Asia
“ကျွန်တော်တို့ တရုတ်နိုင်ငံခရီးစဉ်က ပိုလွယ်ကူသွားပြီ” – အင်ဒိုနီးရှားပြည်သူများက တရုတ်နိုင်ငံ၏ နာရီ ၂၄၀ ဗီဇာကင်းလွတ် ဖြတ်သန်းသွားလာခွင့်မူဝါဒကို ချီးကျူးကြ

ဂျကာတာ၊ ဇွန် ၁၄ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံက အင်ဒိုနီးရှားနိုင်ငံအပေါ် နာရီ ၂၄၀ ဗီဇာကင်းလွတ် ဖြတ်သန်းသွားလာခွင့်မူဝါဒ ကျင့်သုံးသည်ကို သိရှိပြီးနောက် ကုန်သွယ်ရေးလုပ်ကိုင်သည့် အင်ဒိုနီးရှားနိုင်ငံ တရုတ်နွယ်ဖွား ကွမ်းထိန်ထိန်က ဒီမူဝါဒက အရမ်းအဆင်ပြေကြောင်း၊ အနာဂတ်တွင် တရုတ်နိုင်ငံ၌ လမ်းတစ်ထောက်နား၍ အခြားနိုင်ငံသို့ သွားရောက်ချိန်တွင် မိသားစုဝင်များနှင့်အတူ ရှီးအန်း၊ ချိန်တူး၊ ချုံချင့် စသည့်မြို့များသို့ ရက်တိုခရီး တစ်ပါတည်း သွားရောက်နိုင်ကြောင်း ပြောကြားခဲ့ပြီး “အဆင်ပြေသလို လက်တွေ့အသုံးဝင်တယ်” ဟု ဆိုသည်။
၂၀၂၅ ခုနှစ် ဇွန် ၁၂ ရက်မှစ၍ အင်ဒိုနီးရှားနိုင်ငံသားများက နာရီ ၂၄၀ ဗီဇာကင်းလွတ် ဖြတ်သန်းသွားလာခွင့် မူဝါဒဖြင့် တရုတ်နိုင်ငံသို့ အဆင်ပြေလွယ်ကူစွာ လာရောက်နိုင်ကြောင်း တရုတ်နိုင်ငံ အမျိုးသား လူဝင်မှုကြီးကြပ်ရေးဌာနက ဇွန် ၁၂ ရက်တွင် ထုတ်ပြန်ကြေညာခဲ့သည်။ အဆိုပါမူဝါဒ ကျင့်သုံးပြီးနောက် အင်ဒိုနီးရှားနိုင်ငံသည် အဆိုပါအဆင်ပြေလွယ်ကူမှုကို ခံစားခွင့်ရသည့် ၅၅ ခုမြောက် နိုင်ငံ ဖြစ်လာကာ ခရီးသွားလောကနှင့် ပြည်သူများ၏ ကျယ်ကျယ်ပြန့်ပြန့် အာရုံစိုက်ခြင်းခံရသည်။
အင်ဒိုနီးရှားနိုင်ငံ Dwidaya Tour ခရီးသွားကုမ္ပဏီ ခရီးသွားအတိုင်ပင်ခံ Elsa Febriani က လက်ရှိတွင် ခရီးသွားကုမ္ပဏီ၌ လစဉ်ပျမ်းမျှ တရုတ်ခရီးစဉ်အဖွဲ့ ၁၀ ဖွဲ့ စီစဉ်ပို့ဆောင်လျက်ရှိပြီး ဗီဇာကင်းလွတ် ဖြတ်သန်းသွားလာမှုသည် ခရီးသွားဧည့်သည်များ၏ စိတ်ဝင်စားမှုကို ပိုတိုးလာစေကြောင်း ပြောကြားခဲ့သည်။
“အရင်တုန်းက ခရီးသွားဧည့်သည် အများအပြားက ပြည်ဝင်ခွင့်မရလို့ လေဆိပ်မှာပဲ စောင့်ရတာရှိတယ်။ အခုဆို ဗီဇာကင်းလွတ် ဖြတ်သန်းသွားလာခွင့်မူဝါဒနဲ့ ပြည်ဝင်လို့ရတော့ ကျွန်တော်တို့က ‘ခရီးတစ်ထောက်နား + မြို့ပြခရီးစဉ်’ လိုမျိုး ခရီးစဉ်လမ်းကြောင်းအသစ် စီစဉ်လို့ရသွားတယ်။ ဥပမာအားဖြင့် ရှန်ဟိုင်းမှာ ၅ ရက်လည်ပတ်ပြီးမှ နောက်တစ်နေရာကို ဆက်သွားတာမျိုးပေါ့။ တရုတ်ခရီးစဉ်က ပိုမိုလွယ်ကူလာနေပါတယ်” ဟု ၎င်းက ပြောကြားခဲ့သည်။
အင်ဒိုနီးရှားနိုင်ငံ Gorumi ခရီးသွားကုမ္ပဏီ ဝန်ထမ်း Sudarmanto က “ကျွန်တော်ကိုယ်တိုင်လည်း ဒီမူဝါဒအားကိုးနဲ့ ချုံချင့်မြို့ကို သွားချင်ပါတယ်။ ချုံချင့်မြို့မှာ ဟော့ပေါ့နဲ့ တောင်ပေါ်မြို့ရှုခင်းတွေရှိလို့ အစပ်ကြိုက်တဲ့ အင်ဒိုနီးရှား ခရီးသွားတွေအတွက်ကတော့ အလွန်ဆွဲဆောင်မှုရှိမှာ သေချာပါတယ်” ဟု ပြောကြားခဲ့သည်။
“ပိတ်ရက်ကာလမှာ တရုတ်နိုင်ငံကိုသွားတဲ့ ခရီးသွားဧည့်သည်တွေ သိသိသာသာ များပြားလာပါတယ်။” Antavaya ကုမ္ပဏီဝန်ထမ်း Vera Vijaya က ရှေ့လပိတ်ရက်ကာလအတွင်းတွင် ၎င်းတို့ကုမ္ပဏီသည် လူ ၅၅ ဦးခရီးသွားအဖွဲ့ကို တရုတ်နိုင်ငံခရီးစဉ်ကို စီစဉ်ပေးခဲ့ကြောင်း၊ “ဒီမူဝါဒအသစ်ရှိလာလို့ ကျွန်မတို့ကလည်း ခရီးသွားဧည့်သည်တွေ ခံစားချက်ကို မြှင့်တင်နိုင်ဖို့အတွက် တရုတ်နိုင်ငံမှာ လမ်းတစ်ထောက်နားတဲ့ နိုင်ငံစုံခရီးစဉ်လမ်းကြောင်းတွေ ပိုမိုမိတ်ဆက်ပေးဖို့ လေ့လာနေပါတယ်” ဟု မိတ်ဆက်ပြောကြားခဲ့သည်။
ဂျကာတာမြို့၌ နေထိုင်သည့် အင်ဒိုနီးရှားနိုင်ငံ တရုတ်နွယ်ဖွား ဖောင်းလွေ့ရှင်းက မိမိသည်အလုပ်သဘောအရ ရှန်ဟိုင်း၊ ဆန်းကျန့်နှင့် ဟန်ကျိုး စသည့်နေရာများသို့ မကြာခဏ သွားရောက်ရကြောင်း၊ “ဗီဇာကင်းလွတ် ဖြတ်သန်းသွားလာခွင့်ပြုတဲ့ အချိန်ကိုပိုကြာကြာပေးမယ်ဆို ပိုအဆင်ပြေသွားလိမ့်မယ်။ ဒီလိုဆို ကျွန်တော်တို့ တရုတ်နွယ်ဖွားတွေက ကလေးတွေနဲ့အတူ တရုတ်နိုင်ငံကို မကြာခဏပြန်လာပြီး တရုတ်နိုင်ငံယဉ်ကျေးမှုကို လေ့လာလို့ရတယ်” ဟု ၎င်းက ဆိုသည်။
အင်ဒိုနီးရှားနိုင်ငံသည် အရှေ့တောင်အာရှဒေသတွင် လူဦးရေအများဆုံးနိုင်ငံဖြစ်ပြီး တရုတ်နိုင်ငံနှင့် အင်ဒိုနီးရှားနိုင်ငံ၏ ကုန်သွယ်စီးပွားရေးနှင့် လူမှုယဉ်ကျေးမှု ကူးလူးဖလှယ်မှုသည် တစ်နေ့တခြား ပိုမိုရင်းနှီးလာပေသည်။ မူဝါဒကို လက်တွေ့ဖော်ဆောင်လာသည်နှင့်အမျှ အင်ဒိုနီးရှားနိုင်ငံမှ တရုတ်နိုင်ငံသို့ သွားရောက်သည့် ခရီးသွားဧည့်သည်များက ပိုမိုအဆင်ပြေလွယ်ကူသည့် ပြည်ဝင်မှုကိုခံစားရနိုင်သည်။
အင်ဒိုနီးရှား-တရုတ် မိတ်ဖက်ဆက်ဆံရေး သုတေသနဌာန ဒါရိုက်တာ Veronika Saraswati က တရုတ်နိုင်ငံက အင်ဒိုနီးရှားနိုင်ငံအပေါ် နာရီ ၂၄၀ ဗီဇာကင်းလွတ် ဖြတ်သန်းသွားလာခွင့်မူဝါဒ ကျင့်သုံးခြင်းသည် နှစ်ဖက်ဆက်ဆံရေးကို နက်ရှိုင်းစေခြင်း၊ အပြန်အလှန်ချိတ်ဆက်မှုကို မြှင့်တင်ခြင်း၏ အပြုသဘောအချက်ပြမှုဖြစ်ကြောင်း၊ အဆိုပါမူဝါဒသည် လူမှုယဉ်ကျေးမှု၊ ခရီးသွားလာမှုနှင့် စီးပွားရေးအရ ကူးလူးဖလှယ်မှုကို တွန်းအားပေးရန် အထောက်အကူပြုသည်သာမက ပိုမိုရင်းနှီးသော တရုတ်-အင်ဒိုနီးရှား ဘက်စုံ မဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေး တည်ဆောက်ရန်အတွက် အခြေခံအုတ်မြစ် ချမှတ်ပေးလိုက်ကြောင်း ပြောကြားခဲ့သည်။ (Xinhua)
——————–
(Chinese Version)
“我们的中国行更容易了”——印尼民众点赞中国240小时过境免签政策
新华社雅加达6月13日电 题:“我们的中国行更容易了”——印尼民众点赞中国240小时过境免签政策 新华社记者李富玉 陶方伟
“这项政策真是非常方便!”从事贸易的印尼华人关婷婷得知中国对印度尼西亚实施240小时过境免签政策后表示,未来在经中国转机前往其他国家时,可以顺便带家人在西安、成都、重庆等城市短途旅行,“既方便又实用”。
中国国家移民管理局12日发布公告,自2025年6月12日起,印尼公民可适用240小时过境免签政策便捷来华。政策实施后,印尼成为第55个享受该项便利的国家,受到旅游业界与民众广泛关注。
印尼德维达亚旅行社旅行顾问埃尔莎·费布里亚尼介绍说,目前旅行社月均组织10个赴华团队,过境免签将进一步激发游客兴趣。“很多游客之前因为无法入境,只能在机场等待。现在可以凭过境免签政策入境,我们可以设计‘中转+城市游’的新路线,比如到上海玩5天,再前往下一站。中国行正变得越来越容易。”
印尼戈鲁米旅游公司工作人员苏达尔曼托说:“我自己就很想借助这个政策去重庆看看。重庆有火锅和山城风光,对喜欢辣味的印尼游客来说肯定很有吸引力。”
“假期期间,去中国的游客会明显增多。”安塔瓦亚旅游公司工作人员薇拉·维查亚介绍说,上月假期这家公司组织了55人参团赴华。“有了这个新政策,我们正在研究推出更多中转中国的多国游线路,提高游客体验。”
家住雅加达的印尼华人方瑞兴表示,自己因公务常年往返上海、深圳和杭州等地。“如果过境免签停留时间能延长,那就更方便了。这样我们这些华人能经常带孩子回中国看看,了解中国文化。”
印尼是东南亚人口最多的国家,中国和印尼的经贸和人文往来日益密切。随着政策落地,印尼赴华旅客将享受更灵活便捷的入境体验。
印尼-中国伙伴关系研究中心主任维罗妮卡·萨拉斯瓦蒂表示,中国对印尼实施240小时过境免签政策,是深化双边关系、促进互联互通的积极信号。该政策不仅有助于推动人文、旅游和商务交流,也为构建更紧密的中印尼全面战略伙伴关系奠定基础。(完)
图说:这是6月13日在印度尼西亚雅加达拍摄的一家旅行社推出的中国旅游产品广告。新华社记者 岑云鹏 摄