China
အမေရိကန်-ရုရှား သမ္မတများ ဖုန်းဖြင့်ဆက်သွယ်ကာ ရုရှား-ယူကရိန်း ပဋိပက္ခ စသည့် အရေးကိစ္စများ ဆွေးနွေး

လော့စ်အိန်ဂျလိစ်/မော်စကို၊ ဇွန် ၅ ရက် (ဆင်ဟွာ)
အမေရိကန် သမ္မတ ထရမ့်က ၎င်းအနေဖြင့် ဇွန် ၄ ရက်တွင် ရုရှား သမ္မတ ပူတင်နှင့် ၇၅ မိနစ်ကြာ ဖုန်းဖြင့် ဆက်သွယ်ဆွေးနွေးခဲ့ကြောင်း၊ နှစ်ဖက်က ရုရှား-ယူကရိန်း ပဋိပက္ခနှင့် အီရန် နျူကလီးယား အရေးကိစ္စတို့ကို ဆွေးနွေးခဲ့ကြောင်း လူမှုမီဒီယာ၌ ပြောကြားခဲ့သည်။ နှစ်နိုင်ငံခေါင်းဆောင်များက ဖုန်းဖြင့် ဆက်သွယ်ရာတွင် ယူကရိန်း အရေးကိစ္စနှင့် စပ်လျဉ်း၍ ဆက်လက်ထိတွေ့ဆက်ဆံရန် သဘောတူခဲ့ကြကြောင်း ရုရှားသမ္မတ လက်ထောက် Yuri Ushakov ကလည်း ထိုနေ့တွင် ပြောကြားခဲ့သည်။
ထရမ့်က ၎င်းနှင့် ပူတင်တို့သည် ရုရှား မဟာဗျူဟာ ဗုံးကြဲလေယာဉ်များအပေါ် ယူကရိန်း တိုက်ခိုက်မှုနှင့် ရုရှား-ယူကရိန်း နှစ်ဖက်က လုပ်ဆောင်နေသော “အပြန်အလှန် တိုက်ခိုက်မှု အမျိုးမျိုး” ကို ဆွေးနွေးခဲ့ကြောင်း ပြောကြားခဲ့သည်။ ပူတင်က “သဘောထား အလွန်ပြတ်သားစွာဖြင့်” ရုရှားလေဆိပ် တိုက်ခိုက်ခံရမှုအပေါ် တုံ့ပြန်သွားမည်ဟု ပြောကြားခဲ့သည်။ ထရမ့်က “ဒါက သိပ်ကောင်းတဲ့ ဖုန်းဆက်ဆွေးနွေးမှု ဖြစ်ပါတယ်။ ဒါပေမဲ့ ချက်ချင်းငြိမ်းချမ်းရေး သယ်ဆောင်လာနိုင်တဲ့ ဖုန်းဆက်မှုတော့ မဟုတ်ပါဘူး” ဟု ပြောကြားခဲ့သည်။
ထရမ့်က ၎င်းနှင့်ပူတင်တို့သည် အီရန်နျူကလီးယားအရေးလည်း ဆွေးနွေးခဲ့ကြောင်း၊ အီရန်အနေဖြင့် နျူကလီးယား လက်နက်အရေးကိစ္စနှင့် စပ်လျဉ်း၍ “အမြန်ဆုံး ဆုံးဖြတ်ချက်ချ” ရမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ ထရမ့်အနေဖြင့် ပူတင်နှင့် ၎င်းတို့သည် အီရန်က နျူကလီးယားလက်နက် မပိုင်ဆိုင်သင့် ဟူသည့်အရေးကိစ္စတွင် သဘောထားတူညီသည်ဟု ယူဆသည်။ ပူတင်က ၎င်းအနေဖြင့် အီရန်နှင့် ဆွေးနွေးမှုတွင် ပါဝင်မည်ဖြစ်ကြောင်း၊ “ကိစ္စအမြန်ဆုံး ရလဒ်ထွက်လာဖို့အတွက် အထောက်အကူပြုနိုင်လိမ့်မယ်” ဟုပြောကြားခဲ့ကြောင်း ထရမ့်က ဆိုခဲ့သည်။
Yuri Ushakov က နှစ်နိုင်ငံ သမ္မတများ ဖုန်းဖြင့်ဆက်သွယ်ဆွေးနွေးရာတွင် ရုရှား-ယူကရိန်းက မကြာသေးမီက တူကီယဲနိုင်ငံ အစ္စတန်ဘူလ်မြို့၌ ဆွေးနွေးညှိနှိုင်းမှုရလဒ်ကို အသေးစိတ်ဆွေးနွေးခဲ့ကြောင်း၊ ယခုအကြိမ် ဆွေးနွေးညှိနှိုင်းမှုသည် “အကျိုးရှိတယ်” ဟု ဆိုခဲ့ကြကြောင်း၊ ယူကရိန်း အရေးကိစ္စနှင့် စပ်လျဉ်း၍ ဆက်လက်ထိတွေ့ဆက်ဆံရန် သဘောတူကြကြောင်း ပြောကြားခဲ့သည်။ ယခုအကြိမ် ဖုန်းဖြင့် ဆက်သွယ်ဆွေးနွေးမှုတွင် ပူတင်နှင့် ယူကရိန်း သမ္မတ ဇယ်လန်းစကီးတို့ တွေ့ဆုံဆွေးနွေးမှု ဖြစ်နိုင်ခြေနှင့် ရုရှား-ယူကရိန်း စာချွန်လွှာမူကြမ်းအရေးကိစ္စတို့ကို ဆွေးနွေးခဲ့ခြင်းမရှိကြောင်း Yuri Ushakov က ပြောကြားခဲ့သည်။
ပူတင်က ဖုန်းဖြင့်ဆက်သွယ်ဆွေးနွေးရာတွင် ယူကရိန်းက ရုရှား-ယူကရိန်း တွေ့ဆုံဆွေးနွေးမှုကာလအတွင်း ရုရှား အရပ်ဘက်သုံးအဆောက်အဦများအား ရည်ရွယ်ချက်ရှိရှိ တိုက်ခိုက်ခဲ့မှုအကြောင်း ထည့်သွင်းပြောကြားခဲ့သည်ဟုလည်း Yuri Ushakov က ဆိုသည်။ ထိုကိစ္စနှင့်စပ်လျဉ်း၍ ထရမ့်က အမေရိကန်အနေဖြင့် ယူကရိန်းဘက်က ရုရှားလေဆိပ်အား တိုက်ခိုက်မည့်အစီအစဉ်ကို ကြိုတင်သိရှိမှု မရှိကြောင်း ပြောကြားခဲ့သည်။
ယခုအကြိမ် ဖုန်းဖြင့်ဆက်သွယ်ဆွေးနွေးမှုသည် အမေရိကန်-ရုရှား သမ္မတများအနေဖြင့် ယခုနှစ်အတွင်း စတုတ္ထအကြိမ်မြောက် ဆက်သွယ်မှုဖြစ်ကြောင်း၊ ၎င်းတို့နှစ်ဦးသည် မေ ၁၉ ရက်က နောက်ဆုံးတစ်ကြိမ် ဖုန်းဖြင့်ဆက်သွယ်ခဲ့ကြကြောင်း သတင်းဖော်ပြချက်အရ သိရသည်။ (Xinhua)
——————–
(Chinese Version)
美俄总统通话讨论俄乌冲突等问题
新华社洛杉矶/莫斯科6月4日电(记者黄恒 赵冰)美国总统特朗普4日在社交媒体上说,他当天与俄罗斯总统普京进行了长约75分钟的通话,双方讨论了俄乌冲突和伊朗核问题。俄总统助理乌沙科夫同日表示,两国领导人在通话中同意继续就乌克兰问题进行接触。
特朗普说,他与普京讨论了乌克兰对俄战略轰炸机的袭击,以及俄乌双方正在展开的“各种相互袭击”。普京“态度非常坚决地”表示将对俄机场遭袭事件作出回应。特朗普表示,“这是一次很好的通话,但并不是一次可以马上带来和平的通话”。
特朗普说,他与普京还讨论了伊朗核问题。伊朗必须就核武器问题“尽快做出决定”。他认为普京与他在伊朗不能拥有核武器这一问题上意见一致。特朗普还说,普京表示他将参与和伊朗之间的讨论,“或许可以帮助让事情迅速有个结果”。
乌沙科夫表示,两国总统在通话中详细讨论了俄乌日前在土耳其伊斯坦布尔谈判的成果,并称此次谈判“是有用的”,同意继续就乌克兰问题进行接触。乌沙科夫说,此次通话未提及普京与乌克兰总统泽连斯基会见的可能性及俄乌备忘录草案问题。
乌沙科夫还说,普京在通话中提到了乌克兰在俄乌谈判期间有针对性地袭击俄民用设施情况。特朗普就此表示,美方事先并不知道乌方计划袭击俄机场。
据报道,此次通话是美俄总统今年以来第四次通话。两人上一次通话是在5月19日。(完)
图说:这是2019年6月28日在日本大阪拍摄的参加G20峰会的美国总统特朗普(右)和俄罗斯总统普京。新华社/美联