Connect with us

China

တရုတ်-တောင်အာရှ ကုန်စည်ပြပွဲက ဒေသတွင်း ပူးပေါင်းဆောင်ရွက်ရေး ဘုံအကျိုးထွန်းဖြစ်မှုအတွက် အခွင့်အလမ်းအသစ်များ ဆောင်ကြဉ်းပေးသည်ဟု နိုင်ငံအများအပြားမှ အစိုးရအဓိကအရာရှိများ ဆို

နဝမအကြိမ်မြောက် တရုတ်-တောင်အာရှ ကုန်စည်ပြပွဲ ဖွင့်ပွဲအခမ်းအနားကျင်းပရာနေရာကို ဇွန် ၁၉ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ကူမင်း၊ ဇွန် ၂၀ ရက် (ဆင်ဟွာ)
အချိန် ၆ ရက်ကြာ ကျင်းပမည့် နဝမအကြိမ်မြောက် တရုတ်-တောင်အာရှ ကုန်စည်ပြပွဲကို ဇွန် ၁၉ ရက်က တရုတ်နိုင်ငံ ကူမင်းမြို့တွင် ဖွင့်လှစ်ခဲ့သည်။

လက်ရှိ ရှုပ်ထွေးသော နိုင်ငံတကာပတ်ဝန်းကျင်တွင် တရုတ်နိုင်ငံက တရုတ်-တောင်အာရှ ကုန်စည်ပြပွဲစသည့် ပြပွဲအခမ်းအနားများ ကျင်းပခဲ့ရာ ဒေသတွင်း ပူးပေါင်းဆောင်ရွက်ရေး ဘုံအကျိုးထွန်းဖြစ်မှု၊ သာယာဝပြောဖွံ့ဖြိုးတိုးတက်မှုအတွက် အခွင့်အလမ်းအသစ်များ ဆောင်ကြဉ်းပေးခဲ့ပြီး ဒေသတွင်းနိုင်ငံများ စီးပွားကုန်သွယ်ရေး ကူးလူးဖလှယ်ရန်၊ နိုင်ငံအသီးသီး ပြည်သူများအား အကျိုးပြုရန် အားကောင်းစွာ မြှင့်တင်ပေးမည်ဖြစ်ကြောင်း အဆိုပါပြပွဲ ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်လာကြသော နိုင်ငံအများအပြားမှ အစိုးရအဓိကအရာရှိများက အမှာစကားတွင် ထောက်ပြခဲ့သည်။

ယခုအကြိမ် တရုတ်-တောင်အာရှ ကုန်စည်ပြပွဲ အဓိကကိုယ်စားပြုနိုင်ငံဖြစ်သော သီရိလင်္ကာနိုင်ငံ၏ ကုန်သွယ်ရေး၊ ကူးသန်းရောင်းဝယ်ရေး၊ စားနပ်ရိက္ခာဖူလုံရေးနှင့် သမဝါယမ ဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီး Wasantha Samarasinghe က တောင်အာရှ ကုန်စည်ပြပွဲက တရုတ်နှင့် တောင်အာရှနိုင်ငံအသီးသီး၏ ကူးလူးပူးပေါင်းဆောင်ရွက်မှုအား မြှင့်တင်ပေးသော အရေးပါသည့်ပလက်ဖောင်းဖြစ်ကြောင်း၊ ယင်းပလက်ဖောင်းမှတစ်ဆင့် တရုတ်နှင့် တောင်အာရှနိုင်ငံများအကြား ဆက်သွယ်မှုမှာ ပို၍ နီးကပ်လာမည်ဖြစ်ကြောင်း၊ အဓိကကိုယ်စားပြုနိုင်ငံဖြစ်သော သီရိလင်္ကာနိုင်ငံသည် ဤအခွင့်အရေးကို အပြည့်အဝအသုံးချကာ ကုန်သွယ်မှု၊ ရင်းနှီးမြှုပ်နှံမှု၊ ခရီးသွားနှင့်ယဉ်ကျေးမှုစသည့် ကဏ္ဍများတွင် တရုတ်နိုင်ငံနှင့် ကူးလူးဖလှယ်မှု၊ ပူးပေါင်းဆောင်ရွက်မှု တိုးချဲ့သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

တောင်အာရှ ကုန်စည်ပြပွဲသည် တရုတ်၊ တောင်အာရှနှင့် အာဆီယံ စီးပွားရေးနိုင်ငံများကြား အခွင့်အလမ်း အတူတကွမျှဝေခံစားသော၊ သဟဇာတဖြစ်သော၊ ရေရှည်တည်တံ့ပြီး အားလုံးပါဝင်နိုင်သော ဘုံဖွံ့ဖြိုတိုးတက်မှု အကောင်အထည်ဖော်သည့် အမှတ်သင်္ကေတဖြစ်ကြောင်း၊ ယခုအကြိမ် တောင်အာရှ ကုန်စည်ပြပွဲ၏ ခေါင်းစဉ်မှာ “စည်းလုံးညီညွတ်စွာ ပူးပေါင်းဆောင်ရွက်မှုနှင့် ဖွံ့ဖြိုးတိုးတက်ရေး အတူကြိုးပမ်းမှု” ဖြစ်ပြီး ယနေ့ကမ္ဘာကြီးသည် ကုန်သွယ်မှု ကိုယ်ကျိုးစီပွားကာကွယ်ရေးဝါဒ “ခေတ်ရေစီးကြောင်း နောက်ပြန်ဆန်တက်”သည့် အခြေအနေနှင့် ရင်ဆိုင်နေရချိန်တွင် ဤခေါင်းစဉ်မှာ ထူခြား၍ အရေးပါသည့် အနက်အဓိပ္ပာယ်ရှိကြောင်း ဗီယက်နမ် ဒုတိယဝန်ကြီးချုပ် Tran Hong Ha က အမှာစကားတွင် ပြောကြားခဲ့သည်။

လာအို ဒုတိယဝန်ကြီးချုပ် Kikeo Khaykhamphithoune က တောင်အာရှ ကုန်စည်ပြပွဲသည် လာအိုနိုင်ငံအပါအဝင် နိုင်ငံအသီးသီး၏ ကုမ္ပဏီလုပ်ငန်းများ၊ လုပ်ငန်းလည်ပတ်သူများအတွက် ကုန်သွယ်စီးပွားရင်းနှီးမြှုပ်နှံမှု၊ စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု၊ ဈေးကွက်ဆက်သွယ်ချိတ်ဆက်မှုစသည့် ကဏ္ဍများတွင် ကူးလူးပူးပေါင်းဆောင်ရွက်မှု အခွင့်အရေးများ ဖန်တီးပေးခဲ့သလို နိုင်ငံအသီးသီးအကြား အပြန်အလှန်နားလည်မှုနှင့် အပြန်အလှန်ယုံကြည်မှုရှိသော ချစ်ကြည်ရင်းနှီးသည့် ဆက်ဆံရေးထူထောင်မှုကိုလည်း တစ်ဆင့်တိုး တွန်းအားပေးမည်ဖြစ်ပြီး အစိုးရနှင့် ပုဂ္ဂလိကကုမ္ပဏီလုပ်ငန်းများ လင်းလက်တောက်ပ၍ ရေရှည်တည်တံ့မှုရှိသော အနာဂတ်ကို အတူတကွဖန်တီးတည်ဆောက်ရန် အားဖြည့်ကူညီခဲ့ကြောင်း ပြောကြားခဲ့သည်။

မြန်မာနိုင်ငံ ဒုတိယဝန်ကြီးချုပ်၊ နိုင်ငံတော်ဝန်ကြီးချုပ်ရုံး ပြည်ထောင်စုဝန်ကြီး တင်အောင်စန်းက မြန်မာနိုင်ငံ စီးပွားရေးနယ်ပယ်အတွက်ဆိုလျှင် တောင်အာရှ ကုန်စည်ပြပွဲသည် ရခဲလှသော အခွင့်အလမ်းဖြစ်ကြောင်း၊ တစ်နေရာတည်းတွင် နိုင်ငံအသီးသီး၏ ဒေသထုတ်ကုန်များဝယ်ယူရရှိနိုင်သလို မြန်မာနိုင်ငံထုတ်ကုန်များကိုလည်း တရုတ်ဈေးကွက်သို့ တိုက်ရိုက်ရောင်းချနိုင်ရာ မြန်မာနိုင်ငံနှင့် တောင်အာရှ၊ အာဆီယံနိုင်ငံများအကြား ပူးပေါင်းဆောင်ရွက်မှုလုပ်ဆောင်ရန် လမ်းကြောင်းအသစ် ဖွင့်လှစ်ပေးလိုက်ခြင်းလည်းဖြစ်ကြောင်း၊ ယခုအကြိမ် တောင်အာရှ ကုန်စည်ပြပွဲက မြန်မာ-တရုတ်၊ တရုတ်နှင့် တောင်အာရှ၊ အာဆီယံအကြား ကုန်သွယ်ရင်းနှီးမြှုပ်နှံရေး ပူးပေါင်းဆောင်ရွက်မှုအတွက် အရေးပါသော ပလက်ဖောင်းအခန်းကဏ္ဍမှ ကောင်းမွန်စွာ ပါဝင်ဆောင်ရွက်သွားကာ နိုင်ငံအသီးသီးပြည်သူများအား အကျိုးပြုမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

အာဖဂန်နစ္စတန်နိုင်ငံ ယာယီအစိုးရ ဝန်ကြီးချုပ် Abdul Salam Hanafi က မကြာသေးမီနှစ်များတွင် တောင်အာရှ ကုန်စည်ပြပွဲက ဒေသတွင်း ကုန်သွယ်စီးပွားရေးပူးပေါင်းဆောင်ရွက်မှု၊ ရင်းနှီးမြှုပ်နှံမှု ချဲ့ထွင်ရေး၊ စီးပွားရေးဆိုင်ရာ ဆွေးနွေးမှု တိုးချဲ့ဆောင်ရွက်ရေးအား နက်ရှိုင်းစေသော အရေးပါသည့် ပလက်ဖောင်းဖြစ်လာခဲ့ပြီး တောင်အာရှဒေသတွင်း မိတ်ဖက်ဆက်ဆံရေးတည်ဆောက်မှုအား ထိရောက်စွာ တွန်းအားပေးရုံသာမက နိုင်ငံအသီးသီးအကြား စီးပွားရေးချိတ်ဆက်မှုအား သိသိသာသာ ပို၍ အားကောင်းလာစေကြောင်း ပြောကြားခဲ့သည်။

မော်လ်ဒိုက် ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌ Ahmed Nazim က တောင်အာရှကုန်စည်ပြပွဲသို့ တက်ရောက်စဉ်တိုင်း ကုန်စည်ပြပွဲထဲ၌ တက်ကြွမှုစွမ်းအားများနှင့် ပြည့်နှက်နေသည်ကို ခံစားရကြောင်း၊ နိုင်ငံအသီးသီးက ဤပလက်ဖောင်းအား ကောင်းမွန်စွာ အသုံးချပြီး မိတ်ဖက်ဆက်ဆံရေးအသစ်များ ထူထောင်ကာ ခေတ်ရှေ့ပြေးအတွေးအခေါ်များ မျှဝေပြီး သာယာဝပြောသော၊ ကမ္ဘာကြီးအတွက် ငြိမ်းချမ်းစွာ ပူးပေါင်းဆောင်ရွက်မှု စံနမူနာအဖြစ် ရပ်တည်သော ဒေသ တည်ဆောက်ရန် မျှော်လင့်ကြောင်း ပြောကြားခဲ့သည်။ (Xinhua)

နဝမအကြိမ်မြောက် တရုတ်-တောင်အာရှ ကုန်စည်ပြပွဲတွင် အရှေ့တောင်အာရှ ပြခန်းကို ဇွန် ၁၉ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

………………
(Chinese Version)
综合消息丨多国政要说南博会为地区合作共赢提供新机遇
新华社昆明6月20日电(记者宿亮 赵珮然)为期6天的第9届中国—南亚博览会19日在云南昆明开幕。参加博览会开幕式的多国政要在致辞中指出,在当前复杂的国际环境下,中国举办南博会等展会活动,为地区合作共赢、繁荣发展提供了新机遇,将有力促进区域国家经贸往来、造福各国民众。
本届南博会主题国斯里兰卡贸易、商业、食品安全与合作发展部部长瓦桑塔·萨马拉辛哈表示,南博会是促进中国与南亚各国交流合作的重要平台,通过这一平台,中国与南亚国家之间的联系愈加紧密。作为主题国,斯里兰卡将充分利用这个机会,拓展与中国在贸易、投资、旅游与文化等方面的交流与合作。
越南副总理陈红河在致辞中表示,南博会是中国、南亚和东盟经济体之间共享机遇,实现和谐、可持续和包容性共同发展的象征。本届南博会主题是“团结协作,共谋发展”,在当今世界面临贸易保护主义“逆风”的背景下,这一主题具有特别重要的意义。
老挝副总理吉乔·凯坎皮吞表示,南博会为包括老挝在内的各国企业、经营者创造了在经贸投资、经营合作、市场联通等领域交流合作的机会,也将进一步推动各国之间建立相互理解和相互信任的友好关系,助力政府及民营企业共同创造光明且可持续的未来。
缅甸副总理兼政府总理办公室部长丁昂山说,对缅甸商界而言,南博会是难得的机遇,既能一站式采购各国特色产品,又能将缅甸产品直接销往中国市场,更为缅甸与南亚、东盟国家开展合作开辟了新渠道。本届南博会将发挥好推动缅中、中国与南亚以及东南亚之间贸易投资合作的重要平台作用,造福各国人民。
阿富汗临时政府代理副总理阿卜杜勒·萨拉姆·哈纳菲表示,近年来,南博会已成为本地区深化经贸合作、扩大投资、拓展经济对话的重要平台,不仅有效推动了南亚区域伙伴关系建设,更显著增强了各国间的经济纽带。
马尔代夫人民议会副议长艾哈迈德·纳齐姆表示,每次来到南博会都能感受到会场中洋溢的活力,期待各国利用好这一平台,建立新的伙伴关系,分享前沿思想,建设一个繁荣昌盛、为世界树立和平合作典范的地区。(完)
图说1:这是6月19日拍摄的第9届中国—南亚博览会开幕式现场。新华社记者 陈欣波 摄
图说2:这是6月19日拍摄的第9届中国—南亚博览会东南亚馆。新华社记者 胡超 摄