Connect with us

China

တရုတ်နိုင်ငံသား ၇၄၀ ကျော် အီရန်နိုင်ငံမှ အဇာဘိုင်ဂျန်နိုင်ငံသို့ ရွှေ့ပြောင်း

အီရန်နိုင်ငံမှ Astara ကုန်းလမ်းနယ်စပ်ဂိတ်ကို ဖြတ်သန်း၍ အဇာဘိုင်ဂျန်နိုင်ငံအတွင်းသို့ ရွှေ့ပြောင်းလာသော တရုတ်နိုင်ငံသားများနှင့် လာရောက်ကြိုဆိုသော အဇာဘိုင်ဂျန်နိုင်ငံဆိုင်ရာ တရုတ်သံရုံးဝန်းထမ်းများ Astara နယ်စပ်ဂိတ်တွင် ဇွန် ၁၉ ရက်က အမှတ်တရဓာတ်ပုံ ရိုက်ကူးစဉ် (ဓာတ်ပုံ - အဇာဘိုင်ဂျန်နိုင်ငံဆိုင်ရာ တရုတ်သံရုံး)

ဗားကူး၊ ဇွန် ၂၁ ရက် (ဆင်ဟွာ)
ဒေသစံတော်ချိန် ဇွန် ၂၀ ရက် နေ့လယ် ၁၂ နာရီအထိ တရုတ်နိုင်ငံသား ၇၄၀ ကျော်သည် အီရန်နိုင်ငံမှ Astara ကုန်းလမ်းနယ်စပ်ဂိတ်ကို ဖြတ်သန်း၍ အဇာဘိုင်ဂျန်နိုင်ငံအတွင်းသို့ ရွှေ့ပြောင်းလာပြီဖြစ်ကြောင်း အဇာဘိုင်ဂျန်နိုင်ငံဆိုင်ရာ တရုတ်သံရုံးသတင်းအရ သိရသည်။

အဇာဘိုင်ဂျန်နိုင်ငံဆိုင်ရာ တရုတ်သံရုံးက ဇွန် ၁၇ ရက်တွင် ကောင်စစ်ရေးရာ သတင်းထုတ်ပြန်ချက် ထုတ်ပြန်၍ အီရန်နိုင်ငံမှ အဇာဘိုင်ဂျန်နိုင်ငံအတွင်းသို့ ပြည်ဝင်လာသူနှင့် အဇာဘိုင်ဂျန်နိုင်ငံတွင် ခရီးတစ်ထောက်နား၍ တရုတ်နိုင်ငံသို့ပြန်မည့် တရုတ်နိုင်ငံသားများအတွက် လိုအပ်သည့် ကူညီမှုများ ပံ့ပိုးပေးခြင်းကို တရားဝင်စတင်ခဲ့သည်။

ဇွန် ၁၇ ရက်တွင် တရုတ်နိုင်ငံသား ရာနှင့်ချီကာ အဇာဘိုင်ဂျန်နိုင်ငံနှင့် အီရန်နိုင်ငံနှင့် ထိစပ်ရာ Astara နယ်စပ်ဂိတ်မှ အဇာဘိုင်ဂျန်နိုင်ငံအတွင်းသို့ ပြည်ဝင်လာခဲ့သည်။ ဇွန် ၂၀ ရက် နေ့လယ် ၁၂ နာရီအထိ တရုတ်နိုင်ငံသားပေါင်း ၇၄၆ ဦး အီရန်နိုင်ငံမှ အဇာဘိုင်ဂျန်နိုင်ငံသို့ ရွှေ့ပြောင်းလာခဲ့ပြီးဖြစ်သည်။

အဇာဘိုင်ဂျန် တရုတ်နွယ်ဖွားများအသင်း၏ အကူအညီဖြင့် အဇာဘိုင်ဂျန်နိုင်ငံသို့ ပြည်ဝင်လာသော တရုတ်နိုင်ငံသားများသည် ဗားကူးမြို့သို့ ဘတ်စ်ကားဖြင့် တစ်စုတစ်စည်းတည်းလိုက်ပါကာ ဟိုတယ်၌ ဝင်ရောက်တည်းခိုခြင်း သို့မဟုတ် ချက်ချင်းလေယာဉ်ပျံလက်မှတ်ဝယ်၍ တရုတ်နိုင်ငံသို့ပြန်ခြင်းများ လုပ်ဆောင်ခဲ့သည်။

လက်ရှိတွင် Astara နယ်စပ်ဂိတ်၌ အီရန်နိုင်ငံမှ အဇာဘိုင်ဂျန်နိုင်ငံသို့ ဆက်လက်ပြည်ဝင်လာသည့် တရုတ်နိုင်ငံသားများ ရှိနေဆဲဖြစ်ကြောင်း၊ နယ်စပ်ဂိတ်ရှိ သံရုံးအလုပ်အဖွဲ့က ၎င်းတို့အတွက် လိုအပ်သည့်အကူအညီအားလုံး ထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း သံရုံးဘက်က ပြောကြားခဲ့သည်။ (Xinhua)

အီရန်နိုင်ငံမှ Astara ကုန်းလမ်းနယ်စပ်ဂိတ်ကို ဖြတ်သန်း၍ အဇာဘိုင်ဂျန်နိုင်ငံအတွင်းသို့ ရွှေ့ပြောင်းလာသော တရုတ်နိုင်ငံသားများ၊ လာရောက်ကြိုဆိုသော အဇာဘိုင်ဂျန်နိုင်ငံဆိုင်ရာ တရုတ်သံရုံးဝန်းထမ်းများနှင့် အဇာဘိုင်ဂျန် တရုတ်နွယ်ဖွားများ အသင်းကိုယ်စားလှယ်တို့ Astara နယ်စပ်ဂိတ်တွင် ဇွန် ၁၇ ရက်က အမှတ်တရဓာတ်ပုံ ရိုက်ကူးစဉ် (ဓာတ်ပုံ – အဇာဘိုင်ဂျန်နိုင်ငံဆိုင်ရာ တရုတ်သံရုံး)

—————————
(Chinese Version)
逾740名中国公民自伊朗撤至阿塞拜疆
新华社巴库6月20日电(记者钟忠)据中国驻阿塞拜疆使馆消息,截至当地时间20日12时,已有逾740名中国公民从伊朗经阿斯塔拉口岸撤至阿塞拜疆境内。
中国驻阿塞拜疆使馆17日发布领事消息说,正式启动为从伊朗入境阿塞拜疆和经阿塞拜疆转机回国的中国公民提供必要协助。17日当天,逾百名中国公民从阿塞拜疆与伊朗接壤的阿斯塔拉口岸入境阿塞拜疆。截至20日中午12时,已有746名中国公民自伊朗撤到阿塞拜疆。
在阿塞拜疆华侨华人协会协助下,入境阿塞拜疆的中国公民统一乘坐大巴到巴库入住酒店,或当即购买机票回国。
使馆表示,目前在阿斯塔拉口岸仍有中国公民陆续从伊朗入境阿塞拜疆,在口岸的使馆工作组将为他们提供一切必要帮助。(完)
1、6月19日,从伊朗经阿斯塔拉陆路口岸撤入阿塞拜疆境内的中国公民与前来接应的中国驻阿塞拜疆使馆工作人员在阿斯塔拉口岸合影留念(手机照片)。新华社发(中国驻阿塞拜疆使馆供图)
2、6月17日,从伊朗经阿斯塔拉陆路口岸撤入阿塞拜疆境内的中国公民与前来接应的中国驻阿塞拜疆使馆工作人员及阿塞拜疆华侨华人协会代表在阿斯塔拉口岸合影留念(手机照片)。新华社发(中国驻阿塞拜疆使馆供图)