North America
ရဝမ်ဒါ ငရုတ်သီးလေးတစ်တောင့်၏ သမုဒ္ဒရာဖြတ်ကျော်ခရီး

ပေကျင်း၊ ဇွန် ၁၄ ရက် (ဆင်ဟွာ)
စတုတ္ထအကြိမ်မြောက် တရုတ်-အာဖရိက ကုန်သွယ်စီးပွားကဏ္ဍ ကုန်စည်ပြပွဲကို ဇွန် ၁၂ ရက်မှ ၁၅ ရက်အထိ တရုတ်နိုင်ငံ ဟူနန်ပြည်နယ် ချန်ရှားမြို့၌ ကျင်းပခဲ့သည်။ အဆိုပါပြပွဲတွင် ရဝမ်ဒါငရုတ်သီးဖြင့် ပြုလုပ်ထားသည့် ငရုတ်အနှစ်တစ်မျိုးသည် အများ၏ ကျယ်ကျယ်ပြန့်ပြန့် ဂရုပြုခြင်းခံရသည်။ အဆိုပါ ငရုတ်သီးအနှစ်သည် အစပ်အရသာပြင်း၍ ရနံ့အလွန်သင်းပျံ့သဖြင့် ပြပွဲတွင် လူကြိုက်များသော ကုန်ပစ္စည်းဖြစ်ခဲ့သည်။
ရဝမ်ဒါငရုတ်သီး၏ သမုဒ္ဒရာဖြတ်ကျော်ခရီးစဉ်သည် ၂၀၁၉ ခုနှစ်တွင် ကျင်းပသည့် ပထမအကြိမ် တရုတ်-အာဖရိက ကုန်သွယ်စီးပွားရေး ကုန်စည်ပြပွဲမှ စတင်ခဲ့ခြင်းဖြစ်သည်။ ဟူနန်ကုမ္ပဏီနှင့် ရဝမ်ဒါကုမ္ပဏီတို့သည် ငရုတ်သီးခြောက်ဝယ်ယူရန် စိတ်ဝင်စားမှုများရှိခဲ့ပြီးမကြာမီ ရဝမ်ဒါဘက်က တရုတ်နိုင်ငံထံသို့ ငရုတ်သီးခြောက်တင်သွင်းရန် လျှောက်ထားခဲ့သည်။
၂၀၂၁ ခုနှစ် ဩဂုတ်လတွင် ရဝမ်ဒါနိုင်ငံမှ တင်ပို့လာသည့် ပထမဆုံးအသုတ် ငရုတ်သီးခြောက်များသည် တရုတ်နိုင်ငံ ဟူနန်ပြည်နယ်သို့ ပို့ဆောင်ရောက်ရှိလာပြီး ရဝမ်ဒါနိုင်ငံသည် ပထမဆုံး တရုတ်နိုင်ငံသို့ ငရုတ်သီးခြောက်တင်ပို့သည့် အာဖရိကတိုက်နိုင်ငံဖြစ်လာခဲ့သည်။
၂၀၂၄ ခုနှစ်တွင် ဟူနန်ပြည်နယ် စားသုံးဆီနှင့် စားသုံးကုန် ပို့ကုန်သွင်းကုန်အုပ်စုအောက်ရှိ ဟူနန်ခေတ်မီ စိုက်ပျိုးရေး နိုင်ငံတကာဖွံ့ဖြိုးတိုးတက်မှု ကုမ္ပဏီလီမိတက်နှင့် Gashora စိုက်ခင်းကုမ္ပဏီတို့ ပူးပေါင်းကာ ရဝမ်ဒါ-ဟူနန် ငရုတ်သီးလုပ်ငန်း သရုပ်ပြစီမံကိန်း စတင်ခဲ့သည်။ “အမှာစာစိုက်ပျိုးရေး” ပုံစံဖြင့် ပမာဏပိုမိုကြီးမားသော၊ စဉ်ဆက်မပြတ်ဖြစ်သော ပူးပေါင်းဆောင်ရွက်မှု လမ်းကြောင်းကို အတူတကွ စူးစမ်းရှာဖွေခြင်းဖြင့် နေရာရွေးချယ်မှု၊ ပျိုးပင်ပျိုးထောင်မှု၊ စိုက်ပျိုးမှုမှသည် ရိတ်သိမ်းမှု၊ ကုန်ချောထုတ်လုပ်မှု၊ တင်ပို့မှုအထိ အဆိုပါစီမံကိန်းသည် ငရုတ်သီးလုပ်ငန်းကွင်းဆက်တစ်ခုလုံး၏ အဆင့်အားလုံးကို လွှမ်းခြုံထားပေသည်။
ရဝမ်ဒါနိုင်ငံ၏ မျိုးစေ့လေးတစ်စေ့မှသည် တရုတ်နိုင်ငံ ထမင်းစားပွဲပေါ်ရှိ ဟင်းခတ်အမွှေးအကြိုင်တစ်ခုအထိ အာဖရိကတိုက် စိုက်ပျိုးရေးလုပ်ငန်းနှင့် တရုတ်နိုင်ငံဈေးကွက်တို့သည် နက်ရှိုင်းစွာချိတ်ဆက်မှုကို ဖော်ဆောင်နိုင်ခဲ့ပေသည်။ ရဝမ်ဒါ-ဟူနန် ငရုတ်သီးလုပ်ငန်း သရုပ်ပြစီမံကိန်း ပထမအဆင့်သည် “ဦးဆောင်မှု အခန်းကဏ္ဍ” မှ တစ်ဆင့်ချင်းပါဝင်ကာ အနီးတစ်ဝိုက်နိုင်ငံများ ငရုတ်သီးစိုက်ပျိုးရေးကို ဖြန့်ကြက်ဦးဆောင်လျက်ရှိပြီး ဒေသတွင်းစိုက်ပျိုးရေးလုပ်ငန်း အဆင့်မြှင့်တင်မှုကို တွန်းအားပေးလျက် ရှိပေသည်။ (Xinhua)

တရုတ်နိုင်ငံ ဟူနန်ပြည်နယ် စားသုံးဆီနှင့် စားသုံးကုန် ပို့ကုန်သွင်းကုန်အုပ်စုတွင် ရဝမ်ဒါ ငရုတ်သီး ထုတ်ကုန်အား ဇွန် ၅ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ရဝမ်ဒါနိုင်ငံ အရှေ့ပိုင်းပြည်နယ် Nyagatare ဒေသတွင် အလုပ်သမားများက ငရုတ်သီး ရွေးချယ်နေသည်ကို မေ ၂၂ ရက်က တွေ့ရစဉ် (ဆင်ဟွာ)
—————————-
(Chinese Version)
镜头连中外|一颗卢旺达辣椒的跨洋之旅
新华社照片,北京,2025年6月13日
6月12日至15日,第四届中国—非洲经贸博览会在湖南长沙举办。博览会上,一种由卢旺达辣椒制成的辣椒酱受到广泛关注,它辣度高,味道浓烈,成为博览会上广受欢迎的产品。
卢旺达辣椒的跨洋之旅始于2019年举行的首届中非经贸博览会,湖南企业与卢旺达企业达成采购干辣椒的意向,卢方随即向中国提出了干辣椒出口申请。2021年8月,首批来自卢旺达的干辣椒运抵湖南,卢旺达成为首个向中国出口干辣椒的非洲国家。2024年,由湖南省粮油食品进出口集团旗下的湖南现代农业国际发展有限公司与加绍拉农场公司合作,启动卢旺达—湖南辣椒产业示范项目,以“订单农业”的形式,共同探索更大规模、可持续的合作路径,从选址、育苗、种植到采收、加工、出口,该合作项目覆盖了辣椒产业链的所有环节。
从卢旺达的一粒种子,到中国餐桌的一抹辛香,非洲农业与中国市场实现了深度握手,卢旺达—湖南辣椒产业示范项目一期正逐步发挥“头雁效应”,辐射带动周边国家辣椒种植,推动区域农业升级。
1、6月12日,在湖南长沙国际会展中心,参展商在第四届中国—非洲经贸博览会上推介卢旺达辣椒。新华社记者 金马梦妮 摄
2、这是6月5日在湖南省粮油食品进出口集团拍摄的卢旺达辣椒酱产品。新华社记者 陈泽国 摄
3、5月22日,工人在卢旺达东方省恩亚加塔雷地区筛选辣椒。新华社记者 吉莉 摄