Connect with us

International Organizations

အမေရိကန်က အီရန်ကို တိုက်ခိုက်ခြင်းက “အဆုံးမရှိ” သည့် လက်တုံ့ပြန်မှု သံသရာဖြစ်စေနိုင်ကြောင်း ဂူတာရက်စ် ပြောကြား

အမေရိကန်နိုင်ငံ နယူးယောက်မြို့ရှိ ကုလသမဂ္ဂရုံးချုပ်၌ ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ် ဂူတာရက်စ် (အရှေ့အလယ်) က အီရန်နျူကလီးယားအဆောက်အဦများအား အမေရိကန် တိုက်ခိုက်ခြင်းနှင့်စပ်လျဉ်းသည့် ဇွန် ၂၂ ရက် လုံခြုံရေးကောင်စီ၏ အရေးပေါ် တံခါးဖွင့်အစည်းအဝေးတွင် ဆွေးနွေးပြောကြားခဲ့သည်ကို တွေ့ရစဉ် (ဆင်ဟွာ)

ကုလသမဂ္ဂ၊ ဇွန် ၂၃ ရက် (ဆင်ဟွာ)
အီရန်နျူကလီးယားအဆောက်အဦများအား အမေရိကန် တိုက်ခိုက်ခြင်းနှင့်စပ်လျဉ်းသည့် ဇွန် ၂၂ ရက် လုံခြုံရေးကောင်စီ၏ အရေးပေါ် တံခါးဖွင့်အစည်းအဝေးတွင် ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ် ဂူတာရက်စ်က အခြေအနေများသည် “အဆုံးမရှိ” သည့် လက်တုံ့ပြန်မှုသံသရာတွင်းသို့ ရောက်ရှိစေနိုင်ကြောင်း သတိပေးပြောကြားခဲ့သည်။ အီရန်နျူကလီးယားအရေးအား နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းရန် ၎င်းက တိုက်တွန်းပြောကြားခဲ့သည်။

ဂူတာရက်စ်က ၎င်းသည် “ငြိမ်းချမ်းရေးအတွက် အခွင့်အရေးတစ်ခုပေးရန်” အစ္စရေး-အီရန် ပဋိပက္ခနှင့်စပ်လျဉ်း၍ ကျင်းပသည့် လုံခြုံရေးကောင်စီ၏ ဇွန် ၂၀ ရက် အရေးပေါ် တံခါးဖွင့်အစည်းအဝေးတွင် တိုက်တွန်းပြောကြားခဲ့ရာ ထို့အပေါ် သက်ဆိုင်ရာက ဂရုပြုနားလည်မှုမရှိကြသည်မှာ ထင်ရှားကြောင်း ပြောကြားခဲ့သည်။

အမေရိကန်က အီရန်နျူကလီးယားအဆောက်အဦများကို တိုက်ခိုက်ခြင်းသည် မူလက ကစဉ့်ကလျားဖြစ်နေသည့် ဒေသတွင်းအခြေအနေ၏ “အန္တရာယ်အချိုးအကွေ့” ကို ကိုယ်စားပြုကြောင်း ၎င်းက ပြောကြားခဲ့သည်။

နိုင်ငံတကာအသိုက်အဝန်းအနေဖြင့် ချက်ချင်း ပြတ်သားစွာ လှုပ်ရှားဆောင်ရွက်ရမည် ဖြစ်ကာ စစ်ပွဲရပ်တန့်ရေး၊ ဆွေးနွေးညှိနှိုင်းရေး တွန်းအားပေးရမည်ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။
လုံခြုံရေးကောင်စီနှင့် ကုလသမဂ္ဂအဖွဲ့ဝင်အားလုံးသည် ဆင်ခြင်တုံတရားဖြင့် ထိန်းထိန်းသိမ်းသိမ်း အရေးတကြီးဂရုပြုသည့်အနေအထားဖြင့် လှုပ်ရှားဆောင်ရွက်ကာ ငြိမ်းချမ်းရေး ကြိုးပမ်းကြရန် ၎င်းက တိုက်တွန်းပြောကြားခဲ့သည်။ (Xinhua)

——————–
(Chinese Version)
古特雷斯:美国打击伊朗可能导致循环报复的“无底洞”
新华社联合国6月22日电(记者尚绪谦)联合国秘书长古特雷斯22日在安理会就美国打击伊朗核设施召开的紧急公开会上警告,局势可能进入循环报复的“无底洞”。他敦促通过外交途径解决伊朗核问题。
古特雷斯说,他20日在安理会就以色列与伊朗冲突举行的紧急公开会上呼吁“给和平一个机会”,有关方面显然没有理会。美国打击伊朗核设施标志着本已动荡的地区局势的“危险转折”。
他说,国际社会必须立即采取果断行动,止战促谈。他敦促安理会和联合国所有会员国以理性、克制、有紧迫感的姿态行动起来谋求和平。(完)
1. 6月22日,在位于纽约的联合国总部,联合国秘书长古特雷斯(前中)在安理会就美国打击伊朗核设施召开的紧急公开会上发言。新华社记者 谢锷 摄