Media
တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်၏ ဒုတိယအကြိမ် တရုတ်-ဗဟိုအာရှ ထိပ်သီးအစည်းအဝေး တက်ရောက်မှု အောင်မြင်စွာ ပြီးဆုံး
အက်စ်တာနာ၊ ဇွန် ၁၉ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် ဒေသစံတော်ချိန် ဇွန် ၁၈ ရက် နံနက်ပိုင်းတွင် ဒုတိယအကြိမ်မြောက် တရုတ်-ဗဟိုအာရှ ထိပ်သီးအစည်းအဝေး တက်ရောက်မှု ပြီးဆုံး၍ တရုတ်နိုင်ငံ ပေကျင်းမြို့သို့ ပြန်လည်ထွက်ခွာခဲ့သည်။
အက်စ်တာနာမြို့မှ ထွက်ခွာစဉ်တွင် ကာဇက်စတန်နိုင်ငံ သမ္မတ တိုကာယက်ဗ်က သမ္မတရုံးအကြီးအကဲ Aibek Dadebay ၊ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီး Murat Nurtleu ၊ သမ္မတ၏ နိုင်ငံခြားရေးရာအကြံပေး Erzhan Kazykhan ၊ အက်စ်တာနာမြို့တော်ဝန် Zhenis Kassymbek တို့နှင့် အဆင့်မြင့်အရာရှိများအား ဦးဆောင်၍ လေဆိပ်သို့ သွားရောက်နှုတ်ဆက်ပို့ဆောင်ခဲ့သည်။
ရှီကျင့်ဖိန် စီးနင်းလိုက်ပါသည့် အထူးလေယာဥ် စတင်ပျံတက်ပြီးနောက် ကာဇက်စတန်လေတပ် တိုက်လေယာဉ်များက ကောင်းကင်ထက်သို့ ပျံတက်၍ လိုက်ပါစောင့်ရှောက်ခဲ့သည်။
လေဆိပ်သို့သွားရာလမ်းတွင် တရုတ်ကုမ္ပဏီလုပ်ငန်းများ၊ ပညာတော်သင်ကျောင်းသား၊ ကျောင်းသူ ကိုယ်စားလှယ်များက လမ်းတစ်ဖက်တစ်ချက်စီတွင် တရုတ်နှင့်ကာဇက်စတန် နှစ်နိုင်ငံအလံများ ဝှေ့ယမ်းကာ သမ္မတ ရှီကျင့်ဖိန် တရုတ်-ဗဟိုအာရှ ထိပ်သီးအစည်းအဝေး တက်ရောက်မှု အောင်မြင်စွာ ပြီးဆုံးခြင်းအား လှိုက်လှဲစွာဂုဏ်ပြုခဲ့ကြသည်။ (Xinhua)
——————————————
(Chinese Version)
习近平圆满结束出席第二届中国-中亚峰会
新华社阿斯塔纳6月18日电(记者韩墨 李奥)当地时间6月18日上午,国家主席习近平结束出席第二届中国-中亚峰会返回北京。
离开阿斯塔纳时,哈萨克斯坦总统托卡耶夫率总统办公厅主任达杰拜、副总理兼外长努尔特列乌、总统外事顾问卡济汉、阿斯塔纳市长卡瑟姆别克等高级官员到机场送行。
习近平乘坐的专机起飞后,哈萨克斯坦空军战机升空护航。
前往机场途中,中资企业和留学生代表在道路两旁挥舞中哈两国国旗,热烈祝贺习近平主席出席中国-中亚峰会圆满成功。(完)
图说:当地时间6月18日上午,国家主席习近平结束出席第二届中国-中亚峰会返回北京。离开阿斯塔纳时,哈萨克斯坦总统托卡耶夫率高级官员到机场送行。 新华社记者 谢环驰 摄