Asia
အာဆီယံနိုင်ငံအသီးသီး သွေးစည်းညီညွတ်မှုဖြင့် စိန်ခေါ်မှုများကို ရင်ဆိုင်ရန် မလေးရှား ဝန်ကြီးချုပ် တိုက်တွန်း

ကွာလာလမ်ပူ၊ ဇွန် ၂၀ ရက် (ဆင်ဟွာ)
မလေးရှား ဝန်ကြီးချုပ် အန်ဝါ အီဘရာဟင်သည် ဇွန် ၁၉ ရက်တွင် မြို့တော် ကွာလာလမ်ပူ၌ ကျင်းပသည့် ၃၈ ကြိမ်မြောက် အာရှ-ပစိဖိတ် စကားဝိုင်းဆွေးနွေးပွဲ တက်ရောက်စဉ် အမှာစကားပြောကြားရာ၌ လက်ရှိ နိုင်ငံတကာစည်းစနစ်သည် နက်ရှိုင်းသည့် မရေရာမှုနှင့် စနစ်တကျ အန္တရာယ်အကျပ်အတည်းများကို ဆင်းသက်လျက်ရှိရာ အာဆီယံနိုင်ငံအသီးသီးအနေဖြင့် အပြင်းအထန်ပြောင်းလဲနေသည့် နိုင်ငံတကာ ပတ်ဝန်းကျင်တွင် လုပ်ဆောင်ရမည့်အရာများကို တက်ကြွစွာ ကိုယ်တိုင်ပါဝင်ဆောင်ရွက်သင့်သလို သွေးစည်းညီညွတ်မှုဖြင့် စိန်ခေါ်မှုများကို ရင်ဆိုင်ကာ ဒေသတွင်းအနာဂတ်ကို အတူတကွ ဖန်တီးသင့်ကြောင်းပြောကြားခဲ့သည်။
အာဆီယံ၏ အခြေခံမူနှင့် စနစ်မူဘောင်သည် အန္တရာယ်အကျပ်အတည်း အကြိမ်ကြိမ်ကို ဖြတ်သန်းကာ ၎င်း၏ တည်ငြိမ်မှုနှင့် စုစည်းမှုအင်အားကို ပြသခဲ့ကြောင်း၊ အထူးသဖြင့် ဒေသတွင်း ဘက်စုံစီးပွားရေး ပူးပေါင်းဆောင်ရွက်မှု သဘောတူစာချုပ် (RCEP) သည် ဒေသတွင်း တစ်သားတည်းပေါင်းစည်းရေးအသွင်ကို စွမ်းအားသစ် ဖြည့်တင်းပေးလျက်ရှိကြောင်း အီဘရာဟင်က ပြောကြားခဲ့သည်။
ကိုယ်ကျိုးစီးပွားကာကွယ်ရေးဝါဒက ကမ္ဘာလုံးဆိုင်ရာ ထုတ်ကုန်လုပ်ငန်းကွင်းဆက်နှင့် ထောက်ပံ့ရေး ကွင်းဆက်ကို အကြီးအကျယ် ခြိမ်းခြောက်မှု ဖြစ်စေကြောင်း၊ ကုန်သွယ်ရေးသည် စီးပွားရေးဆွေးနွေးမှု ခေါင်းစဉ် ဖြစ်ရုံသာမက ဒေသတွင်း တည်ငြိမ်ရေးကို ထိန်းသိမ်းသည့် အရေးကြီးအခြေခံအုတ်မြစ် ပို၍ပင် ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။
“ကုန်သွယ်ရေး အကျပ်အတည်းဖြစ်ရင် အက်ကြောင်းများက လိုက်ပြီးပေါ်ထွက်လာမှာ ဖြစ်တယ်” ဟု အီဘရာဟင်က ပြောကြားခဲ့သည်။
လက်ရှိ လုံခြုံရေးကဏ္ဍစိန်ခေါ်မှု အထပ်ထပ်ကို ရင်ဆိုင်ရာတွင် နိုင်ငံ၏ သံတမန်ရေး ပြောင်းလွယ်ပြင်လွယ်ရှိမှု၊ ကိုယ်ပိုင်ရပ်တည်မှုကို ကာကွယ်ထိန်းသိမ်းရန်အတွက် မလေးရှားအနေဖြင့် “တက်ကြွသည့် မဟာမိတ်မဖွဲ့ရေး” မဟာဗျူဟာကို ခိုင်မာစွာ လက်ကိုင်ထားသွားမည် ဖြစ်ကြောင်း အီဘရာဟင်က ထပ်မံအလေးထားပြောကြားခဲ့သည်။
အာဆီယံနှင့် BRICS နိုင်ငံများ ထိတွေ့ဆက်ဆံမှုသည် “ဒေသတွင်းနိုင်ငံများ၏ ကိုယ်ပိုင်ရပ်တည်မှုနှင့် ပူးပေါင်းဆောင်ရွက်မှု သန္နိဋ္ဌာန်ကို ပြသခြင်း” ဖြစ်ကြောင်း၊ မလေးရှားအနေဖြင့် ပို၍ တရားမျှတမှုနှင့် အားလုံးပါဝင်မှုရှိသော ကမ္ဘာလုံးဆိုင်ရာ စီမံခန့်ခွဲမှုစနစ် တည်ဆောက်မှု တွန်းအားပေးရေးကို ဆက်လက် ကြိုးပမ်းဖော်ဆောင်သွားမည် ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။ (Xinhua)
———————-
(Chinese Version)
马来西亚总理呼吁东盟各国以团结应对挑战
新华社吉隆坡6月20日电(记者王嘉伟 毛鹏飞)马来西亚总理安瓦尔19日在首都吉隆坡出席第38届亚太圆桌会议时致辞说,当前国际秩序陷入深度不确定与系统性危机,东盟各国应在剧烈变动的国际环境中积极主动作为,以团结应对挑战,共塑区域未来。
安瓦尔说,东盟的基本原则和制度架构在历次危机中展现其稳定性与凝聚力,特别是《区域全面经济伙伴关系协定》正为区域一体化注入新动能。
他说,保护主义对全球产业链供应链构成重大威胁。贸易不仅关乎经济议题,更是维系区域稳定的重要基石。“当贸易受挫,裂痕便会随之浮现。”
面对当前多重安全挑战,安瓦尔重申马来西亚将坚持“积极不结盟”战略,以维护国家外交的灵活性、自主性。他表示,东盟与金砖国家接触“体现区域国家的自主性与合作意志”。马来西亚将继续致力于推动建设更加公平和包容的全球治理体系。(完)
1. 这是5月26日在马来西亚首都吉隆坡拍摄的第46届东盟峰会开幕式现场。新华社记者 马平 摄