遗课程,培养青少年对传统文化的热爱,助力非遗传承与发展。
1、这是6月10日拍摄的海南省民族技工学校学生制作的黎族织锦。新华社记者 郭程 摄
2、6月10日,海南省民族技工学校老师刘青梅(右三)指导学生练习黎族舞蹈《守山兰的阿妹》。新华社记者 郭程 摄
3、6月10日,海南省民族技工学校老师韦勤在教学生黎族剪纸。新华社记者 郭程 摄