Connect with us

Africa & Middle East

ဝမ်ရိနှင့် အိုမန်နိုင်ငံခြားရေးဝန်ကြီး Badr bin Hamad Al Busaidi ဖုန်းဖြင့် ဆက်သွယ်ဆွေးနွေး

ပေကျင်း၊ ဇွန် ၁၉ ရက် (ဆင်ဟွာ)

တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရိုအဖွဲ့ဝင်၊ နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိသည် ဖိတ်ကြားချက်အရ အိုမန်နိုင်ငံခြားရေးဝန်ကြီး Badr bin Hamad Al Busaidi နှင့် ၂၀၂၅ ခုနှစ် ဇွန် ၁၈ ရက်က ဖုန်းဖြင့် ဆက်သွယ်ဆွေးနွေးခဲ့သည်။

ထိုသို့ဆက်သွယ်ဆွေးနွေးရာတွင် Badr bin Hamad Al Busaidi က အီရန်ကို အစ္စရေးတိုက်ခိုက်ခြင်းမှာ ကုလသမဂ္ဂပဋိညာဉ်စာတမ်းနှင့် နိုင်ငံတကာဥပဒေကို ပြောင်ပြောင်တင်းတင်းချိုးဖောက်ကာ အီရန်၏ အချုပ်အခြာအာဏာနှင့် နယ်မြေပိုင်နက်ကို ထိပါးကျူးကျော်ခြင်း ဖြစ်ကြောင်း ပြောကြားခဲ့သည်။

အိုမန်ဘက်က လက်ရှိအခြေအနေကို နက်နက်ရှိုင်းရှိုင်းစိုးရိမ်ကြောင်း၊ အထူးသဖြင့် နျူကလီးယားအဆောက်အဦများကို ပစ်မှတ်ထား တိုက်ခိုက်ခြင်းကြောင့် နျူကလီးယားယိုစိမ့်မှုဖြစ်လာနိုင်ပြီး ဒေသတွင်းအား ကပ်ဘေးအသွင်သက်ရောက်မှု ဖြစ်လာမည်ကို စိုးရိမ်ကြောင်း၊ တရုတ်နိုင်ငံသည် နိုင်ငံတကာအသိုင်းအဝိုင်းတွင် အစဉ်အမြဲ သမာသမတ်ကျကာ ငြိမ်းချမ်းရေးကို ထိန်းသိမ်းခဲ့ကြောင်း၊ ထို့အပေါ် အိုမန်နိုင်ငံက အထူးတန်ဖိုးထားချီးကျူးကြောင်း အရှေ့အလယ်ပိုင်းဒေသ ငြိမ်းချမ်းတည်ငြိမ်မှု ပြန်လည်ရရှိရေးတွင် တရုတ်နိုင်ငံဘက်က ပို၍သက်ရောက်မှုကြီးမားသော အခန်းကဏ္ဍမှ ပါဝင်မည်ဟု မျှော်လင့်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

ဝမ်ရိက လက်ရှိအခြေအနေ၏ အမှားအမှန် ဖြစ်ရပ်သည် ထင်သာမြင်သာရှိကြောင်း ပြောကြားခဲ့သည်။ အစ္စရေး၏လုပ်ရပ်သည် နိုင်ငံတကာဥပဒေနှင့် နိုင်ငံတကာဆက်ဆံရေး အခြေခံမူကို ချိုးဖောက်ပြီး အီရန်၏ အချုပ်အခြာအာဏာနှင့် လုံခြုံရေးကို ထိပါးခြင်းဖြစ်ရာ ဒေသတွင်း တည်ငြိမ်အေးချမ်းရေးကို ဖျက်ဆီးခဲ့ကြောင်း၊ ပဋိပက္ခများသည် ရခဲလှသည့် အီရန်နျူကလီးယားအရေး ကြားခံစေ့စပ်ဆွေးနွေးမှု ဖြစ်စဉ်ကို ပြတ်တောက်စေခဲ့သလို ထို့အတွက် အိုမန်နိုင်ငံ လုပ်ဆောင်ပေးခဲ့သော ရင်ကြားစေ့ရေး ကြိုးပမ်းမှုများ အလဟဿ ဖြစ်စေခဲ့ကြောင်း၊ တရုတ်နိုင်ငံအနေဖြင့် အငြင်းပွားမှုအားလုံးကို ငြိမ်းချမ်းစွာ ဖြေရှင်ရေးအား အစဉ်အမြဲလက်ကိုင်ထားရာ လက်နက် အင်အားသုံးမှု သို့မဟုတ် သုံးရန်ခြိမ်းခြောက်မှုကို ဆန့်ကျင်ကြောင်း၊ အစ္စရေးလက်နက်ကိုင်တိုက်ခိုက်မှုအပေါ် ရပ်တည်ချက်အား မိမိတို့အနေဖြင့် ဦးဆုံး ဖော်ပြခဲ့ကြောင်း ၎င်းက ပြောကြားခဲ့သည်။

လက်ရှိ အရေးကြီးဆုံးမှာ အပစ်အခတ်ရပ်စဲရေးနှင့် တိုက်ပွဲရပ်တန့်ရေး ဖြစ်ကြောင်း၊ အပစ်ရပ်ရေးကို ဆောလျင်စွာ အကောင်အထည်ဖော်နိုင်လေ ထိခိုက်နစ်နာမှုများမှာ နည်းပါးလေဖြစ်ကြောင်း၊ ဒေသတွင်းအခြေအနေများ မခန့်မှန်းနိုင်သည့်ချောက်ထဲသို့ ကျဆင်းနေမှုကို ထိုင်ကြည့်နေ၍မရကြောင်း ဝမ်ရိက အလေးထားပြောကြားခဲ့သည်။

အိုမန်နိုင်ငံအပါအဝင် အာရပ်နှင့် အစ္စလာမ်မစ်နိုင်ငံပေါင်း ၂၁ နိုင်ငံတို့ ပူးတွဲကြေညာချက်ထုတ်ပြန်ကာ အခြားနိုင်ငံ၏ အချုပ်အခြာအာဏာနှင့် နယ်မြေပိုင်နက်ပြည့်စုံမှုကို လေးစားရန် တိုက်တွန်းမှု၊ ငြိမ်းချမ်းရေးနည်းလမ်းဖြင့် အငြင်းပွားမှုများကို ဖြေရှင်းသည့် မျှတသော ရပ်တည်ချက်ကို တရုတ်နိုင်ငံက ထောက်ခံကြောင်း၊ လက်ရှိအရေးကြီးဆုံးမှာ နိုင်ငံတကာအသိုင်းအဝိုင်း အထူးသဖြင့် ဒေသတွင်းနိုင်ငံများက စုပေါင်းအင်အားကို တစ်ဆင့်တိုး စုစည်းကာ တရားမျှတမှုကို လက်ကိုင်ထား၍ စစ်ပွဲဆန့်ကျင်သည့်၊ ငြိမ်းချမ်းမှု အဆိုပြုသည့်၊ နိုင်ငံရေးဖြင့် ဖြေရှင်းရန် တွန်းအားပေးသည့် နိုင်ငံတကာအသံဖြစ်အောင် ဆောင်ရွက်ရမည် ဖြစ်ကြောင်း၊ အာရပ်နှင့် အစ္စလာမ်မစ်နိုင်ငံများ သွေးစည်းညီညွတ်ကာ ငြိမ်းချမ်းရေးဆွေးနွေးမှုအတွက် ဆက်လက်ကြိုးပမ်းသွားမည်ဟု မျှော်လင့်ကြောင်း၊ တရုတ်နိုင်ငံအနေဖြင့်လည်း အိုမန် စသည့် ဒေသတွင်းနိုင်ငံများနှင့် ညှိနှိုင်းဆွေးနွေးမှု၊ ပူးပေါင်းဆောင်ရွက်မှုများကို တစ်ဆင့်တိုး မြှင့်တင်သွားမည်ဖြစ်ပြီး ကုလသမဂ္ဂ စသည့် ပလက်ဖောင်းများတွင် စစ်ပွဲငြှိမ်းသတ်နိုင်ရန်၊ အရှေ့အလယ်ပိုင်း ပြန်လည်ငြိမ်းချမ်းရန် တွန်းအားပေးသည့် အပြုသဘောဆောင်သော အခန်းကဏ္ဍမှ ပါဝင်သွားမည် ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။ (Xinhua)
————————
(Chinese Version)
王毅同阿曼外交大臣巴德尔通电话
新华社北京6月18日电 2025年6月18日,中共中央政治局委员、外交部长王毅应约同阿曼外交大臣巴德尔通电话。
巴德尔表示,以色列袭击伊朗公然违反联合国宪章和国际法,侵犯伊朗主权和领土。阿方对当前局势深感担忧,特别是针对核设施的打击可能导致核泄漏,将对地区造成灾难性影响。中国始终在国际社会主持正义、维护和平,阿方对此高度赞赏,期待中方为恢复中东地区和平稳定发挥更大影响力。
王毅表示,目前局势的是非曲直一目了然。以色列的行为违反国际法和国际关系准则,侵害伊朗主权和安全,破坏了地区和平稳定。冲突还打断了来之不易的伊朗核问题间接谈判进程,使阿曼为此做出的斡旋努力付之东流。中方一贯主张和平解决所有争端,反对使用或威胁使用武力,我们已第一时间表明了反对以色列动武的立场。
王毅强调,当务之急是停火止战,越早实现停火,造成的损失才会越小,不能坐视地区局势滑向未知的深渊。中方支持包括阿曼在内的21个阿拉伯和伊斯兰国家发表联合声明,呼吁尊重他国主权和领土完整、通过和平方式解决争端的平衡立场。在当前紧要关头,国际社会特别是地区国家应进一步凝聚合力、主持公道,形成反对战争、倡导和平、推进政治解决的国际声势。希望阿拉伯和伊斯兰国家团结一致,继续为劝和促谈作出努力。中方也将进一步同阿曼等地区国家保持沟通和协调,在联合国等平台为推动平息战事、恢复中东和平发挥建设性作用。(完)