Connect with us

China

အီရန်အား အစ္စရေး ကျူးကျော်တိုက်ခိုက်မှုအပေါ် တရုတ်နိုင်ငံအနေဖြင့် ပြစ်တင်ရှုတ်ချကြောင်း တရုတ်ကိုယ်စားလှယ် ပြောကြား

နယူးယောက်မြို့ရှိ ကုလသမဂ္ဂရုံးချုပ်တွင် ကုလမသဂ္ဂလုံခြုံရေးကောင်စီက ပါလက်စတိုင်း-အစ္စရေးအရေး တံခါးဖွင့်ဆွေးနွေးပွဲ ကျင်းပနေသည်ကို ၂၀၂၅ ခုနှစ် မေ ၂၈ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ကုလသမဂ္ဂ၊ ဇွန် ၁၄ ရက် (ဆင်ဟွာ)
အီရန်၏ အချုပ်အခြာအာဏာ၊ လုံခြုံရေးနှင့် နယ်မြေပိုင်နက်ပြည့်စုံမှုအား အစ္စရေး ကျူးကျော်ထိပါးသည့် လှုပ်ရှားမှုအပေါ် တရုတ်နိုင်ငံအနေဖြင့် ပြစ်တင်ရှုတ်ချကြောင်း၊ စစ်ရေးအန္တရာယ်ရှိသည့် လှုပ်ရှားမှုမှန်သမျှကို အစ္စရေးဘက်က ချက်ချင်းရပ်တန့်ရန် တိုက်တွန်းကြောင်း ကုလသမဂ္ဂဆိုင်ရာ တရုတ်နိုင်ငံ အမြဲတမ်းကိုယ်စားလှယ် ဖုချုံးက ဇွန် ၁၃ ရက် လုံခြုံရေးကောင်စီ၏ အရှေ့အလယ်ပိုင်းအရေးကိစ္စ အရေးပေါ် တံခါးဖွင့်အစည်းအဝေးတွင် ပြောကြားခဲ့သည်။

အစ္စရေးသည် ဇွန် ၁၃ ရက် နံနက်ပိုင်းက အီရန်နယ်နိမိတ်အတွင်းရှိ ပစ်မှတ်အများအပြားကို အကြီးအကျယ် တိုက်ခိုက်ခဲ့ရာ အီရန်ဘက်က နျူကလီးယားအဆောက်အဦ ပျက်စီးမှုနှင့် လူသေဆုံးဒဏ်ရာရမှုများ ဖြစ်ပွားခဲ့ကြောင်း၊ အီရန်၏ အချုပ်အခြာအာဏာ၊ လုံခြုံရေးနှင့် နယ်မြေပိုင်နက်ပြည့်စုံမှုအား အစ္စရေး ကျူးကျော်ထိပါးသည့်လှုပ်ရှားမှုအပေါ် တရုတ်နိုင်ငံအနေဖြင့် ပြစ်တင်ရှုတ်ချကြောင်း၊ ပဋိပက္ခပြင်းထန်အောင် နှိုးဆွမှု၊ ထိပ်တိုက်ရင်ဆိုင်မှုများ ကျယ်ပြန့်အောင် ဆောင်ရွက်မှုများကို ဆန့်ကျင်ကြောင်း၊ အစ္စရေး၏ သက်ဆိုင်ရာ လှုပ်ရှားမှုကြောင့် ဆိုးရွားသည့် နောက်ဆက်တွဲဆိုးကျိုးဖြစ်လာနိုင်မည်ကို အထူးစိုးရိမ်ကြောင်း ဖုချုံးက ပြောကြားခဲ့သည်။

ဒေသတွင်းအခြေအနေ တစ်ဖန် အရှိန်မြင့်တက်လာခြင်းက မည်သည့်ဘက်၏ အကျိုးစီးပွားနှင့်မျှ မကိုက်ညီကြောင်း ၎င်းက ပြောကြားခဲ့သည်။ အစ္စရေးဘက်က စစ်ရေးအန္တရာယ်ရှိသည့် လှုပ်ရှားမှုမှန်သမျှ ချက်ချင်းရပ်တန့်ရန်၊ တင်းမာသည့်အခြေအနေ တစ်ဆင့်တိုး အရှိန်မြင့်တက်လာမှုကို ရှောင်ရှားရန်၊ သက်ဆိုင်သူများအနေဖြင့် “ကုလသမဂ္ဂပဋိညာဉ်စာတမ်း” နှင့် နိုင်ငံတကာဥပဒေအား လေးစားလိုက်နာရန်၊ နိုင်ငံရေး သံတမန်နည်းလမ်းဖြင့် အငြင်းပွားမှုများကို ဖြေရှင်းကာ ဒေသတွင်း ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးကို အတူတကွ ကာကွယ်ထိန်းသိမ်းကြရန် တရုတ်နိုင်ငံအနေဖြင့် တိုက်တွန်းကြောင်း ဖုချုံးက ပြောကြားခဲ့သည်။

လက်ရှိဖြစ်ပေါ်နေသည့် အခြေအနေများက အီရန်နျူကလီးယားအရေး သံတမန်ရေးနည်းလမ်းဖြင့် ဖြေရှင်းမှုအပေါ် အနုတ်လက္ခဏာသက်ရောက်ခြင်းများအား တရုတ်နိုင်ငံအနေဖြင့် အထူးဂရုပြုလျက်ရှိကြောင်း ဖုချုံးက ပြောကြားခဲ့သည်။ တရုတ်နိုင်ငံသည် တွေ့ဆုံဆွေးနွေး စေ့စပ်ညှိနှိုင်းမှုဖြင့် အီရန်နျူကလီးယားအရေးအား ငြိမ်းချမ်းစွာ ဖြေရှင်းရန် အစဉ်အားထား ဆောင်ရွက်လျက်ရှိရာ လက်နက်အင်အားသုံးခြင်းနှင့် တရားမဝင် တစ်ဖက်သတ်ပိတ်ဆို့အရေးယူမှုများကို ဆန့်ကျင်သလို ငြိမ်းချမ်းစွာ အသုံးပြုသည့် နျူကလီးယားအဆောက်အဦများအား လက်နက်ဖြင့် တိုက်ခိုက်မှုအပေါ် ဆန့်ကျင်ကြောင်း၊ “နျူကလီးယားလက်နက် မပြန့်ပွားရေးစာချုပ်” အဖွဲ့ဝင်နိုင်ငံဖြစ်သည့် အီရန်၏ နျူကလီးယားစွမ်းအင်ကို ငြိမ်းချမ်းစွာ အသုံးချပိုင်ခွင့်အား အပြည့်အဝ လေးစားသင့်ကြောင်း ဖုချုံးက ပြောကြားခဲ့သည်။

အချိန်အတိုင်းအတာ ကာလတစ်ခုအတွင်း အရှေ့အလယ်ပိုင်းဒေသပဋိပက္ခများသည် စဉ်ဆက်မပြတ် ကြာရှည်စွာ ဖြစ်ပွားလျက်ရှိရာ ဒေသတွင်းတင်းမာမှုအခြေအနေ အလွန်မြင့်မားခဲ့ကြောင်း ဖုချုံးက ပြောကြားခဲ့သည်။ ဂါဇာကမ်းမြောင်ဒေသသည် ရေရှည်ထိုးစစ်ဆင်ခံရခြင်းနှင့် ဝန်းရံပိတ်ဆို့ခံရခြင်းကြောင့် ပြည်သူ ၂ သန်းကျော်မှာ မကြုံစဖူး လူသားချင်း စာနာထောက်ထားမှုကပ်ဘေးဆိုက်လျက်ရှိကြောင်း၊ ဂါဇာအပစ်ရပ်ရေး၊ ဒေသတွင်းအခြေအနေပြေလျော့ရေးကို တွန်းအားပေးရန်၊ ပဋိပက္ခ ကျယ်ပြန့်ကြီးမားလာမှုကို လက်တွေ့တကျ ဟန့်တားနိုင်ရန် နိုင်ငံတကာအသိုက်အဝန်းအနေဖြင့် အတူတကွ ကြိုးပမ်းဆောင်ရွက်သင့်ပါကြောင်း၊ အစ္စရေးအပေါ် ဩဇာသက်ရောက်မှုရှိသောနိုင်ငံများက အပြုသဘောအခန်းကဏ္ဍမှ လက်တွေ့ပါဝင်သင့်ကြောင်း၊ ကုလသမဂ္ဂလုံခြုံရေးကောင်စီအနေဖြင့် “ကုလသမဂ္ဂပဋိညာဉ်စာတမ်း” မှ ပေးအပ်သော နည်းလမ်းမှန်သမျှကို ကောင်းမွန်စွာ အသုံးချကာ လုံခြုံရေးကောင်စီ၏ သက်ဆိုင်ရာဆုံးဖြတ်ချက်များ လက်တွေ့ဖော်ဆောင်နိုင်ရန် အာမခံပြီး ဒေသတွင်းငြိမ်းချမ်းရေးနှင့် လုံခြုံရေးကို ကာကွယ်ထိန်းသိမ်းရန်အတွက် ရှိသင့်ရှိထိုက်သော အခန်းကဏ္ဍမှ ပါဝင်သင့်ပါကြောင်း ၎င်းက ပြောကြားခဲ့သည်။ (Xinhua)
————————
(Chinese Version)
中国代表:中方谴责以色列侵犯伊朗
新华社联合国6月13日电 中国常驻联合国代表傅聪13日在安理会中东局势紧急公开会上表示,中方谴责以色列侵犯伊朗主权、安全和领土完整的行为,敦促以色列立即停止一切军事冒险行动。
傅聪在发言时说,以色列13日凌晨对伊朗境内多处目标发动大规模袭击,造成伊方核设施受损和人员伤亡。中方谴责以色列侵犯伊朗主权、安全和领土完整的行为,反对激化矛盾、扩大冲突,对以方有关行动可能带来的严重后果深感担忧。
他说,地区局势再度骤然升温,不符合任何一方利益。中方敦促以色列立即停止一切军事冒险行动,避免紧张事态进一步升级,呼吁有关各方遵守《联合国宪章》和国际法,通过政治外交手段解决争端,共同维护地区和平稳定。
傅聪表示,中方严重关切当前事态发展对伊朗核问题外交谈判的消极影响。中方一贯致力于通过对话谈判和平解决伊朗核问题,反对付诸武力和非法单边制裁,反对武装攻击和平核设施。伊朗作为《不扩散核武器条约》缔约国享有的和平利用核能权利应当得到充分尊重。
他说,一段时间以来,中东地区冲突延宕,地区局势高度紧张。加沙地带遭到长期进攻和围困,200多万民众深陷前所未有的人道主义灾难。国际社会应共同努力,推动加沙停火、地区局势降温,切实遏制冲突扩大蔓延。对以色列有重要影响的国家应切实发挥建设性作用。安理会应当用好《联合国宪章》赋予的一切手段,确保安理会有关决议得到落实,为维护地区和平与安全发挥应有作用。(完)
1. 5月28日,在位于纽约的联合国总部,安理会召开巴以问题公开会。新华社记者 谢锷 摄