China
တရုတ်နိုင်ငံနှင့် ဗဟိုအာရှ ငါးနိုင်ငံ ကုန်သွယ်စီးပွားကဏ္ဍ သွားလာမှုများ စဉ်ဆက်မပြတ် နက်ရှိုင်းလာ

ပေကျင်း၊ ဇွန် ၁၅ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံက ဗဟိုအာရှ ငါးနိုင်ငံနှင့် သွင်းကုန်ပို့ကုန်ပမာဏမှာ ၂၀၁၃ ခုနှစ်က ယွမ် ၃၁၂.၀၄ ဘီလီယံမှ ၂၀၂၄ ခုနှစ် ယွမ် ၆၇၄.၁၅ ဘီလီယံအထိ တိုးပွားလာပြီး ၁၁၆ ရာခိုင်နှုန်းတိုးတက်ခဲ့ရာ နှစ်စဉ် ပျမ်းမျှ တိုးတက်မှုနှုန်း ၇.၃ ရာခိုင်နှုန်းရှိကြောင်း၊ ယင်းမှာ အလားတူကာလအတွင်း တရုတ်နိုင်ငံ၏ အလုံးစုံ သွင်းကုန်ပို့ကုန် နှစ်စဉ်ပျမ်းမျှ တိုးတက်မှုနှုန်းထက် ရာခိုင်နှုန်းပွိုင့် ၂.၃ ကျော်လွန်ခဲ့ခြင်းဖြစ်ရာ နှစ်ဖက် ကုန်သွယ်စီးပွားကဏ္ဍ သွားလာမှုများ စဉ်ဆက်မပြတ် နက်ရှိုင်းလာကြောင်း တရုတ်နိုင်ငံ အကောက်ခွန် အထွေထွေအုပ်ချုပ်မှု အာဏာပိုင်အဖွဲ့ (GACC) ၏ ဇွန် ၁၅ ရက် ထုတ်ပြန်သည့် ကိန်းဂဏန်းများတွင် ဖော်ပြထားသည်။
ယခုနှစ်မှစ၍ တရုတ်နိုင်ငံနှင့် ဗဟိုအာရှ ငါးနိုင်ငံ၏ ကုန်သွယ်ရေးပမာဏမှာ ဆက်လက် ကြီးမားကျယ်ပြန့်လာခဲ့သည်။ ပထမ ၅ လကြာကာလတွင် တရုတ်နိုင်ငံက ဗဟိုအာရှငါးနိုင်ငံနှင့် သွင်းကုန်ပို့ကုန် ပမာဏမှာ ယွမ် ၂၈၆.၄၂ ဘီလီယံရှိပြီး ယမန်နှစ်ကာလတူထက် ၁၀.၄ ရာခိုင်နှုန်း တိုးတက်လာရာ ယင်းပမာဏမှာ သမိုင်းတလျှောက်ကာလတူတွင် စံချိန်သစ်တင်ခဲ့သည်။ ၎င်းအနက် ပို့ကုန်မှာ ယွမ် ၁၈၈.၁၈ ဘီလီယံဖြင့် ၅.၆ ရာခိုင်နှုန်း တိုးတက်ခဲ့သလို သွင်းကုန်မှာ ယွမ် ၉၈.၂၄ ဘီလီယံဖြင့် ၂၁ ရာခိုင်နှုန်း တိုးတက်ခဲ့သည်။
တရုတ်နိုင်ငံသည် ဗဟိုအာရှနှင့် လယ်ယာစိုက်ပျိုးရေးကဏ္ဍ ပူးပေါင်းဆောင်ရွက်မှု အလားအလာများကို တက်ကြွစွာ ဖော်ထုတ်လျက်ရှိရာ ဗဟိုအာရှ အစိမ်းရောင် အရည်အသွေးကောင်း လယ်ယာထွက်ကုန်ပစ္စည်းများသည် တရုတ်ဈေးကွက်သို့ ပို၍များပြားစွာ ဝင်ရောက်ခဲ့သည်။ ယခုနှစ် ပထမ ၅ လအတွင်း တရုတ်နိုင်ငံက ဗဟိုအာရှငါးနိုင်ငံမှ လယ်ယာထွက်ကုန်ပစ္စည်း ယွမ် ၄.၃၆ ဘီလီယံ တင်သွင်းခဲ့ရာ ၂၆.၉ ရာခိုင်နှုန်း တိုးတက်လာခဲ့သည်။ ၎င်းတို့အနက် ကာဇက်စတန်နိုင်ငံမှ နှမ်းကြတ်စေ့ တင်သွင်းမှုမှာ ၂၀၂.၁ ရာခိုင်နှုန်းတိုးလာသလို ဥဇဘက်ကစ္စတန်မှ စပျစ်သီးခြောက်တင်သွင်းမှုကလည်း ၁၅၃.၇ ရာခိုင်နှုန်း၊ ကာဂျစ္စတန်နိုင်ငံမှ ပျားရည်တင်သွင်းမှု ၁၀.၉ ဆ တိုးတက်လာခဲ့သည်။
တစ်ချိန်တည်းတွင်ပင် အဆင့်မြင့် အပြန်အလှန်ချိတ်ဆက်မှု ကွန်ရက်တည်ဆောက်ခြင်း၏ အကျိုးကျေးဇူးများကြောင့် အနီးတစ်ဝိုက် ကုန်းလမ်းဆက်သွယ်ရေးလမ်းကြောင်းများ စဉ်ဆက်မပြတ် ကောင်းမွန်လာခဲ့ရာ တရုတ်နိုင်ငံနှင့် ဗဟိုအာရှ နိုင်ငံငါးနိုင်ငံ သွင်းကုန်ပို့ကုန်လုပ်ဆောင်မှုတွင် ကားလမ်းဖြင့် သယ်ယူပို့ဆောင်မှု၏ အချိုးအစားမှာ ၂၀၂၀ ပြည့်နှစ်တွင် ၁၉.၉ ရာခိုင်နှုန်းမှ ၂၀၂၄ ခုနှစ်တွင် ၅၁.၈ ရာခိုင်နှုန်းအထိ တိုးတက်လာခဲ့သည်။ ယခုနှစ် ပထမ ၅ လအတွင်း တရုတ်နိုင်ငံက ကားလမ်းသယ်ယူပို့ဆောင်ရေးနည်းလမ်းဖြင့် ဗဟိုအာရှ ငါးနိုင်ငံသို့ သွင်းကုန်ပို့ကုန်သည် ယွမ် ၁၄၃.၆၅ ဘီလီယံဖြင့် ၁၀.၉ ရာခိုင်နှုန်းတိုးတက်လာရာ အချိုးအစားမှာ ၅၀ ရာခိုင်နှုန်းနှင့်အထက်တွင် ဆက်လက်တည်ရှိခဲ့သည်။ (Xinhua)

ကာဂျစ္စတန်နိုင်ငံ မြို့တော် ဘစ်ရှ်ကက်ရှိ လွှတ်တော်အဆောက်အဦမြင်ကွင်းအား ၂၀၂၃ ခုနှစ် အောက်တိုဘာ ၂၄ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဥဇဘက်ကစ္စတန်နိုင်ငံ မြို့တော် တက်ရှ်ကန့် ၏ မြို့ပြရှုမြင်ကွင်းအား ၂၀၂၄ ခုနှစ် ဩဂုတ် ၂၇ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

တာဂျကစ္စတန်နိုင်ငံ မြို့တော် ဒူရှန်ဘီ အနောက်ဘက်ရှိ Hissar ရဲတိုက်မြင်ကွင်းအား ၂၀၁၉ ခုနှစ် ဇွန် ၁၂ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

တာ့ခ်မင်နစ္စတန်နိုင်ငံ မြို့တော် အရှာဂါဘတ်ရှိ လွတ်လပ်ရေးကျောက်တိုင်အား ၂၀၂၃ ခုနှစ် နိုဝင်ဘာ ၂၆ ရက်က တွေ့ရစဉ် (ဆင်ဟွာ)
———————–
(Chinese Version)
我国与中亚五国经贸往来持续深化
新华社北京6月15日电(记者邹多为、张晓洁)海关总署15日发布数据显示,我国对中亚五国进出口已由2013年的3120.4亿元扩大至2024年的6741.5亿元,增长116%,年均增速达7.3%,高出同期我国整体进出口年均增速2.3个百分点,双边经贸往来持续深化。
今年以来,我国与中亚五国贸易规模继续扩大。前5个月,我国对中亚五国进出口2864.2亿元,同比增长10.4%,规模创历史同期新高。其中,出口1881.8亿元,增长5.6%;进口982.4亿元,增长21%。
我国积极挖掘与中亚农业领域合作潜力,越来越多中亚绿色优质农产品进入中国市场。今年前5个月,我国自中亚五国进口农产品43.6亿元,增长26.9%。其中,自哈萨克斯坦进口亚麻子增长202.1%,自乌兹别克斯坦进口葡萄干增长153.7%,自吉尔吉斯斯坦进口蜂蜜增长10.9倍。
同时,得益于构建高水平互联互通网络,周边陆路通道持续优化,公路运输占我国对中亚五国进出口比重从2020年的19.9%提升至2024年的51.8%。今年前5个月,我国以公路运输方式对中亚五国进出口1436.5亿元,增长10.9%,占比继续保持在五成以上。(完)
1. 这是在哈萨克斯坦首都阿斯塔纳拍摄的城市天际线(2024年7月1日摄)。新华社记者 王建华 摄
2. 这是在吉尔吉斯斯坦首都比什凯克拍摄的议会大厦(2023年10月24日摄)。新华社记者 曹阳 摄
3. 这是在乌兹别克斯坦首都塔什干拍摄的城市风光(2024年8月27日摄)。新华社记者 曹阳 摄
4. 这是在塔吉克斯坦首都杜尚别以西拍摄的吉萨尔城堡(2019年6月12日摄)。新华社记者 沙达提 摄
5. 这是在土库曼斯坦首都阿什哈巴德拍摄的独立柱(2023年11月26日摄)。新华社记者 曹阳 摄