North America
ထရမ့်က “ရက်သတ္တပတ် ၂ ပတ်အတွင်း” အီရန်အပေါ် တိုက်ခိုက်မှု ပြု/ မပြု ဆုံးဖြတ်မည်ဟု အမေရိကန် အိမ်ဖြူတော် ဆို

နယူးယောက်၊ ဇွန် ၂၀ ရက် (ဆင်ဟွာ)
အမေရိကန် သမ္မတ ထရမ့်က “လာမည့် ရက်သတ္တပတ် ၂ ပတ်အတွင်း” အီရန်အပေါ် တိုက်ခိုက်မှုပြုရန် အမေရိကန်စစ်တပ်အား အမိန့်ပေး/ မပေးကို ဆုံးဖြတ်မည်ဟု အမေရိကန် အိမ်ဖြူတော် ပြန်ကြားရေးတာဝန်ခံ ကာရိုလိုင်း လဲဗစ်ထ်က ဇွန် ၁၉ ရက်က ပြောကြားခဲ့သည်။
လဲဗစ်ထ်က အဆိုပါနေ့ အိမ်ဖြူတော် သတင်းစာရှင်းလင်းပွဲတွင် ထရမ့်၏ ကြေညာချက်တစ်ရပ်ကို ဖတ်ကြားခဲ့သည်။ အမေရိကန်က “မကြာတော့မည့်အနာဂတ်တွင်” အီရန်နှင့် စေ့စပ်ညှိနှိုင်းမှုပြုမည့် သို့မဟုတ် စေ့စပ်ညှိနှိုင်းမှုကို ဖျက်သိမ်းမည့် ဖြစ်နိုင်ခြေအားလုံးမှာ မြင့်မားကြောင်း၊ “ကျွန်တော့်အနေနဲ့ လာမယ့် ရက်သတ္တပတ် ၂ ပတ်အတွင်း အီရန်အပေါ် တိုက်ခိုက်မှုပြုမယ်၊ မပြုဘူးကို ဆုံးဖြတ်မှာဖြစ်တယ်” ဟု အဆိုပါကြေညာချက်တွင် ထရမ့်က ပြောကြားခဲ့သည်။
ထရမ့်၏ ရပ်တည်ချက်မှာ အီရန်အား နျူကလီးယားလက်နက် ပိုင်ဆိုင်ခွင့်မပြုသလို ယူရေနီယံ သန့်စင်ရေး မလုပ်ဆောင်ခြင်းအပါအဝင် အမေရိကန်နှင့်အတူ သဘောတူညီမှုရရှိရမည်ဖြစ်ကြောင်း လဲဗစ်ထ်က ထပ်လောင်းပြောကြားခဲ့သည်။ အမေရိကန်နှင့် အီရန်ကြား အဆက်အသွယ် “ဆက်လက်” ရှိနေကြောင်း လဲဗစ်ထ်က ပြောကြားခဲ့သည်။
အစ္စရေး၏ ဇွန် ၁၃ ရက် အီရန်အပေါ် တိုက်ခိုက်ခဲ့စဉ်မှစ၍ သံတမန်နည်းလမ်းဖြင့် ဤအကျပ်အတည်းကို အဆုံးသတ်ရန် မျှော်လင့်သောအားဖြင့် အမေရိကန်နိုင်ငံ အရှေ့အလယ်ပိုင်းရေးရာ အထူးသံတမန် Steven Witkoff နှင့် အီရန်နိုင်ငံခြားရေးဝန်ကြီး အာဘတ်စ် အာရက်ဂ်ချီတို့ ဖုန်းဖြင့် အကြိမ်ကြိမ်ဆက်သွယ်ဆွေးနွေးခဲ့ကြောင်း ရိုက်တာသတင်းဌာနက အမည်မဖော်လိုသော အရှေ့အလယ်ပိုင်းနိုင်ငံ သံတမန်အရာရှိအများအပြား၏ ပြောကြားချက်ကို ကိုးကား၍ သတင်းဖော်ပြခဲ့သည်။ အကယ်၍ အမေရိကန်အစိုးရက ဤစစ်ပွဲ အဆုံးသတ်ရန် အစ္စရေးအားဖိအားပေးပါက အီရန်အနေဖြင့် “နျူကလီးယားအရေးမှာ ပြောင်းလွယ်ပြင်လွယ်ရှိမှုကို ပြသနိုင်” ကြောင်း အာရက်ဂ်ချီက ဖုန်းဖြင့်ပြောဆိုရာတွင် ပြောကြားခဲ့သည်။ အမေရိကန်သည် မေလနှောင်းပိုင်းက အီရန်ပြည်ပ၌ ယူရေနီယံ သန့်စင်မှု လုပ်ဆောင်ရန် ဒေသတွင်းမဟာမိတ်တစ်ခု ထူထောင်ရန် အီရန်ထံ အဆိုပြုခဲ့ဖူးကြောင်း၊ ယင်းနှင့် စပ်လျဉ်း၍ နှစ်ဖက်က လိုတိုရှင်းဆွေးနွေးခဲ့ပြီး ဤအဆိုပြုချက်ကို အီရန်က ငြင်းဆိုခဲ့ကြောင်းကိုလည်း သတင်းတွင် ဖော်ပြထားသည်။
စစ်တပ်က အီရန်အား တိုက်ခိုက်မည့် အစီအစဉ်ကို ထရမ့်က ဇွန် ၁၇ ရက် ညပိုင်းတွင် အတည်ပြုခဲ့သော်လည်း အီရန်က နျူကလီးယားစီမံကိန်း စွန့်လွှတ်/ မစွန့်လွှတ်ကို စောင့်ကြည့်ရန်အတွက် နောက်ဆုံး ဆုံဖြတ်ချရန် ရွှေ့ဆိုင်းခဲ့ကြောင်း၊ ဇွန် ၁၇ ရက်မှစ၍ ထရမ့်သည် ၎င်း၏ အမျိုးသားလုံခြုံရေးအဖွဲ့နှင့် အိမ်ဖြူတော် စစ်ပွဲအခြေအနေရေးရာ ဆွေးနွေးအခန်းတွင် နေ့တိုင်း တွေ့ဆုံဆွေးနွေးခဲ့ကြောင်း အမေရိကန်မီဒီယာများ၏ သတင်းဖော်ပြမှုအရ သိရသည်။ထို့အပြင် အီဂျစ်နိုင်ငံခြားရေးဝန်ကြီး အက်ဘ်ဒီလက်တီက ဥရောပသမဂ္ဂ နိုင်ငံခြားရေးနှင့် လုံခြုံရေးမူဝါဒ အဆင့်မြင့် ကိုယ်စားလှယ် ကာယာကေလစ်နှင့် ဇွန် ၁၉ ရက် ဖုန်းဖြင့် ဆက်သွယ်ဆွေးနွေးစဉ်တွင် အစ္စရေးနှင့် အီရန်အား စစ်ရေး ပဋိပက္ခများရပ်တန့်ရန် ထပ်မံတိုက်တွန်းခဲ့ကြောင်း၊ ဂါဇာကမ်းမြောင်ဒေသ အပစ်အခတ်ရပ်စဲရန် တိုက်တွန်းခဲ့ပြီး အီရန်နျူကလီးယားအစီအစဉ် ရေရည်တည်တံ့သော သဘောတူညီချက်ရရှိရန်၊ အရှေ့အလယ်ပိုင်းဒေသ ဘက်စုံပဋိပက္ခအတွင်းသို့ သက်ဆင်းသွားခြင်းကို ရှောင်ရှားရန် တစ်ခုတည်းသော လမ်းကြောင်းမှာ စေ့စပ်ညှိနှိုင်းမှုဖြစ်သည်ဟု အလေးထားပြောကြားခဲ့သည်။ (Xinhua)

အစ္စရေးနိုင်ငံ အလယ်ပိုင်း Ramat Gan မြို့တွင် ဒုံးကျည်ထိမှန်ခဲ့သော အဆောက်အအုံကို ဇွန် ၁၉ ရက်က တွေ့ရစဉ် (ဓာတ်ပုံ- JINI via Xinhua) ………………………………..
(Chinese Version)
美国白宫:特朗普将在“两周内”决定是否对伊朗动武
新华社纽约6月19日电(记者徐静)美国白宫新闻秘书卡罗琳·莱维特19日说,美国总统特朗普将在“接下来两周内”决定是否下令美军对伊朗发动打击。
莱维特当天在白宫记者会上宣读了特朗普的一份声明。特朗普在声明中说,美国“在不久的将来”与伊朗谈判或取消谈判的可能性都很大,“我将在未来两周内决定是否对伊朗发动打击”。莱维特重申,特朗普的立场是,伊朗不得拥有核武器,必须同美方达成协议,内容包括不进行铀浓缩活动。
莱维特还称,美国与伊朗的联络“仍在继续”。
路透社援引数名不愿公开姓名的中东国家外交官的话报道,自以色列13日对伊朗发动袭击以来,美国中东问题特使史蒂文·威特科夫和伊朗外交部长阿拉格齐多次通电话,以期通过外交方式结束这场危机。阿拉格齐在通话中表示,如果美国政府向以色列施压结束战争,伊方“可以在核问题上表现出灵活性”。报道还说,美方5月底曾向伊方提议,建立一个区域联盟,以在伊朗境外进行铀浓缩。双方就此简短讨论,伊朗拒绝这一提议。
据美国媒体报道,特朗普17日晚批准军方对伊朗的打击计划,但是推迟作出最终决定,以观察伊朗是否会放弃核项目。自17日以来,特朗普每天都在白宫战情室与他的国家安全团队会面。
另外,埃及外长阿卜杜勒阿提19日与欧盟外交与安全政策高级代表卡娅·卡拉斯通电话时,再次呼吁以色列和伊朗停止军事冲突,呼吁推动加沙地带停火,并强调谈判是就伊朗核项目达成可持续协议、避免中东地区陷入全面冲突的唯一途径。(完)
图说1:6月19日,在美国华盛顿白宫,白宫新闻秘书卡罗琳·莱维特出席记者会。新华社记者 胡友松 摄
图说:这是6月19日在以色列中部拉马特甘拍摄的在导弹袭击中被毁的建筑。新华社发(约西·泽利格尔摄/基尼图片社)