Connect with us

China

ဝမ်ရိနှင့် အစ္စရေး နိုင်ငံခြားရေးဝန်ကြီး Gideon Saar ဖုန်းဖြင့် ဆက်သွယ်ဆွေးနွေး

အီရန်နိုင်ငံ မြို့တော် တီဟီရန်တွင် အစ္စရေးတိုက်ခိုက်မှုအတွင်း ပျက်စီးခဲ့သော အဆောက်အဦအား ၂၀၂၅ ခုနှစ် ဇွန် ၁၃ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ ဇွန် ၁၅ ရက် (ဆင်ဟွာ)

တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရိုအဖွဲ့ဝင်၊ နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိသည် အစ္စရေးနိုင်ငံခြားရေးဝန်ကြီး Gideon Saar နှင့် ဇွန် ၁၄ ရက်က ဖုန်းဖြင့် ဆက်သွယ်ဆွေးနွေးခဲ့သည်။

လက်ရှိအခြေအနေပေါ် အစ္စရေး၏ အမြင်နှင့် အစ္စရေး၏ ရပ်တည်ချက်အား Gideon Saar မိတ်ဆက်ပြောကြားချက်မှုကို ကြားနာပြီးနောက် ဝမ်ရိက တရုတ်နိုင်ငံအနေဖြင့် မည်သည့် နိုင်ငံတကာအငြင်းပွားမှုကိုမဆို တွေ့ဆုံဆွေးနွေးညှိနှိုင်းခြင်းဖြင့် ဖြေရှင်းသင့်သည်ဟု အစဉ်အမြဲယူဆကာ လက်နက်အင်အားသုံးခြင်းနှင့် ပိတ်ဆို့အရေးယူခြင်းနည်းလမ်းများကို ဆန့်ကျင်ကြောင်း ပြောကြားခဲ့သည်။ ထို့အတွက် အစ္စရေးက နိုင်ငံတကာဥပဒေကို ချိုးဖောက်ပြီး အီရန်အား လက်နက်ဖြင့် တိုက်ခိုက်မှုအပေါ် အတိအလင်း ဆန့်ကျင်ကြောင်း၊ အထူးသဖြင့် နိုင်ငံတကာအသိုက်အဝန်းက နိုင်ငံရေးနည်းလမ်းဖြင့် အီရန်နျူကလီးယားအရေးဖြေရှင်းရန် ရှာဖွေကြိုးပမ်းနေသည့်အခြေအနေတွင် ဤလုပ်ရပ်သည် ပို၍ လက်သင့်ခံဖွယ်ရာမရှိကြောင်း၊ အစ္စရေးနှင့် အီရန် နှစ်နိုင်ငံလုံးသည် အရှေ့အလယ်ပိုင်းဒေသ၏ အရေးကြီးနိုင်ငံများဖြစ်ကြရာ အစ္စရေး-အီရန် ဆက်ဆံရေးသည် အရှေ့အလယ်ပိုင်း စစ်ပွဲနှင့် အခင်းအကျင်း တစ်ရပ်လုံးအပေါ် သက်ရောက်မှုရှိကြောင်း၊ လက်ရှိ အရေးကြီးဆုံးကိစ္စမှာ ချက်ချင်း အစီအမံများ ဆောင်ရွက်၍ ပဋိပက္ခအရှိန်မြင့်တက်လာမှုကို ရှောင်ရှားရန်၊ ဒေသကို ပို၍ကြီးမားသော ကစဉ့်ကလျားဖြစ်မှုသို့ မသက်ဆင်းရအောင် တားဆီးကာကွယ်ရန်၊ သံတမန်ရေးနည်းလမ်းဖြင့် ပြဿနာဖြေရှင်းသည့် လမ်းကြောင်းသို့ ပြန်လည်ရောက်ရှိရန် ဖြစ်ကြောင်း၊ ယင်းမှာလည်း နိုင်ငံတကာအသိုက်အဝန်း၏ ကျယ်ကျယ်ပြန့်ပြန့် ရရှိထားသော သဘောတူညီချက်ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

ဝမ်ရိက အီရန်နိုင်ငံခြားရေးဝန်ကြီး Abbas Araghchi နှင့် ဖုန်းဖြင့် ဆက်သွယ်သည့်အခြေအနေကို မိတ်ဆက်ပြောကြားရာတွင် အရှေ့အလယ်ပိုင်းသည် ပဋိပက္ခ၏အရိပ်မည်းအောက်တွင် ထာဝရနေ၍ မရကြောင်း၊ အစ္စရေးအနေဖြင့်လည်း စစ်မက်နှင့် မငြိမ်မသက်မှုများကြားတွင် အဆက်မပြတ်နေထိုင်ရန် မသင့်ကြောင်း အလေးထားပြောကြားခဲ့သည်။
အီရန်နျူကလီးယားအရေး၏ သံတမန်ရေးနည်းလမ်းများမှာ အဆုံးမသတ်သေးဘဲ ငြိမ်းချမ်းစွာ ဖြေရှင်းရေးမှာ မျှော်လင့်ချက်ရှိဆဲပင်ဖြစ်ကြောင်း၊ လက်နက်အင်အားသည် ရေရှည်ငြိမ်းချမ်းရေးကို ဆောင်ကြဉ်းပေးနိုင်မည် မဟုတ်ကြောင်း၊ ဘုံလုံခြုံရေးအယူအဆကို လက်ကိုင်ထားခြင်းသည်သာလျှင် ဘက်ပေါင်းစုံ၏ ကျိုးကြောင်းဆီလျော်မှုရှိသော စိုးရိမ်မှုများကို အပြည့်အဝဖြေရှင်းပေးနိုင်မည် ဖြစ်ကြောင်း၊ တရုတ်နိုင်ငံသည် ကိစ္စရပ်၏ ပင်ကို အမှားအမှန်ဖြစ်ပျက်ပုံကို အစဉ်အမြဲကြည့်ရှု၍ ဒေသတွင်းအရေးကြီးကိစ္စရပ်များကို ရှုမြင်၊ စီမံခြင်းဖြစ်ရာ အစ္စရေး-အီရန် နှစ်ဖက်အနေဖြင့် တွေ့ဆုံဆွေးနွေးမှုမှတစ်ဆင့် ကွဲလွဲမှုများကို ဖြေရှင်းရန်၊ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေးလမ်းကို ရှာဖွေရန် တိုက်တွန်းကြောင်း၊ ထို့အတွက် တရုတ်နိုင်ငံအနေဖြင့် အပြုသဘောဆောင်သော အခန်းကဏ္ဍမှ ပါဝင်သွားလိုကြောင်း ၎င်းက ပြောကြားခဲ့သည်။
ဝမ်ရိက အစ္စရေးအနေဖြင့် တရုတ်ဌာနအဖွဲ့အစည်းများနှင့် လူပုဂ္ဂိုလ်လုံခြုံရေးကို လက်တွေ့ကျကျ ကာကွယ် ထိန်းသိမ်းစေလိုကြောင်း ပြောကြားခဲ့ရာတွင် Gideon Saar က အစ္စရေးအနေဖြင့် တရုတ်ဌာနအဖွဲ့အစည်းနှင့် လူပုဂ္ဂိုလ်များ၏ လုံခြုံရေးကို အစဉ်အမြဲ အလေးထားသလို ဆက်လက် ကာကွယ်ထိန်းသိမ်းသွားမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။ (Xinhua)
——————–
(Chinese Version)
王毅同以色列外长萨尔通电话
新华社北京6月14日电 2025年6月14日,中共中央政治局委员、外交部长王毅同以色列外长萨尔通电话。
在听取萨尔介绍以方对当前局势的看法和以色列的立场后,王毅表示,中方一贯主张任何国际争端都应通过对话协商予以解决,反对使用武力和制裁手段。鉴此,中方明确反对以色列违反国际法以武力袭击伊朗,尤其是在国际社会仍在寻求政治解决伊朗核问题的情况下,这一行径更是不可接受的。以色列、伊朗都是中东重要国家,以伊关系牵动中东战和全局。当务之急是立即采取措施避免冲突升级,防止地区陷入更大动荡,回归外交手段解决问题的轨道,这也是国际社会的普遍共识。
王毅介绍了同伊朗外长阿拉格齐通话的情况,强调中东不能永远处于冲突的阴影下,以色列也不应持续生活在战争的不安中。伊朗核问题的外交手段并未穷尽,和平解决仍有希望。武力无法带来持久和平,秉持共同安全理念才能彻底解决各方合理关切。中方一贯从事情本身的是非曲直出发对待和处理地区热点问题,敦促以伊双方通过对话解决分歧,寻求和平共处之道。中方愿为此发挥建设性作用。王毅希望以方切实维护好中国机构和人员的安全,萨尔表示以方一贯重视并将继续维护中国机构和人员安全。(完)
1. 这是6月13日在伊朗首都德黑兰拍摄的在以军袭击中受损的建筑。新华社发